ဆောင်းပါး - ဆောင်းဝင်းလတ်
--------
လက်ရှိအုပ်ချုပ်နေတဲ့ ကြံ့ဖွံ့ပါတီဝင်အ များစုကိုယ်စားပြု နေပြည်တော်
အခြေစိုက် အစိုးရ ဆိုတဲ့ လူတန်းစားတစ်ရပ်ရဲ့ ထုတ်ပြန် စာရင်း မှာ မြန်မာ
တစ်နိုင်ငံလုံး အနေအထား အရ အလုပ်လုပ်ကိုင်နိုင်တဲ့ လူအရေအတွက် ၃၇ သန်း
ရှိပါတယ်တဲ့။ ဒါပေမဲ့ တကယ် အ လုပ်လုပ်နေတာက ၃၂ သန်း ရှိတယ်လို့ ဆိုပါ တယ်။
အဲဒီ့ ၃၂ သန်းမှာ မြန်မာပြည်ရဲ့ မိရိုး ဖလာ လယ်ယာ လုပ်ငန်းခွင် ဝင်နေကြတဲ့ အ
ရေအတွက်ကတော့ အများဆုံးပါပဲ။ စုစုပေါင်း ၆၀ .၄ ရာခိုင်နှုန်း ရှိတယ်လို့
သိရပါတယ်။ စက်မှုလက်မှုနဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်နေကြ တာက
ရာခိုင်နှုန်းအနေနဲ့ဆိုရင် ၄ ရာခိုင်နှုန်းရှိပါတယ်တဲ့။
ဝန်ဆောင်မှု
လုပ်ငန်း တွေလုပ်နေကြတာကတော့ ၂၀ .၅ ရာခိုင် နှုန်းရှိပြီး ကျန်တဲ့
တချို့ရာခိုင်နှုန်းကတော့ နိုင်ငံရပ်ခြား ရေခြားမြေခြားသွားပြီး ရွှေ့ပြောင်း
အလုပ်သမားဘ၀နဲ့ ရုန်းကန်နေကြရတဲ့ လူ တန်းစားတွေပဲလို့ သိလိုက်ရ ပါတယ်။
လူဦး ရေကလည်း တစ်နှစ်ကို ၁ ရာခိုင်နှုန်းလောက် တိုးနေပေမယ့် ဆုတ်ယုတ်မှု
လက္ခဏာကတော့ အလုပ်လက်မဲ့ပြဿနာပါပဲ။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်
လုပ်ကိုင်ရခက်ပြီး ဘာလုပ် ကိုင်စားရမှန်းမသိတဲ့ ငါးသန်းကျော် ကလည်း
ရှိနေတယ်။ နှစ်စဉ်နှစ်တိုင်းမှာလည်း အလုပ် လက်မဲ့တွေရဲ့နှုန်းက လူဦးရေ
တိုးသလို တိုး လာနေတာ၊ နှစ်စဉ်နှစ်တိုင်း ၁ သန်းလောက် ရှိတယ်လို့ သိရပါတယ်။
တကယ်တော့ ကိုယ့် ရဲ့ပြည်တွင်းမှာ မြေတွေ အသိမ်းခံရလို့
ဘာလုပ်စားရမှန်း မသိဘဲ လူမှောင်ခိုအကူး ခံလိုက်ရတဲ့သူတွေလည်း ရှိနေတယ်။
ငါးဖမ်း တဲ့ အလုပ်နဲ့ရပ်တည်ခဲ့တဲ့ ရေလုပ်သားတချို့ တောင်မှ
သက်ဆိုင်ရာနယ်မြေဒေသ အုပ်ချုပ် သူလူတန်းစားက မျှမျှတတ ဆုံးဖြတ်ချက်ချ
မပေးဘဲ၊ ငွေများရာ မျက်နှာ လိုက်ပြီး၊ ငါးဖမ်း လုပ်ငန်းကို
ငွေရင်းကြီးကြီးမားမားကိုင်ထား တဲ့ လက်ဝါးကြီးအုပ်ချင်သူတွေနဲ့ လာဘ်ပေး လာဘ်ယူ ပုံစံခွက်ဟောင်းကြီးထဲမှာပဲ တဝဲ လည်လည်ရှိနေကြသေးတာကြောင့်၊
စိတ် ဓါတ်ကျဆင်းပြီး တစ်နယ် တစ်ကျေးကို ရရာ အလုပ်
ကျပန်းလုပ်ကိုင်စားကြဖို့ ကိုယ့်ရွာကိုယ့် နေရာက ထွက်ခွာသွားကြသူတွေလည်း
ရှိ နေပြီဖြစ်ပါတယ်။
မြန်မာပြည်ထဲကို ပြည်ပ က ရင်းနှီးမြှုပ်နှံတဲ့သူတချို့ဝင်လာလို့
