ရာသီအပြောင်းအလဲ အချိန်များတွင် ကလေးငယ်များ အအေးမိ၊
ချောင်းဆိုးလေ့ရှိသည်။ သင့်ကလေး၏ ကိုယ်ခံအားစနစ် ကောင်းစေရန်နှင့် အအေးမိ၊
ချောင်းဆိုးခြင်းတို့ကို နေအိမ်၌ ကုသရန်နည်းလမ်းအချို့
ဖော်ပြပေးလိုက်ပါသည်။
အကယ်၍ သင်၏ကလေး အအေးမိနေပါက ရေနွေးငွေ့ရှူခိုင်းပါ။ အနည်းဆုံး ၁၀ မိနစ်မှ
၁၅ မိနစ်အထိ ရေနွေးငွေ့ရှူခိုင်းပါ။ ယူကလစ်ဆီကို ရေနွေးထဲထည့်၍
ရှူခိုင်းခြင်းဖြင့် သင့်ကလေး၏ အသက်ရှူလမ်းကြောင်း ချောမွေ့စေမည် ဖြစ်သည်။
သင့်လက်ချောင်းကို ပျားရည်ထဲ နှစ်ထည့်ပြီး ကလေးကို
လျှာဖြင့်လျက်ခိုင်းပါ တစ်နေ့လျှင်နှစ်ကြိမ်၊ သုံးကြိမ် ယင်းသို့လုပ်ပေးရန်
လိုသည်။ အကယ်၍ ငါးနှစ်အထက် ကလေးငယ်ဖြစ်ပါက သစ်ကြံ ပိုးခေါက်အမှုန့်
တစ်ဇွန်းပျားရည်ထဲထည့်ပြီး သောက်ခိုင်းပါ။
ရေနွေးထဲတွင် ဇီရာစေ့နှင့် ပင်စိမ်းရွက်ထည့်၍ ရှူခိုင်းခြင်းဖြင့်လည်း
ကလေးငယ်၏ ချောင်းဆိုးခြင်းနှင့် ရင်ကျပ်ခြင်းကို သက်သာစေမည်ဖြစ်သည်။
အသက် (၂ )နှစ်အောက်ကလေးငယ်များကို
နှိပ်နယ်ပေးခြင်းမှာအကောင်းဆုံးအကျိုးကျေးဇူးများ ရှိသည်။ မုန်ညင်းဆီကို
ကြက်သွန်ဖြူနှင့်ရောကာ ကလေး၏ ရင်ဘတ်၊ ကျောနှင့်လည်ပင်းတို့ကို လိမ်းပေးပါ။
အအေးမိခြင်း အမြန်သက်သာစေရန် လက်ဖ၀ါး၊ ခြေဖ၀ါးများကိုလည်း
ယင်းဆီလိမ်းပေးပါ။
သင်၏ ကလေးငယ် နှာစေး၊ ချောင်းဆိုးဖြစ်နေချိန်တွင် ကလေးကို
ရေဓာတ်ပြည့်ဝနေအောင်ထားရန် အရေးကြီးသည်။ ရေပုံမှန်သောက်ပေးခြင်းဖြင့်
သာမန်အအေးမိခြင်းကို သက်သာစေပြီး ရောဂါပိုးမွှားများ ၀င်ရောက်ခြင်းကို
ကာကွယ်နိုင်ကာ လည်ပင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်သလို
စွတ်ပြုတ်နွေးနွေးလေးကဲ့သို့ အခြားအရည်များ (သို့မဟုတ်) လက်ဆတ်သော
သစ်သီးဖျော်ရည်များ တိုက်ကျွေးခြင်းဖြင့်လည်း ခန္ဓာကိုယ်က ဆုံးရှုံးသွားသော
စွမ်းအင်များပြန်ပြည့်စေသည်။
ကလေးကို လည်ပင်းနာခြင်း သက်သာစေရန် ရေနွေးတစ်ခွက်ထဲသို့
ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်၍ တစ်နေ့လျှင် နှစ်ကြိမ် ပလုတ်ကျင်းခိုင်းပါ။
ဆားပါဝင်သော ရေက နာကျင်မှုကို သက်သာစေနိုင်သည်။
အအေးမိခြင်း၊ ချောင်းဆိုးခြင်းတို့ကဲ့သို့ ခံတွင်းဆိုင်ရာ
ရောဂါကူးစက်မှုများကို နနွင်းမှုန့်ဖြင့် ကုသနိုင်ကဲ့သို့
နွားနို့ပူပူတစ်ခွက်ထဲသို့ နနွင်းမုန့်ထည့်ပြီးညတိုင်းသင့်ကလေးကို တိုက်ပါ။
လည်ချောင်းယားယံခြင်းနှင့် နှာစေးခြင်းတို့အတွက် နနွင်းမှုန့်ထည့်ထားသော
နွားနို့သောက်သုံးပါ။
Credit - 7DAY DAILY
No comments:
Post a Comment