Sunday, October 19, 2014

မုံရွာ အစိုးရအဖွဲ့ရုံးစိုက်ရာမှာ ဆန္ဒထုတ်ဖော်မယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်းမြို့နယ်တို့က လယ်ယာမြေ သိမ်းဆည်းခံ ဒေသခံ တောင်သူ နှစ်ရာဟာ အောက်တိုဘာလ ၂၄ ရက်နေ့မှာ တိုင်းဒေသကြီး အစိုးရရုံးအဖွဲ့ရှိတဲ့ မုံရွာမှာ တရားဝင် ဆန္ဒထုတ်ဖော်သွားမယ်လို့ အဲဒီ ဆန္ဒပြပွဲ စီစဉ်တဲ့ အလုပ်သမား၊ လယ်သမားရေး ဆောင်ရွက်သူတွေ အဖွဲ့ အထက်မြန်မာပြည် ဦးမျိုးဝင်း က ပြောပါတယ်။

“ခရိုင်မြို့မှာ ပထမတစ်ကြိမ် ဆန္ဒပြခဲ့ပါတယ်။ ဘာမှ မထူးခြားလို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဆိုက်တဲ့ မုံရွာမြို့မှာ ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ရတာပါ” လို့ သူကဆိုပါတယ်။


ဒီဆန္ဒပြပွဲမှာ လယ်သမားအရေး၊ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ဦးအေးသိန်း၊ ဦးမျိုးဝင်းတို့က အဲဒီမြို့နယ်တွေထဲမှာ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်ရဖို့၊ တရားစွဲ တောင်သူတွေ အမှုက ရုပ်သိမ်းပေးရေး၊ ထောင်ကျနေတဲ့ တောင်သူတွေ လွှတ်ပေးရေး၊ အစိုးရ ဌာနဆိုင်ရာတွေနဲ့ ပုဂ္ဂလိက မြေသိမ်းဥပဒေနဲ့ မညီတဲ့ သိမ်းဆည်းခဲ့တဲ့ မြေတွေ တရားမျှမျှတတ စီရင်ဆုံးဖြတ်ပေးရေး ခေါင်းစဉ်တွေနဲ့ ဟောပြောမှာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီခွဲကနေ နေ့လယ် ၁၁ နာရီအထိ မုံရွာမြို့ နာရီစင် စုရပ်ကနေ ဗိုလ်ချုပ်ကြေးရုပ် ဘူတာလမ်း၊ ရုံးပေါင်းစုံလမ်း၊ တမာတန်းလမ်း၊ ဗိုလ်ချုပ်လမ်းထောင့် အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်ပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment