Monday, October 20, 2014

မြန်မာပြည် သယံဇာတ တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေး တွန်းအားပေးရန် အိုဘားမားကို အမေရိကန်အမတ်များ တောင်းဆို

အိုဘားမား မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်သည့်အခါ သယံဇာတ တူးဖော်မှု လုပ်ငန်းများတွင် ပွင့်လင်း မြင်သာမှုရှိရေး တွန်းအားပေးရန် အမေရိကန် အမတ်များက တောင်းဆို လိုက်သည်။ မြန်မာအစိုးရက နိုင်ငံ အတွင်းရှိ ပွင့်လင်းမြင်သာမှုမရှိသော သတ္တုတွင်း၊ ရေနံနှင့် သဘာဝ ဓာတ် ငွေ့လုပ်ငန်းများတွင် ပိုမိုပွင့်လင်းမြင် သာမှုရှိစေရေး ဆောင်ရွက်မည်ဟု ကတိပြု ထားသော်လည်း ထိုကတိ များတည်ရန် လုပ်ဆောင်နိုင်ဖွယ်မရှိ ဟု သတိပေးမှုများလည်း ရှိသည်။
ထိုကတိအတိုင်း ဆောင်ရွက်နိုင်ရေး အတွက် အမေရိကန် အစိုးရသည် အ ဓိကပံ့ပိုးသူဖြစ်ပြီး ရှေ့လတွင်လာ ရောက်မည့် အိုဘားမား၏ ခရီးစဉ် သည် မြန်မာနိုင်ငံတွင် ပြောင်းလဲမှု များဖြစ်ပေါ်လာစေ ရန် အခွင့်အလမ်း ကောင်းဖြစ်သည်ဟုဆိုသည်။ မြန်မာ နိုင်ငံတွင် သယံဇာတ လုပ်ငန်းနှင့်ပတ် သက်သည့် ဥပဒေရေးရာပြောင်းလဲမှု များ ပြုလုပ်နေသော် လည်း ပွင့်လင်း မှုမရှိဘဲ အချက်အလက်အနည်းငယ် သာသိရသည်။

သယံဇာတထုတ်ယူရေးနှင့် ဝင် ငွေဆိုင်ရာ အချက်အလက်များအား ပြည်သူများ မှန်မှန်ကန်ကန် သိခွင့် ရခြင်းက သယံဇာတကြွယ်ဝမှုအား တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အသုံး ပြုရန် ပိုမိုသေချာစေသည်ဟုဆိုသည်။ အမေရိကန်အမတ် ၁၆ ဦးက သမ္မတ အိုဘားမားထံ အင်္ဂါနေ့က ပေးပို့ခဲ့ သည့်စာတွင် ]ပွင့်လင်းမြင်သာ မှုနှင့် ကောင်းမွန်သည့် အုပ်ချုပ်မှုဖြစ်ရန် ကတိပြုထားသော်လည်း မြန်မာနိုင် ငံ၏ သယံဇာတများစီမံခန့်ခွဲမှုနှင့်ပတ် သက်သည့် ဆုံးဖြတ်မှုများအား လူ ထုက သိခွင့်နည်းပါးလျက်ရှိသည်} ဟု ဖော်ပြထားသည်။

ထိုစာအား ရီ ပတ်ဘလစ်ကန်နှင့် ဒီမိုကရက် ၂ ပါတီလုံးကထောက်ခံခဲ့သည်။

မြန်မာ့သယံဇာတလုပ်ငန်းကဏ္ဍ နှင့် ချမ်းသာသည့်နိုင်ငံများအဖွဲ့ G8 တို့ မနှစ် က မိတ်ဖက်ဖွဲ့နိုင်ရန် အမေ ရိကန်က ဆောင်ရွက်ခဲ့ပြီး ပိုမိုပွင့်လင်း မြင်သာမှု ရှိရန် တောင်းဆိုခဲ့သည်။ လုပ်ငန်းများမှ အမှန်တကယ်အကျိုး အမြတ်ရသူများ ကိုဖော်ပြရန် တောင်း ဆိုခဲ့သည်။ မြန်မာနိုင်ငံရှိ ကုန်းတွင်း နှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ကွက် ၃၆ ခုအား ဩဂုတ်လ အတွင်း က ပြည်တွင်းပြည်ပကုမ္ပဏီ ၄၆ ခုသို့ လုပ်ကိုင်ခွင့်ကန်ထရိုက် လက်မှတ်ထိုး ခွင့်ပြု ခဲ့သည်။ ထိုကန် ထရိုက်စာချုပ်များ၏ အချက်အလက် အများစုကို သိရခြင်း မရှိသည့်အပြင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီအများ အပြား၏ ပိုင်ရှင်အမည်ကို မသိရပေ။

