အခြေခံဥပဒေပြင်ဆင်ရေး တပ်မတော်ကူညီဖို့ တိုက်တွန်း
အခြေခံဥပဒေပြင်ဆင်ရေးအတွက်
တပ်မတော်က ပူးပေါင်းပါဝင်ပေးဖို့ ရန်ကုန်မြို့ခံတစ်ချို့က ရန်ကုန်မြို့၊
မြို့တော်ခန်းမအနီးမှာ ဒီနေ့ တောင်းဆိုခဲ့ကြပါတယ်။
အဲ့ဒီတောင်းဆိုပွဲကို ဦးဆောင်တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က
တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက်
အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတာကြောင့် ပြည်သူဘက်က ရပ်တည်ပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း ပြောပါတယ်။
"အခြေခံဥပဒေတစ်ခုလုံးပြင်ဆင်ရေးမှာရော လေးပွင့်ဆိုင်တွေ့ဆုံရေးဆိုတဲ့ အရေးကြီးတဲ့ထိပ်သီးလေးပွင့် တွေ့ဆုံပြီးတော့ နိုင်ငံရေးပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့ကိစ္စမှာရော တာဝန်သိသိပူးပေါင်းပါဝင်လာတဲ့ တပ်မတော်ဖြစ်ဖို့ဆိုပြီး ကျနော်တောင်းဆိုပါတယ်၊ သမိုင်းကြောင်းကောင်းခဲ့တဲ့ မြန်မာ့တပ်မတော်ကို သမိုင်းဟောင်းကနေလွန်မြောက်ပြီး ပြည်သူ့ဘက်ကိုပဲ မျက်နှာမူလာတဲ့ပြည်ချစ်တပ်မတော်အဖြစ် ကူးပြောင်းပေးပါလို့ တပ်မတော်ခေါင်းဆောင်ပိုင်းကို ကျနော်က လာရောက်ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပါတယ်"
ဒီနေ့တောင်းဆိုပွဲဟာလာမယ့် ၂၀၁၅ ဖေဖေါ်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်ပေါင်း တစ်ရာပြည့်အဖြစ် လှုံ့ဆော်ပွဲမှာ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
Credit - RFA Burmese
No comments:
Post a Comment