Sunday, October 19, 2014

မြန်မာအသင်း အုပ်စုနောက်ဆုံးပွဲမတိုင်မီ ဆူဇူကီးဖလား ခြေစစ်ပွဲအောင်

မြန်မာအသင်းသည် လာအိုနိုင်ငံတွင် ယှဉ်ပြိုင်ကစားလျက်ရှိသော ၂၀၁၄ အာဆီယံ ဆူဇူကီးဖလားခြေစစ်ပွဲ တတိယပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို ကျော်ကိုကို၏ တစ်လုံးတည်းသောပယ်နယ်တီဂိုးဖြင့် အနိုင်ရပြီး ပွဲစဉ်မကုန်မီ ခြေစစ်ပွဲအောင်မြင် သွားခဲ့သည်။ လက်ရှိတွင် လာအိုက ၃ပွဲကစား ၉မှတ်၊ မြန်မာက ၃ပွဲကစား ၇မှတ်ရရှိနေပြီး တီမောအသင်းက ၄ပွဲကစား ၄ မှတ်၊ ကမ္ဘောဒီးယားအသင်းက ၃ပွဲကစား ၃မှတ်၊ ဘရူနိုင်းက (၃)ပွဲကစား ၀မှတ်သာရရှိနေသောကြောင့် အုပ်စုနောက်

ဆုံးပွဲရလဒ်များမှာ အရေးမပါတော့ဘဲ လာအိုနှင့် မြန်မာအသင်းတို့မှာ ခြေစစ်ပွဲ
အောင်မြင်ခဲ့ခြင်းဖြစ်သည်။ လာအို-မြန်မာပွဲမှာ အုပ်စုပထမနေရာအတွက်သာ အဆုံး
အဖြတ်ကစားရဖွယ်ရှိနေခဲ့ပြီး ပထမရသည့်အသင်းမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲ
အုပ်စု(ခ)တွင် စင်ကာပူ၊ မလေးရှားနှင့် ထိုင်း၊ ဒုတိယရသည့်အသင်းမှာ အုပ်စု(က) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုးနီးရှားတို့နှင့်အတူ ကျရောက်မည်ဖြစ်သည်။ ၂၀၁၄ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို နိုဝင်ဘာ ၂၂ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့
အထိ ကျင်းပမည်ဖြစ်သည်။

Credit - Eleven Media Group

No comments:

Post a Comment