Sunday, October 19, 2014

ဝင်းဝင်းကို ရှင်းရှင်းပဲပြောမယ်

(မယ်မင်းကြီးမ)
=====•=====
~ကြီးကြီး ၀င်းဝင်းသီအိုရီဆိုတာ ဘာလဲ။
-အချောင်သမား သီအိုရီကိုပြောတာ။

~ဟုတ်လို့လား ကြီးကြီးရ။ အဲဒါဆို လူအများ နားလည်အောင် ဘာလို့
ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း အပြောတာလဲ။
-ဟဲ့ အချောင်သမားက ငါအချောင်သမားပါလို့ ဘယ်ခေတ်က ပြောခဲ့လို့လဲ။


~၀င်းဝင်းသီအိုရီတို့၊ ရှင်းရှင်းသီအိုရီတို့ ကြားဖူးတာ မရှင်းလို့
  မေးတာပါ ကြီးကြီးရ။
-၀င်းဝင်းဆိုတာ နိုင်ငံရေးမှာ သူမနာ ကိုယ်မနာ လုပ်ရမယ်လို့ ပြောတာ။
ငါတို့ ကြာဖူးတာကတော့ ငြိမ်းချမ်းရေးလုပ်တဲ့အခါ သူမနာ ကိုယ်မနာလုပ်ပါလို့
ဆရာကြီးသခင်ကိုယ်တော်မှိုင်း က ပြောသွားတယ်။ အဲဒါပဲ ကြားဖူးတယ်။
အခုနိုင်ငံရေးမှာ သူမနာ ကိုယ်မနာလုပ်ပါဆိုတာ လူထုရဲ့ မကြေနပ်ချက် လူထုရဲ့
ခံစားချက်တွေကို အောင့်အည်းနိုင်မျှ အောင့်အည်းဖို့ပြောတာ။ လူထုကို
ဖိထားတာ။ ဒီလိုသာ သူမနာ ကိုယ်မနာဝါဒ အောင်မြင်ခဲ့ရင် ၈၈
အရေးတော်ပုံတုန်းက ဘာဖြစ်လို့ သူမနာ ကိုယ်မနာ မလုပ်ဘဲ ပြည်သူကို အသေအကြေ
သတ်ဖြတ်ခဲ့တာလဲလို့ မေးချင်တယ်။
အခုလဲ ပြည်သူတွေ ဘာမှ မစိုက်ပျိုးနိုင်အောင် လယ်တွေ ယာတွေအကုန်သိမ်း၊
မြစ်တွေမှန်သမျှ တောင်တွေမှန်သမျှ ရောင်းစား၊ အဲဒါလည်း ပြည်သူကို
သည်းခံပါ၊ သည်းခံပါလို့ ပြောနေသေးတယ်။ အဲဒီ ၀င်းဝင်းသီအိုရီရှင်တွေလေ။

~နောက်ပြီး ကြားဖူးသေးတယ်၊ အရွေ့တို့ ဘာတို့ဆိုတာကော နိုင်ငံရေးစကားလုံးအဆန်းတွေလေ။
-မှတ်ထား ငါ့တူရေ။ အရွေ့ဆိုတာ လှုပ်ရှားမှုလို့ မသုံးချင်လို့ သုံးရမှာ
ကြောက်လို့ အရွေ့ ဆိုပြီးပြောတာ။ လှုပ်ရှားမှုရှိမှ ရွေ့မှာပေါ့။
မလှုပ်ရှားဘဲ ဘယ်လိုရွေ့မလဲ။ လှုပ်ရှားမှုတို့၊ ပဋိပက္ခတို့၊ တော်လှန်ရေးတို့
စကားလုံးတွေကို တတ်နိုင်သမျှရှောင်ရင်း စကားလုံးအဆန်းတွေ ထွင်ရာက
ပေါ်ပေါက်လာတဲ့ စကားလုံးတွေပဲ။ တော်လှန်ရေးတို့၊ လှုပ်ရှားမှုတို့ဆိုတဲ့
စကားလုံးတွေကို သူတို့ မကြားချင်ဘူး။ သူတို့အတွက် အန္တရာယ်
အဆိပ်အတောက်တွေ၊ ဒါကြောင့် ပြည်သူလူထုကို မကြားစေချင်တဲ့
တော်လှန်ရေးတို့ လှုပ်ရှားမှုတို့ကို ရှောင်ပြီး အရွေ့တို့၊ ၀င်းဝင်းတို့၊
လှိုင်းတို့ ဖြစ်လာတာပဲ ငါ့တူရေ၊ နိုင်ငံရေးကို တလုံးမှ မသိတဲ့
ရိုးသားဖြူစင်တဲ့လူတွေကို လိမ်လို့ ညာလို့ကောင်းတဲ့ စကားတွေပါ။
ဒါပေမယ့် ပြည်သူ့ဘ၀ကို နားမလည်ရင်၊ ပြည်သူ့ခံစားချက်ကို ဂရုမစိုက်ရင်
ဝင်းဝင်းလဲ မရဘူး၊ အရွေ့လည်း မရဘူး၊ ပဋိပက္ခကြီးထွားလာမှာကတော့ သဘာဝတရားပဲ
ငါ့တူရေ

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

 

No comments:

Post a Comment