ကိုယ့် ပြည်တွင်း က၊ စက်ရုံအလုပ်ရုံတွေမှာ ဝင်လုပ် ကိုင်စားသောက်ဖို့ဆိုတာ
လည်း ပြည်ပနိုင်ငံ တွေ မှာပေးတဲ့ အလုပ်သမားတစ်ယောက်ရဲ့ အခြေခံလစာနဲ့
အခုမြန်မာပြည်မှာ ပြည်တွင်း အလုပ်ရှင်တွေက အလုပ်သမားတွေ ကိုပေး နေ တဲ့
အခြေခံလစာလုပ်အားခဟာ တော် တော်ကွာခြားနေပြန်တယ်။ ဒါကြောင့် လည်း ပြည်တွင်းက
စက်ရုံအလုပ်ရုံ လုပ်ငန်းတချို့ မှာ၊ သပိတ်စခန်းတွေ၊ ဆန္ဒပြ တာတွေ အ
လုပ်ရှင်အလုပ်သမားပြဿနာတွေဟာ ရှိနေ တုန်းပါပဲ။
အနိမ့်ဆုံးလုပ်အားခလေးတောင်မှ အိမ်နီးနားချင်း ပြည်ပနိုင်ငံတွေနဲ့ တန်းတူ မသတ်မှတ်ပေးနိုင်သေးဘူးဆိုရင်တော့
အခုလို သူများတကာ ဆီမှာ သွားပြီး အောက်ကျခံအလုပ် လုပ်နေကြရဦးမှာပဲဖြစ်တယ်။
အနှိမ်ခံနေကြ ရဦးမှာ ပဲဖြစ်တယ်။ သူဌေးတိုင်းပြည်ကနှိမ် တာကို
ဆင်းရဲသားတိုင်းပြည်က အနှိမ်ခံ ရ တာ ကြာပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင်
ထိုင်း ဆိုရင် မြန်မာ အလုပ်သမားတွေကို တော် တော်များများ အထက်စီးကပဲ
ဆက်ဆံနေတာ ကြာပြီပဲလေ။ ထိုင်းမှာ အလုပ်သမားတစ် ယောက်ရဲ့ အခြေခံလစာဟာ ဘတ်
၃၀၀ ဆို ပေမဲ့ ကျွန်တော်တို့ဆီက အခက်အခဲအတား အဆီးပြဿနာပေါင်းစုံကြား ကနေ
မျက်နှာ ငယ်ခံပြီး သူတို့ဆီကိုရောက်အောင်သွားကြ
လုပ်ကိုင် စားသောက်နေကြရရှာတဲ့ မြန်မာအ လုပ်သမားတွေကိုကျတော့ သတ်မှတ်နှုန်း
အ တိုင်း ပြည့်ပြည့်၀၀မပေးတဲ့ နှိမ့်ချခွဲခြားဆက် ဆံခံနေရတာတွေလည်း ရှိခဲ့
တာကြာခဲ့ပါပြီ။
ပြီးတော့ ထိုင်းအာဏာပိုင်တွေက ရှောင်တ
ခင်ဝင်ဖမ်းတာ၊ ပိုက်ဆံတောင်း သလောက် ပေးနိုင်မှ ပြန်လွှတ်ပေးတာတွေလည်း ရှိနေ
တုန်းပါပဲ။ ထိုင်း မှာ နိုင်ငံရေး မတည်ငြိမ်တာ တွေရှိခဲ့တာတော့ မှန်ပါတယ်။
လောလော ဆယ် လည်း သူတို့ဆီမှာ စစ်တပ်က အာဏာ သိမ်းထားတာလည်း မှန်ပါတယ်။
ဒါပေမဲ့ ကျွန် တော်တို့ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် သူ
တို့နိုင်ငံက ချမ်းသာ တယ်။ ကြွယ် ၀တယ်။ အခု မကြာသေးခင်ကပဲ သူတို့က ရော်ဘာ
ကုန်ကြမ်း တန်ချိန် တစ်သိန်းကျော် ကို တင်ဒါခေါ်ပြီးရောင်း လိုက်တော့
နိုင်ငံတကာ မှာ ရှိတဲ့ ရော်ဘာဈေးအတိုင်းပဲ၊ ကျွန်တော် တို့မြန်မာပြည်ထဲက
ရော်ဘာဈေးတွေ ပါ ထိုး ကျသွားတယ်။ မွန်ပြည်နယ်ထဲမှာ ဆိုရင် ကျွန်
တော့်မိတ်ဆွေ တချို့ ဟာ ရော်ဘာခြံလုပ်ငန်း လုပ်နေကြတာ။း အခု သူတို့ရော
သူတို့နဲ့ဆက် နွယ် ပတ်သက်နေတဲ့ ရော်ဘာခြံအလုပ်သမား မိသားစုတွေကို လုပ်ငန်း
