ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNLA, KNDO, DKBA, KNU/KNLA-PC အဖွဲ့လေးဖွဲ့က ကော်သူးလေတပ်မတော် (Kawthoolei Armed Forces - KAF) ကို ယမန်နေ့က ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်တစောင် ထွက်ပေါ်လာသည်။
ကြေညာချက်တွင် လက်မှတ်ရေးထိုးထားသူများမှာ KNLA ဒုတိယစစ်ဦးစီးချုပ်၊ KNDO ဦးစီးချုပ်၊ DKBA စစ်ဦးစီးချုပ်၊ PC အဖွဲ့မှ ဗိုလ်မှူးကြီးတိုက်ဂါးတို့ လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါကြေညာချက် ထုတ်ပြန်သည်မှာ ဟုတ်မှန်ကြောင်း DKBA ဗဟိုမှ တပ်မှူးတဦးက အတည်ပြုပြောဆိုသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ (+၆၆) ၉၀၁၄၇၉၈၉၃ သို့ ဆက်သွယ်ရန်လည်း သီးခြားထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။
KNU ဗဟိုမှ ယခုကိစ္စနှင့်ပတ်သက်၍ တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးသည့် အတွက် ကရင်အမျိုးသားထုအတွင်း အထူးစိုးရိမ်ပူပန်မှုများ ဖြစ်ကြရသည်ဟု ပြောဆိုနေကြသည်။
နောက်ဆက်တွဲသတင်းအသေးစိတ်ကိုမကြာမီဆက်လက်တင်ပြပေးသွားပါမည်။
Credit - ကရင်အမျိုးသား(မီဒီယာ)


No comments:
Post a Comment