အများပြည်သူကြုံတွေ့ နေရသော ဓာတ်ကြိုးပြတ်ကျမှု၊
လျှပ်စစ်ဓာတ်အားမနိုင်နင်းမှုများကဲ့သို့ ပြဿနာများထပ်မံမဖြစ်ပွားစေရန်
ပုဂ္ဂလိကကဏ္ဍမှ ထည့်ဝင်ငွေရရှိပါက ပထမဦးစွာ ပြင်ဆင်ဖြေရှင်းပေးသွားမည်ဟု
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ခိုင်က
ပြောကြားသည်။
‘‘ငွေဝင်လာတာနဲ့ အကုန် ရှင်းလို့ရတယ်’’ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။
လက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်က ဝန်ထုပ်ဝန်ပိုး ဖြစ်နေ၍ ဓာတ်အားဖြန့်ဖြူးရေးကို ကော်ပိုရေးရှင်းဖွဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ ပါဝင်လာနိုင်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဖြန့်ဖြူးပေးနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တစ်ယူနစ်လျှင် ကျပ်ငွေ ၆၀ ဖြင့်ဝယ်ယူ၍ အများပြည်သူကို ယူနစ်အဆင့်ဆင့်အတွက် ကျသင့်ငွေနှုန်းများသတ်မှတ်ရောင်းချပေးနေသည်။ ယင်းသို့ ရောင်းချရာတွင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ငါးလအတွင်းအမြတ်ငွေကျပ် ၂ ဘီလီယံကျော် ရခဲ့သည်။
သို့သော် ယင်းအမြတ်ငွေမှာ ရန်ကုန်တိုင်းအတွင်း၌သာ ဖြစ်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် တာဘိုင်ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်သည့် အိုင်ပီ ပီများထံမှ ဝယ်ယူရာတွင် တစ်ယူနစ်လျှင် ကျပ်ငွေ ၈၀ ဝန်းကျင် ကုန်ကျသည်။ ထို့ကြောင့် ရေအားလျှပ်စစ်ဖြင့် ပူးပေါင်း၍ အရှုံးခံပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကပြည်သူများကို ရောင်းချပေးနေရကြောင်း ဦးအောင်ခိုင်က ရှင်းပြသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကို ကော် ပိုရေးရှင်း ပြောင်းလဲပါက နိုင်ငံ တော်မှ ၅၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိကမှ ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။ ပုဂ္ဂလိ ကကဏ္ဍအနေဖြင့် ပါဝင်ရန် စီးပွားရေးပညာရှင်များကို အောက်တိုဘာ ၁၅ က ဖိတ်ခေါ် ဆွေးနွေးခဲ့သည်။
ယင်းသို့ ဆွေးနွေးရာတွင် လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းမှာ ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခုဖြစ်သောကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်များထက် တိုင်းရင်းသားလုပ်ငန်းရှင်များကို ဦးစားပေးသင့်ကြောင်း၊ နိုင်ငံခြား သားအဖွဲ့အစည်းများပါဝင်ခွင့်ပြု ပါကလည်း မူဝါဒများသိမ်မွေ့စွာ ချမှတ်ထားသင့်ကြောင်း မြန်မာ နိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။
ကော်ပိုရေးရှင်း ဖွဲ့ရာတွင် နိုင်ငံတော်က ပိုင်ဆိုင်ခွင့်ကို လုံးလုံးလျားလျားရယူထားမည်ဖြစ် ပြီး ရှယ်ယာအချို့ကိုသာ ထုတ်ရောင်းမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ပြောကြားသည်။
ပိုင်ဆိုင်ခွင့်မှာ အရေးကြီး သော်လည်း တိုင်းပြည်တွင် လိုအပ်ချက်များရှိပြီး ဆင်းရဲနေပါကလည်း ပြောင်းလဲမှုများပြု လုပ်သင့်ကြောင်း FMI ကုမ္ပဏီဥက္ကဋ္ဌဦးသိမ်းဝေက ပြောကြား သည်။
Credit - 7DAY DAILY

No comments:
Post a Comment