အခြေအနေတွေ ကျဆင်း ယိုင်နဲ့တဲ့ဒဏ်ကို ခံနေကြရတယ်။ နိုင်ငံတကာ မှာ
ရော်ဘာဈေးနှုန်းက တစ်တန် ကို အမေရိကန်လာ ၁၆၀၀ နဲ့ ၁၇၀၀ ကြား မှာ
ပေါက်ဈေးရှိပေမယ့် ကျွန်တော်တို့မြန်မာ့ ရေမြေ ရော်ဘာခြံတွေ က ရော်ဘာဈေးဟာ
တစ်ပေါင်ကို မြန်မာငွေကျပ် ၆၀၀ နှုန်းပဲရှိ တော့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ သူ့စီးပွားရေးနဲ့သူ အစဉ်အဆက်ချမ်းသာလာ တဲ့ သာဓက
တစ်ခုပြောရရင် သူတို့ဆီမှာ ကမ္ဘာ့ အကြီးဆုံးလို့ဆိုရမယ့် ၅၄၅ .၆၇ ကာရက်ရှိ
တဲ့ စိန်တုံးကြီးလည်း ရှိနေပါတယ်။ ပြီးတော့ သူတို့နိုင်ငံမှာ အဆင့်မြင့်
နည်းပညာ သမား အတတ်ပညာသမားတွေရှိနေတဲ့အတွက်
ကမ္ဘာ့ဈေးကွက် ဝင် မော်တော်ကားထုတ်လုပ် တဲ့စက်ရုံကြီးတွေလည်း ရှိနေတယ်။
သူတို့ နိုင်ငံက ပီတီတီလို့ခေါ်တဲ့ ရေနံကုမ္ပဏီကြီးဆို ရင်လည်း အရှေ့တောင်
အာရှ အာဆီယံနိုင်ငံ တွေထဲမှာ အကြီးဆုံးလို့ဆိုရလောက်အောင်
အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ တန် ဖိုးရှိတဲ့ ကုမ္ပဏီကြီးဖြစ်နေပြန်တယ်။
သူတို့ ဆီက ရေနံနဲ့ သဘာဝဓါတ်ငွေ့ထွက်နှုန်းဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ
ထက် ၂ ဆ ပိုပြီး ထွက်နေတာကလည်း အမြတ်အစွန်းတွေရ နေတာပါတယ်။
ပြီးတော့ သူတို့အစိုးရက လယ်သမားတွေရဲ့ လယ်လုပ်ငန်း အဆင်ပြေအောင် ဘက်ပေါင်းစုံက ဦးစီးဦးဆောင်ထောက်ပံ့ကူညီနိုင်တာ လည်း လယ်သမားတွေ အတွက်ကြည့်ရင် အဆင်ပြေတဲ့အခြေအနေမှာ ရှိနေတာ တွေ့ရတယ်။ ပြီးတော့ ထိုင်းကနေပြီး ကမ္ဘာ့နိုင်ငံတော်တော်များများကို
စားကုန်သောက်ကုန်မျိုးစုံ အဆင့်အတန်းမြင့်အောင် မီအောင်ပို့နေနိုင်တာ
ရောင်းနေနိုင်တာကိုက ကျွန်တော်တို့ မြန်မာအလုပ်သမား တော်တော်များများကို
အလုပ်ခန့်ပေး ထားနိုင်တဲ့ အခြေအနေမှာ ရှိနေပြန်တယ်။ ဒါကြောင့် သူတို့ဆီမှာ
မြန်မာ အလုပ်သမားတွေ သန်းနဲ့ချီပြီး မှီခိုနေကြရတာဖြစ်တယ်။
အဲဒီ့ တော့ တစ်ဖက်နဲ့ တစ်ဖက်မှာ ကွာဟမှုရှိလာတာ သဘာဝပဲ။ ဒီအပေါ်မှာပဲ
အသာစီးကနှိမ့် ချပြီး ဆက်ဆံတာကို ကျိတ်မှိတ်ခံစားနေရတဲ့ ဘ၀ ပြဿနာပေါင်းစုံ က
ရှိနေတော့ တာပဲ ဖြစ်တယ်။ မကြာသေးခင်က ဖြစ်ပျက် ခဲ့တဲ့ပြဿနာက
တော်တော်ကြီးပါတယ်။ ထိုင်းနိုင်ငံရဲ့ တောင်ပိုင်း ဆုရတ် ခရိုင်မှာ ရှိတဲ့
ကော့တောင်ကျွန်းပေါ်မှ လူသတ်မှုမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား
၂ ယောက် စွပ်စွဲခံထားရတယ်။ အဖမ်းခံထားကြရတယ်။ ဒီကိစ္စမှာ ဘာသာ
