Sunday, October 19, 2014

PR စနစ်ကို ဆန့်ကျင်တဲ့ လှိုင်သာယာက ဆန္ဒပြပွဲ လူ ၂ဝဝလောက်ပါဝင်

ပြည်သူတွေရဲ့ဆန္ဒမပါဘဲ အာဏာရပါတီရဲ့စိတ်ကြိုက် လုပ်ဆောင်မယ့် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် PR မကျင့်သုံးဖို့အတွက် လှိုင်သာယာက ဒေသခံ ၂ဝဝလောက်ဟာ အောက်တိုဘာ ၁၉ရက်နေ့မှာ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။
လှိုင်သာယာမြို့နယ် ၈၆ဂိတ်ဟောင်းကနေ စထွက်ပြီး ညောင်ကုန်းလမ်းမတစ်လျှောက် ဘောလုံးကွင်းအထိကို ချီတက်ခဲ့ပြီး PR စနစ်အလိုမရှိ၊ ၂ဝဝ၈ဖွဲ့စည်းပုံပြင်ဆင်ပေးရေး၊ အာဏာရှင်အဟောင်းအသစ် အလိုမရှိ၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေး စတဲ့ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် PR ကို လွှတ်တော်ထဲတင်သွင်းတာ ပြည်သူ့ဆန္ဒလုံးဝ မပါသလို လွှတ်တော်ထဲ ၂၅ရာခိုင်နှုန်းသော စစ်တပ်ကထိုင်နေပြီး ကျန်တဲ့ပါတီတွေက PR လုပ်မယ်ဆိုတာ လုံးဝမတရားဘူးလို့ ဒေါက်တာသန်းမြင့်က ပြောပါတယ်။ PR ကိုကန့်ကွက်တဲ့ ပြည်သူတွေကိုယ်တိုင်က PR ဆိုတာဘာလဲ အသေအချာမသိပေမယ့် ပြည်သူတွေနဲ့အသားကျပြီးသား နိုင်သူအကုန်ယူစနစ်ကို ပြောင်းချင်တယ်ဆိုတာ လူတစ်စုရဲ့ လုပ်ဆောင်ချက်ဆိုတာတော့ အောက်ခြေလူတန်းစားတွေ သဘောပေါက်ပါတယ်လို့ ဆိုပါတယ်။
(ဒေါက်တာသန်းမြင့် ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လှိုင်သာယာ) file 5415/5417
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ မဝင်းမော်ဦးရဲ့ မိခင် ဒေါ်ခင်ဌေးဝင်းလည်း PR ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်လာပါတယ်။ သူက ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အပြည့်အဝရမှ ကျဆုံးသူသမီးရဲ့ဆန္ဒကို ဖြည့်ဆည်းနိုင်မှာမို့ ဒီလှုပ်ရှားမှုထဲ ပါဝင်ရတာပါလို့ ဆိုပါတယ်။
(ဒေါ်ခင်ဌေးဝင်း မဝင်းမော်ဦး၏ မိခင်) file 5419/5420
PR ဆိုတာ ဘာလဲ သေသေချာချာမသိပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ ၁၉၄၇ ဖွဲ့အစည်းပုံနဲ့ ဗိုလ်ချုပ်လမ်းစဉ်ကိုပဲ ကြိုက်လို့ PR ကိုကန့်ကွက်တာပါလို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးလေးမြင့်က ပြောပါတယ်။


Credit - Kamayut MEDIA

No comments:

Post a Comment