အုပ်စုပွဲစဉ်များ ပြီးဆုံးပြီးနောက် အုပ်စု(က)မှ ထိုင်းနှင့်မြန်မာ၊ အုပ်စု(ခ) မှ ယူအေအီးနှင့် ဥဇဘတ်ကစ္စတန်၊ အုပ်စု(ဂ) မှ ဂျပန်နှင့်တရုတ်၊ အုပ်စု(ဃ)မှ ကာတာ နှင့် မြောက်ကိုရီးယားတို့ တက်ရောက်ခဲ့ ပြီး နာမည်ကြီး လက်ရှိချန်ပီယံ တောင်ကိုရီးယား၊ သြစတြေးလျနှင့် အီရန်တို့ အုပ်စု အဆင့်မှ လှည့်ပြန်ခဲ့ရခြင်းက ပြိုင်ပွဲ၏ အကြိတ်အနယ်ရှိပုံကို ဖော်ပြခဲ့သည်။
““ဒီပြိုင်ပွဲက ဆုကြေးလုံးဝ မချီးမြှင့် ပါဘူး။ ဒါပေမဲ့ အခုကန်မယ့် ကွာတား (၄)ပွဲမှာ အနိုင်ရပြီး ဆီမီးတက်မယ့် (၄)သင်းဟာ လာမယ့် ၂၀၁၅ ခုနှစ် နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ကို ရရှိမှာပါ။ ဒါကြောင့် ကွာတားဖိုင်နယ်ပွဲတွေဟာ အသင်းအားလုံး အတွက်ကတော့ ဗိုလ်လုပွဲပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ကတော့ သမိုင်းဝင်အောင်ပွဲတခု ဖြစ်သွားနိုင်ပါတယ်””ဟု မြန်မာ ယူ-၁၉ အသင်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးမိုးက ပြောသည်။
ကွာတားပွဲစဉ်များအဖြစ် အောက်တိုဘာ ၁၇ ရက် ညနေ ၃း၃၀ အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယူအေအီးနှင့် မြန်မာ၊ ည ၇း၀၀ နာရီ၌ ထိုင်းနှင့် ဥဇဘက် ကစ္စတန်၊ နေပြည်တော် ၀ဏ္ဏသိဒ်္ဓိကွင်းတွင် ညနေ ၃း၃၀ နာရီ၌ ဂျပန်နှင့် မြောက်ကိုရီးယား၊ ည ၇း၀၀ နာရီတွင် ကာတာ နှင့်တရုတ်တို့ အကြိတ်အနယ် ယှဉ်ပြိုင် သွားမည်ဖြစ်ကာ လက်ရှိကွာတားအတွဲ အဖက်များမှာလည်း တသင်းနှင့်တသင်း ကွာခြားချက်မကြီးမားသောကြော
““ပြိုင်ပွဲ အတွေ့အကြုံအရရော၊ ကစားသမားအတွေ့အကြုံအရပါ မြန်မာအသင်းက ကျန်အသင်းတွေထက် အား နည်းနေပါတယ်။ မြန်မာအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ အဝေးဆုံး အနေအထားမှာရှိနေပေမယ့် အခုအချိန်မှာတော့ လက်တကမ်းအကွာကိုရောက်နေပါပြ
မြန်မာအသင်းအနေဖြင့် ယူအေအီးကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက် မည်ဆိုပါက အခြားကွာတားပွဲစဉ်တခုဖြစ်သည
ယခင်က အာရှ၏ ထိပ်တန်းအသင်း တသင်းဖြစ်ပြီး ကမ္ဘာ့အဆင့် အိုလံပစ် ပြိုင်ပွဲများတွင်ပါ ၀င်ဆံ့ခဲ့သည့် မြန်မာအသင်းအနေဖြင့် ယခုတဖန် ကမ္ဘာ့အဆင့် ပြိုင်ပွဲတခုကို ပြန်လည်ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရန်အတွက် ယူအေအီးဆိုသည့် နောက်ဆုံး အတားအဆီးတခုကို ဖြတ်ကျော်ရမည် ဖြစ်သည်။ ကိုယ့်အိမ်၊ ကိုယ့်ကွင်းနှင့် ထောင်ပေါင်းများစွာသော မိမိ ပရိသတ်တွေရှေ့မှာ သမိုင်းတင်မည့် အောင်ပွဲတခုအတွက် မြန်မာအသင်းသား တွေ ဘယ်လောက်ထိစွမ်းဆောင်နိုင်မ
မြတ်ထွဋ်ကျော်
Credit- News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:
Post a Comment