ခိုတောင်းကျွန်းပေါ်၌
ဗြိတိန်နှစ်ဦး အသတ်ခံရသည့်ကိစ္စကို စုံစမ်းစစ်ဆေးရာတွင် ဗြိတိန်ရဲများ
တိုက်ရိုက်ပါဝင် ပတ်သက်မှုမရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်
ပရာဝတ်ဝမ်ဆူဝန်က စနေနေ့တွင် ငြင်းပယ်ပြောဆိုလိုက် ကြောင်း သိရသည်။
ဗြိတိန်တာဝန်ရှိသူများ အနေဖြင့် ထိုင်းနိုင်ငံတွင် လေ့လာသူအဖြစ်သာ
ရှိနေကြမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့်
ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝတ်က ရှင်းလင်းပြောဆိုခဲ့ သည်။
ထိုင်းရဲများ ကိုင်တွယ်နေသည့်အမှုကို ဗြိတိန်နိုင်ငံမှ
ယုံကြည်စိတ်ချမှုရှိသည်ကို ပြသရန် ရည်ရွယ်၍ ဗြိတိန်ရဲများ
လာရောက်လည်ပတ်ခြင်းဖြစ်ပါကြောင်း ပရာဝတ်က ဆိုပြန်သည်။
အမှုအားစုံစမ်းစစ်နေမှုကိုလည်
း ဗြိတိန်ထောက်လှမ်းရေးများအေ
နဖြင့် ကြားဝင်စွက်ဖက်ကြမည်မဟုတ်ြေ
ကာင်း ဒုတိယ၀န်ကြီးချုပ်ပရာဝတ်က ဆိုသည်။ ပရာဝတ်သည် ရဲတပ်ဖွဲ့အပါအ၀င် လုံခြုံရေးကိစ္စများကို တာဝန်ယူ ထားသူဖြစ်သည်။
သို့ရာတွင် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်က
င်မရွန်းရုံးမှ ထုတ်ပြန်ချက်တစ်ရပ်တွင်မူ တစ်မျိုးတစ်ဖုံကွဲပြားလျက်ရ
ှိသည်။
ဗြိတိန်မှ ကျွမ်းကျင်ရဲအရာရှိများအနြေ
ဖင့် ဗြိတိန်လူမျိုး ဟာနာဝစ်သရစ်ဒ် (၂၃ နှစ်) နှင့် ဒေးဗစ်မီလာ (၂၄ နှစ်) တို့ အသတ်ခံရမှုကို ကူညီ၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်
ရန် ခိုတောင်းသို့သွားရောက်ကြမည
်ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိကြောင
်း ရိုက်တာကဆိုထားသည်။
အီတလီနိုင်ငံတွင် မီလန်မြို့တွင်ပြုလုပ်သည့် အာရှ-ဥရောပထိပ်သီးအစည်းအဝေး
ပွဲတွင်
အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက
ထိုင်းဝန်ကြီးချုပ် ဖရာယုချန်အိုချာနှင့် ဆွေးနွေးပြီးနောက်
ဗြိတိန်ရဲများကို စေလွှတ်ရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်
သည်ဟု ယင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ထိုင်းဝန်ကြီးချုပ်နဲ့ သဘောတူညီချက်ရခဲ့တဲ့ကိစ္စက ဒီအရေးနဲ့ပတ်သက်လို့
ထိုင်းတော်ဝင်ရဲတွေနဲ့အတူ ပူးတွဲ စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့အနေနဲ့
ဗြိတိန်ရဲအရာရှိအချို့ကို ခိုတောင်းကျွန်းကို စေလွှတ်မယ်ဆိုတာပါပဲ”ဟု
ဗြိတိန်သံတမန်တစ်ဦးက ဆိုသည်။
မြန်မာရွှေ့ပြောင်းလုပ်သားမျ
ားဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့သည် စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန် ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို
သတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသည်။ ၀စ်သရစ်ဒ်လည်း အဓမ္မပြုကျင့်ခံခဲ့ရသည် ဟု ဆိုသည်။
ထိုင်းဥပဒေအရ ထိုင်းဘုရင့်နိုင်ငံတော်အတွ
င်း အခြားနိုင်ငံများမှ ရဲများ ၀င်ရောက်စစ်ဆေးခြင်းကို ခွင့်ပြုမထား ကြောင်း ဗိုလ်ချုပ်ကြီးပရာဝတ်အတိုင်
း
သံယောင်လိုက်၍ ထိုင်းရဲချုပ် ဆမ်ယတ်ပွန်ပန်မောင်းက ဆိုသည်။ ယင်း မှာ
နိုင်ငံအားလုံးတွင် ချမှတ်ကျင့်သုံးနေသည့် မူဝါဒပင်ဖြစ်ကြောင်းလည်း ၎င်းက
