Sunday, October 19, 2014

"မလိုအပ်ပဲ တစ်ရက်မျှပို၍ အာဏာ ယူထားမည် မဟုတ်" ဟု ထိုင်းစစ်အာဏာသိမ်း ဝန်ကြီးချုပ် ပရာယွတ် ပြောကြား

ASEM နိုင်ငံတကာဆွေးနွေးပွဲသို့ ပထမဆုံး တက်ရောက်မှုအဖြစ် အီတလီနိုင်ငံ ၊ မီလန်တွင် ၂ ရက်ကြာ ကျင်းပသည့် ၁၀ ကြိမ်မြောက် အာရှ-ဥရောပ ဆွေးနွေးပွဲသို့ တက်ရောက်လာသူ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ အတွက် မေလ စစ်အာဏာ သိမ်းမှုမှာ ပြဿနာတစ်ရပ်ဖြစ်လျက် ရှိသည်။

ပရာယွတ် အား ထောက်ခံသူအချို့ က ကြိုဆိုခဲ့သော်လည်း ကန့်ကွက် ဆန္ဒပြမှု များနှင့် ကြုံတွေ့ခဲ့ရသည်။


ဗိုလ်ချုပ်ကြီးပရာယွတ် က ဥရောပရှိ ထိုင်းစီးပွားရေးသမားများနှင့် တွေ့ဆုံရာ တွင် ၎င်းသည် သတ်မှတ်ထားသည့် အချိန်ထိသာ အာဏာရယူထားမည်ဖြစ်ပြီး အစိုးရ သစ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များ ဆက်လက်လုပ်ဆောင် သွားစေမည်ဟု ပြောကြားခဲ့သည်။

"ကျွန်တော်နုတ်ထွက်ဖို့အသင့်ရှိပါတယ်။ နုတ်ထွက်ဖို့ နေ့တိုင်းတွေးမိပေမဲ့ ထိုင်းပြည်သူတွေ ဒုက္ခရောက်မှာ စိုးရိမ်တဲ့ အတွက် မလုပ်နိုင်ပါဘူး။ ဒီနေရာမှာ သတ်မှတ်ထားတာထက် တစ်ရက် တောင် ပိုမနေချင်ပါဘူး" ဟုပြောကြား ခဲ့သည်။

၎င်းက ဆက်လက်ပြီး "အခု နေ့တိုင်း တိုက်ခိုက်နေရပါတယ်။ အိမ်မှာ ရှိနေရင် ဇနီးနဲ့ အငြင်းပွား ရပါတယ်။ အချို့ကိစ္စတွေ ကျွန်တော် ဘာလို့ မလုပ်လဲလို့ သူက မေးပါတယ်။ အချို့ အရာတွေကို ကျွန်တော်လုပ်နိုင်စွမ်း မရှိဘူးလို့ ပြန်ဖြေ လိုက်ပါတယ်။ အ ဆုံးသတ်မှာ ကျွန်တော်လည်း စိတ်ညစ်ရသလို အားလုံး စိတ်ညစ်ရပါတယ်" ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က စစ်အာဏာသိမ်းမှု မှာ နိုင်ငံရေး မတည်ငြိမ်မှုများအား ကျော် လွှားရန်နှင့် တိုင်းပြည်အား ပြည်တွင်း စစ်ဖြစ်မည့် အန္တရာယ်မှ ကာကွယ်ရန် မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရခြင်းဖြစ် သည်ဟု ပြော ကြားခဲ့သည်။

KHTun

Ref - AP

The Ladies News Journal

 

No comments:

Post a Comment