အကြမ်းဖက်အဖွဲ့ အစည်းတစ်ခုနှင့် ဆက်သွယ်ကာ ရန်ကုန်မြို့ရှိ အဆောက်အအုံ
သုံးခုတွင် ဖောက်ခွဲရေးဓာတုပစ္စည်းများ သိုလှောင်ထားသည်ဆိုသည့်
အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲ
တပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ များမှာ ကရင်ပြည်နယ် ကော့က ရိတ်မြို့တွင် နေထိုင်သူ တိုင်းရင်းဆေးဆရာတစ်ဦးနှင့် ရန်ကုန်မြို့ တွင်နေထိုင်သူ အမျိုးသားနှစ်ဦး ဖြစ်သည်။ ၎င်းတို့သည် တောင်ဒဂုံစက်မှုဇုန်ရှိ ဂိုဒေါင်တစ်လုံးနှင့် တာမွေအ၀ိုင်းအနီးရှိ အိမ်တစ်
အိမ်တွင် ပေါက်ကွဲစေတတ်သော ဓာတုပစ္စည်းများပါရှိသည့် ပိုတက်ဆီယမ်နိုက်ထရိတ် အိတ်ပေါင်း ၃၃၀ ကို သိုလှောင်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ပိုတက်ဆီယမ်နိုက်ထရိတ်က ပေါက်ကွဲစေတတ်တဲ့ ဓာတုပစ္စည်းတွေ ပါတယ်လေ။ ရန်ကုန်စက်ဆန်းမှာ ပေါက်ကွဲတုန်းက အဲဒီဟာတွေ၊ ဒီဟာတွေက စိုက်ပျိုးရေးလုပ်ငန်းမှာ သုံးတယ်ဆိုပေမယ့် ပမာဏများလို့ ဖောက်ခွဲရေးပစ္စည်းလို့ ပြောလို့ရတာပေါ့။ နောက်ပြီး အခု ဖမ်းထားတဲ့ လူတွေက အကြမ်းဖက်အဖွဲ့တွေဆီမှာ သင်တန်းတက်ခဲ့တဲ့ လူတွေ။ ဒါကြောင့် စစ်ဆေးနေတယ်’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။
ကော့ကရိတ်မြို့ အမှတ် (၃)ရပ်ကွက်တွင် တိုင်းရင်းဆေးဆိုင်ဖွင့် ဆေးကုနေသူ အမျိုးသားတစ်ဦးကို စက်တင်ဘာ လကုန်တွင် ဖမ်းဆီးခဲ့ပြီးနောက် ၎င်းကို စစ်ဆေးချက်အရ ရန်ကုန်မြို့ခံ အမျိုးသားနှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိက ပြောသည်။
ရှမ်းရိုးမ တိုင်းရင်းဆေးဆိုင်ပိုင်ရှင် အမျိုးသားသည် သီရိလင်္ကာနိုင်ငံတွင် နေထိုင်ခဲ့ပြီး အဆိုပါနိုင်ငံ၏ အသိအမှတ်ပြု တိုင်းရင်းဆေးကု လက်မှတ်ဖြင့် ဆေးကုနေခြင်းဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲ အရာရှိကြီးတစ်ဦးက အတည်ပြု ပြောကြားသည်။
‘‘ဒီက လက်နက်ကိုင်အဖွဲ့တစ်ခုကိုဝင်ပြီး လူအယောက် အစိတ်လောက်ကို သင်တန်းပေးနေတာ သိတယ်။ ဒီက ရဲဖမ်းရင် ရှုပ်ကုန်မှာစိုးလို့ အပေါ်က လာဖမ်းတာ ဖြစ်လိမ့်မယ်။ ဒီမှာတော့ သွေးတိုးရောဂါဆိုရင် နားရွက် သွေးကြောဖြတ်ပေးတာမျိုးတွေ လုပ်တယ်။ သူ့ကို အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဖောက်ခွဲရေးတွေလုပ်မယ်လို့ သတင်းရလို့ လာဖမ်းသွားတာလို့ သတင်းကြားရတယ်’’ ဟု ကရင်ပြည်နယ် အစိုးရ အဖွဲ့နှင့် နီးစပ်သည့် ကော့ကရိတ်မြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဆေးခန်းပိုင်ရှင် အမျိုးသားကို ကော့ကရိတ်မြို့တွင် ဖမ်းပြီး နောက် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ကျောက်တံတား မြို့နယ်တွင် နေထိုင်သော အမျိုးသားနှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းတို့ သိုလှောင်ထားသည်ဆိုသည့် ပိုတက်ဆီယမ်နိုက်ထရိတ် အိတ်များကို သိမ်းပြီးနောက် လက်ရှိအချိန်တွင် မရမ်းကုန်းမြို့နယ်ရဲစ ခန်း၌ ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှုဥပဒေ ၅-ညဖြင့် အမှုဖွင့်စစ် ဆေးနေကြောင်း သတင်းရရှိ သည်။

Credit - 7DAY DAILY
No comments:
Post a Comment