ထပ်လောင်းပြောဆိုခဲ့သည်။
ထိုင်းရဲများ လုပ်ဆောင်သင့်သည့် အကောင်းဆုံးအချက်မှာ ရှိကောင်းရှိနေမည့် စိုးရိမ်ဖွယ်အချက်မှန်သမျှက
ို
ထောက်ပြရန်နှင့် ယင်းအချက်များကို စစ်ဆေးကြည့်ရှုရန်အတွက် ထိုင်းနိုင်ငံမှ
တာဝန်ရှိသူများကို တောင်းဆိုရန် ပင် ဖြစ်ပါကြောင်း ရဲချုပ်ဖြစ်သူက
ဆိုထားသည်။
ဗြိတိန်နိုင်ငံသားများသည် ထိုင်းနိုင်ငံသို့
သွားရောက်လည်ပတ်ရခြင်းကို နှစ်သက်နေကြဆဲပင်ဖြစ်ရာ ခိုတောင်းကျွန်း
လူသတ်မှုကဲ့သို့ အခြားသော ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်မ
ျား ထပ်မံပေါ်ပေါက်ခြင်းမရှိစေရန
် ကြိုတင်အကာအကွယ်ပေးပါဟူ၍ ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်က
င်မရွန်းက မိမိအား တောင်းဆိုခဲ့ပါကြောင်း မီလန်မြို့မှပြန်လည်ရောက်ရှ
ိလာသည့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဖရာယုက စနေနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ သည်။
“ဆွစ်ဇာလန်သမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ရဲ့
အနီးမှာ
ကျွန်တော်ထိုင်ခဲ့ပါတယ်။ ခိုတောင်းအမှုကို ဂရုစိုက်ပေးဖို့
ဗြိတိန်ဝန်ကြီးချုပ်က ကျွန်တော့်ကို တောင်းဆိုခဲ့တယ်”ဟု ၎င်းက
သုဝဏ္ဏဘူမိလေဆိပ်တွင် သတင်းထောက်များ အား ပြောဆိုခဲ့သည်။
“မေးခွန်းနှစ်ဆယ် အမေးခံခဲ့ရတယ်။ ကျွန်တော်အားလုံးကို ဖြေပေးခဲ့ပြီး
ဗြိတိန်ဝန်ကြီးချုပ်ကလည်း ကျေနပ်မှု ရှိပါတယ်။ ဗြိတိန်နိုင်ငံသားတွေဟာ
ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ဖို့ နှစ်သက်နေကြတာကြောင့် ဒီလို အမှုမျိုး
ထပ်ဖြစ်လို့မရဘူးလို့လည်း သူက ကျွန်တော့်ကို ပြောခဲ့ပါတယ်။” ဟု ဖရာယုက
ဆိုသည်။ ထိုင်းနိုင်ငံရှိ တရားရေးစနစ်နှင့်ပတ်သက်၍ ပြောစရာတစ်စုံတစ်ရာ
မရှိပါကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ သော်လည်း မီဒီယာများမှ
ရေးသားချက်များကို ဖတ်ရှုနေကြသည့် ဗြိတိန်များတွင်မူ မေးခွန်းများ
ရှိနေကြောင်း ဖရာယုက ဆိုခဲ့သည်။ ထိုင်းအာဏာပိုင်များအနေဖြင်
့ ဥပဒေနှင့်အညီဆောင်ရွက် လျက်ရှိနေပါကြောင်း ဗြိတိန် ၀န်ကြီးချုပ်ကို ရှင်းပြခဲ့ပါသည်ဟု ဖရာယုက ထပ်လောင်း ပြောဆိုခဲ့သည်။
လူသတ်မှုအပေါ် ထိုင်းအာဏာပိုင်များ၏စုံစမ်
းစစ်ဆေးမှုများနှင့်ပတ်သက်၍
ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရပြီး လူအများစုကလည်း အမှန်တကယ်
သတ်ဖြတ်ခဲ့သည့် တရားခံအစစ်များမှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု ယုံ
ကြည်နေကြသည်။ ဗြိတိန်အာဏာပိုင်များကမူ ၎င်းတို့အဓိကအစိုးရိမ်နေသည့်
အချက်နှစ်ချက်မှာ သံသယရှိသူများထံမှ ရရှိသည်ဟု အခိုင်အမာပြောဆိုထား သည့်
DNA နမူနာ စစ်ဆေးခြင်းနှင့် သံသယရှိသူများအား ၀န်ခံထွက်ဆို လာစေရန်
နှိပ်စက် ညှဉ်းပန်းမှုများပြုလုပ်နေသည
်ဟု စွပ်စွဲခံနေရခြင်းပင်ဖြစ်ြေ
ကာင်း ပြောဆိုကြသည်။
Prawit: No Direct role for British in Koh Tao case
Ref: Bangkok Post and Reuters
စည်သူကျော်စွာ
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment