Sunday, October 19, 2014

အမျိုးသမီးများကို နေရာပိုပေးရန် ဝန်ကြီးဦးစိုးသိန်းတိုက်တွန်း


မန္တလေးမြို့တွင် ဆိုင်ကယ်စီးနင်းနေသူများကိုတွေ့ရစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)


 မန္တလေးတိုင်းဒေသကြီး တွင် အမျိုးသမီးအရေအတွက် မှာ   အမျိုးသားအရေအတွက် ထက်ပိုများသဖြင့် အမျိုးသမီးများ ကို  နေရာ ပိုမိုပေးရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
 မြန်မာတစ်နိုင်ငံလုံးတွင် တတိယလူဦးရေအများဆုံးဖြစ် သည့် မန္တလေးတိုင်းဒေသကြီးတွင် လူဦးရေ ၆ ဒသမ ၂ သန်းခန့်ရှိနေ ပြီး ယင်းအနက် အမျိုးသမီးဦးရေ မှာ ၃ ဒသမ ၂ သန်းဖြင့် အမျိုး သားဦးရေထက် ငါးသိန်းခန့် ပို များသည်။ မန္တလေးမြို့တွင်လည်း အမျိုးသမီးဦးရေမှာ ခြောက်သိန်းနှစ်သောင်းကျော်ရှိနေပြီး အမျိုးသားဦးရေမှာ ငါးသိန်းကိုးသောင်း ခန့်သာရှိနေသောကြောင့် ယောက်ျား၊မိန်းမခွဲခြားမှုကိစ္စများကို ပစ်မထားသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အောက်တိုဘာ ၁၈ရက်တွင် ဒေသခံအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်  တိုက် တွန်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးစိုး သိန်း၊ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ကံဇော်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ နှင့် မန္တလေးတိုင်းဒေသကြီး အစိုး ရအဖွဲ့၊ သက်ဆိုင်ရာကဏ္ဍအသီး သီးမှ တာဝန်ရှိသူများတွေ့ဆုံ သည့်ပွဲကို အထက (၁၆) ကျောင်း တွင်ပြုလုပ်ခဲ့ပြီး   အဆိုပါပွဲတွင်   ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအဖွဲ့တွင်သာမက မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူ ပြုကော်မတီ၊ မြို့နယ်အကြံပေး ကော်မတီတို့တွင်လည်း အမျိုး သမီးများပါဝင်လာရန်လိုအပ် ကြောင်း ၎င်းကပြောသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် အမျိုးသားဝန် ကြီးများသာပါဝင်ပြီး အမျိုးသမီး ဝန်ကြီးများပါဝင်ခြင်းမရှိသော ကြောင့် ယခုကဲ့သို့ ပြည်ထောင်စု ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ ခြင်းဖြစ်သည်။
ယခင်စစ်အစိုးရအုပ်ချုပ် သည့်ကာလအတွင်း အစိုးရအဖွဲ့ တွင်  အမျိုးသမီးများ မပါရှိသော်လည်း ယခုအစိုးရလက်ထက်တွင် အမျိုးသမီးပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့်   ဒုတိယဝန်ကြီးခုနစ်ဦး ခန့်အပ်ထားပြီးဖြစ်သည်။

 Credit - 7DAY DAILY

No comments:

Post a Comment