EITI သို့ မြန်မာနိုင်ငံ ဝင်ရောက်ရန် လျှောက်ထားချိန်တွင် နိုင်ငံတကာစောင့် ကြည့်ရေးအဖွဲ့ ဂလိုဘယ် ဝစ်နက်စ်က မြန်မာသယံဇာတလုပ်ငန်းရှိ ကုမ္ပဏီများ အား အမှန်တကယ် ထိန်းချုပ်နေသူ၊ အကျိုးကျေးဇူးရရှိ နေသူများ၏ သတင်း အချက်အလက် များကို လေ့လာခဲ့သည်။ ရေနံနှင့်သ ဘာဝဓာတ်ငွေ့ လုပ်ကွက် များ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ ၃ ခုသာ အချက်အလက် များရှိသည်ဟုဆိုသည်။ အချက်အ လက်နှင့်ပတ်သက်၍ ကုမ္ပဏီများ အား တိုက်ရိုက်မေးမြန်းပြီးနောက် တွင် အချက်အလက်အသေးစိတ်ကို ထုတ်ပြန်ပေး သည့် ကုမ္ပဏီများ ပို များလာသည်ဟု ဂလိုဘယ်ဝစ်နက်စ် ၏ ပြီးခဲ့သည့် ရက်သတ္တပတ်ကထုတ် ပြန်သော အစီရင်ခံစာတွင်ဖော်ပြ သည်။ ကုမ္ပဏီများမှာ အမှန်တကယ် အကျိုးအမြတ်ရရှိသူသည် နိုင်ငံရေး အရ အရေးပါသူဟုတ်၊ မဟုတ် ကိုပါ မေးမြန်းခဲ့သည်ဟုဆိုသည်။

ရရှိသည့် အချက်အလက်များကို အတည်ပြုရန်လိုအပ်နေပြီး ကုမ္ပဏီ ၁၈ ခုက အချက်အလက်များပေး အပ်ရန် ငြင်းဆန်ထားသည်ဟု ဂလို ဘယ်ဝစ်နက်စ် က ဆိုသည်။ အဖွဲ့၏ တောင်းဆိုမှုအပေါ် ကုမ္ပဏီများ၏ တုံ့ပြန်မှုမှာ နိုင်ငံတကာ နမူနာ စံနှုန်း ဖြစ်လာသည်ဟုဆိုသည်။ ]ဒါဟာ ဒေသတွင်းမှာသာ အရေးပါတာ မ ဟုတ်ဘဲ ပွင့်လင်းမြင်သာမှု နိုင်ငံတကာစံနှုန်းအဖြစ် မြန်မာနိုင်ငံကို ရောက် ရှိစေမှာပါ။ ဒါဟာ ကုမ္ပဏီတွေက ပိုင်ရှင်အစစ်အမှန်ကို ပထမဆုံးစနစ်တကျ ထုတ်ဖော်ကြေညာတာဖြစ်ပါတယ်ဟု ဂလိုဘယ်ဝစ်နက်စ်မှ ဂျူ မန်ကပ်ဘာ က ဆိုသည်။

ကုမ္ပဏီတွေ ဟာ ပိုင်ရှင်အစစ်အမှန်ဘယ်သူဆို တာကြေညာဖို့ ဖိအားပေးနိုင် တယ်ဆိုတာ တွေ့ရပါတယ်။ အခု ဒီလို ဖိအား ပေးပြီး ရေနံ သဘာဝ ဓာတ်ငွေ့နဲ့ သတ္တု တွင်းလုပ်ငန်းကုမ္ပဏီတွေရဲ့ ပိုင်ရှင် အစစ်အမှန်ကို လူထု သိအောင်လုပ် ဖို့က မြန်မာအစိုးရအပေါ်မှာပဲ မူတည် ပါတယ်} ဟု ၎င်းက ထပ်လောင်း ပြော ကြားခဲ့သည်။

ကုမ္ပဏီအချို့၏ လက်ရှိ အချက်အလက်ဖော်ပြ မှုမှာ EITI ၏ အခြေခံမူနှင့် ကိုက်ညီ မှုမရှိ ဘဲ ပွင့်လင်းမြင်သာရေးအစိုးရ၏ကတိ မှာ အားနည်းလျက် ရှိသည် ဟု သတိ ပေးမှုများလည်းရှိသည်။ ကုမ္ပဏီများမှာ အမှန်တကယ် အကျိုးအမြတ်ရသူမှာ အရေးကြီးဆုံးကိစ္စရပ်ဟုတ်၊ မဟုတ်ကိုလည်း သဘောထား ကွဲလွဲလျက်ရှိ သည်။

KHTun

The Ladies News Journal

 

No comments:

Post a Comment