စကားပြဿနာကလည်း ရှိလာတယ်။ ထိုင်းရဲတပ်ဖွဲ့က သူတို့နှစ်ယောက်ကို စစ်ဆေးတော့
ကြားထဲက မြန်မာလိုဘာသာပြန်ပြီး ပြောပေးနိုင်တဲ့ ဘာသာပြန် စကားပြန်ပေါ့လေ။
အသိအမှတ်ပြုလက်မှတ်ရထား တဲ့ လူရှိဖို့ လိုနေတာ ကြား လိုက်သိလိုက်ရတာ
ကျွန်တော်စိုးရိမ်မကင်းဖြစ်မိတယ်။
သူတို့ရဲ့ ထွက်ဆို ချက်တွေ ကို ထိုင်းရဲတွေသိအောင် ကြားထဲက စကားပြန်၊
ဘာသာပြန် ဖို့ခေါ် ထား တဲ့လူ ၂ ယောက်ကလည်း အသိအမှတ်ပြု လက်မှတ်ရထားတဲ့ လူ ၂
ယောက် မဟုတ်ဘဲ ကြားထဲက ရိုးရိုးပွဲစား အဆင့်လောက်ပဲ ရှိတယ် ဆိုတော့
စိုးရိမ်မိတာပဲဖြစ်ပါတယ်။
ဒီကိစ္စမှာ တရားဥပဒေလမ်းကြောင်းအရ
မျှမျှတတနဲ့ ထိုင်းအာဏာပိုင်တွေ ဘက်က အမှန်ကန်ဆုံး အတိကျဆုံး
အမှုကိုစစ်ဆေးဖော် ထုတ်ပေးဖို့ တော့ လိုအပ်ပါတယ်။ တကယ်တော့ ထိုင်း
နိုင်ငံဆိုတာ စီးပွားရေးကောင်းတဲ့နိုင်ငံ။ ပွင့်ပွင့်လင်းလင်းပြောရရင် အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေထဲမှာ ချမ်းသာတဲ့ စာရင်းဝင် နာမည်ကျော်နိုင်ငံတစ်နိုင်ငံ။ ဒီနိုင်ငံကို တခြားနိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံ ဝင်ထွက် သွားလာနေတာပါ။
မျက်နှာငယ်နေရတာက ကျွန်တော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမား
တွေ ဆိုတော့ ထစ်ခနဲရှိ ဘာပြဿနာပဲပေါ်ပေါ် ]သံသယ} ကို မူတည်ပြီး မြန်မာ
အလုပ်သမား တွေ ကိုပဲ အရင်ဆုံးဖမ်းတာဆီးတာ၊ စစ်တာ မေးတာတွေ ဟိုအရင် ကတည်းက
ထိုင်းရဲ လောကမှာ အစဉ်အလာရှိခဲ့လေတော့ ခုကိစ္စ ဟာလည်း
သိပ်ပြီးအရေးကြီးနေပါတယ်။ ပွင့် ပွင့်လင်းလင်းပြောရရင်၊ ကမ္ဘာမှာ အစစအ ရာရာ
အောက်တန်းနောက်တန်းကျနေတဲ့နိုင်
ငံကလာပြီး မရှိလွန်းလို့၊ အလုပ်အကိုင်အဆင် မပြေကြလွန်းလို့၊
ရိုးရိုးပြောရရင် တချို့ဆို မိ သားစုလိုက် ငတ်နေကြလို့ သူတို့ဆီမှာ မလွှဲ
သာမရှောင်သာ မျက်နှာငယ်ခံ အနှိမ်ခံ အဖိ ခံပြီး အလုပ်သွားလုပ်နေကြရရှာတဲ့
မြန်မာ ဆင်းရဲသား အလုပ်သမားတွေ အပေါ် မှာ၊ ပွင့် လင်းမြင်သာ တိကျသေချာရေရာ
မှန်ကန်တဲ့ လူ့အခွင့်အရေး ကို လေးစားလိုက်နာတဲ့၊ စစ် ဆေးမေးမြန်းမှုတွေအပြင်
ယဉ်ကျေး တဲ့ လူ့ အဖွဲ့အစည်းတစ်ခုပီပီသသနဲ့ ရိုးသားတဲ့ တရား
ဥပဒေလမ်းကြောင်းအတိုင်း ဆုံးဖြတ်နိုင်ကြဖို့ မျှော်လင့်နေရကြောင်းပါခင်ဗျား ...။
Credit - The Ladies News Journal
No comments:
Post a Comment