Sunday, October 19, 2014

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြင်ပဖြေဆိုသူများ သရုပ်ပျက်ဝတ်စားဆင်ယင်လျှင် ခုံနံပါတ်မှတ်ထားရန် ညွှန်ကြား

လာမည့်တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ပြင်ပဖြေဆိုသူ များအနေဖြင့် သရုပ်ပျက်ဝတ် ဆင်လာပါက ခုံနံပါတ်မှတ်ထား ပေးရန် စာမေးပွဲခန်းကြီးကြပ်ရေး မှူးများကို ပညာရေးဝန်ကြီးဌာန က ညွှန်ကြားထားကြောင်းသိရ သည်။
၂၀၁၅တက္ကသိုလ်ဝင်စာမေး ပွဲအတွက် စာမေးပွဲခန်းကြီးကြပ် ရေးမှူးများ၏ နေ့စဉ်လမ်းညွှန် ချက်တွင် ပြင်ပဖြေဆိုသူများသ ရုပ်ပျက် ၀တ်ဆင်လာပါက ခုံနံ ပါတ်မှတ်ထားပေးရန်နှင့် ပုံမှန် ကျောင်းသားများ အဖြူ၊ အစိမ်း ၀တ်ဆင်မလာပါက ခုံနံပါတ်မှတ် ထားပေးရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

‘‘အပြင်ဖြေ ကျောင်းသား တွေ ဆံပင်ပုံစံသရုပ်ပျက်တာကို တွေ့ဖူးပါတယ်။ အရင်နှစ်တွေက တော့ အဲဒီလို မှတ်ခိုင်းတာမရှိပါ ဘူး။ စာမေးပွဲ လာဖြေတဲ့အချိန် ကောင်းကောင်းမွန်မွန်ဝတ်ဆင် သင့်ပါတယ်။ ပုံမှန်ကျောင်းသား တွေကိုတော့ အဖြူ၊ အစိမ်းနဲ့သွား ဖြေဖို့ ကျောင်းက တစ်ခါတည်း ပြောပြီးသားပါ’’ဟုအထက်တန်း ပြဆရာမတစ်ဦးကပြောသည်။
ထို့အပြင် တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုသော ကျောင်းသား များအနေဖြင့် သန့်စင်ခန်းသို့သွား ရောက်ပါက သုံးမိနစ်ထက်ပိုမကြာစေရန်နှင့် သန့်စင်ခန်းသို့ မကြာခဏထွက်သောကျောင်းသားများကို မှတ်ချက်ရေးရန် ကြီးကြပ်ရေးမှူးများကို ညွှန်ကြားထားသည်။
ကျောင်းသားများ စာမေးပွဲ ဖြေဆိုရာတွင် စိတ်ချမ်းသာစွာဖြေ ဆိုနိုင်ရန် ကျောင်းသားများအ ပေါ် မေတ္တာထားရန်၊ ကျောင်းသားများနှင့် စကားပြောဆိုခြင်းမ ပြုရန်နှင့် အချိန်မပြည့်ဘဲ စာမေး ပွဲခန်းမှ ထွက်ခွာသော ကျောင်း သားများကို အသေအချာ စောင့် ကြည့်ရန် ညွှန်ကြားထားသည်။
မသမာမှု ကျူးလွန်သူများ နှင့် ပတ်သက်၍ ကျောင်းသားအ မည်၊ ခုံနံပါတ်၊ မသမာမှုကျူးလွန် သည့်အချိန်၊ မသမာမှုကျူးလွန် သော အခြေအနေရှင်းလင်းချက်စသည်များကို ပြည့်စုံစွာဖော်ပြ၍ တင်ပြရမည်ဖြစ်ကြောင်း ညွှန် ကြားထားသည်။
စာမေးပွဲခန်းကြီးကြပ်သူ များအနေဖြင့် ကျောင်းသားများ ကို ဂုဏ်သိက္ခာထိခိုက်စေသောရှာ ဖွေစစ်ဆေးမှုပြုလုပ်ခြင်း၊ မသမာ သောနည်းလမ်းဖြင့် ဖြေဆိုသော ကျောင်းသားများကို သူခိုးဖမ်းသ ကဲ့သို့ ဖမ်းဆီး၍ စာမေးပွဲခန်းအတွင်းမှ နှင်ထုတ်စေခြင်း မပြုလုပ်ဘဲ မှတ်သား၍ အစီရင်ခံစာရေးသားတင်ပြစေလိုကြောင်း  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတာဝန်ရှိသူက ဆရာ၊ဆရာမများအား ပြောကြားထားသည်။
၂၀၁၄ တက္ကသိုလ်ဝင်စာမေး ပွဲတွင် တစ်နိုင်ငံလုံးမှ ၀င်ရောက် ဖြေဆိုသောကျောင်းသားငါးသိန်း လေးသောင်းကျော်ရှိခဲ့ပြီးအောင် မြင်သူတစ်သိန်းခုနစ်သောင်းရှိခဲ့ ကာ အောင်ချက်ရာခိုင်နှုန်း ၃၁ရာခိုင်နှုန်းကျော်ရှိခဲ့သည်။
Credit - 7DAY DAILY

No comments:

Post a Comment