Saturday, October 18, 2014

စားသောက်ကုန်များတွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများ အသုံးပြုသည်ကိုတွေ့ရှိက အမျိုးသားအစားအသောက်ဥပဒေဖြင့် တရားစွဲမည်

ရန်ကုန်၊ အောက်တိုဘာ ၁၆

ကျန်းမာ ရေးဝန်ကြီးဌာနမှ အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအား အစားအသောက်များတွင် သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝထည့်သွင်းအသုံးမပြုရန် ထုတ်ပြန် ကြေညာထားပြီးဖြစ်ရာ လိုက်နာဆောင် ရွက်ခြင်းမရှိပါက ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ဓာတုဆိုးဆေးများဖြင့် အစားအသောက် ထုတ်လုပ်ရောင်းချ သူကို အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း ကျန်း မာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေ ညာချက်များအရ သိရသည်။


''ကျွန်တော်တို့နိုင်ငံမှာ စားသုံးသူ ကာကွယ်ပေးရေး လုပ်ငန်းတွေနဲ့ပတ် သက်ပြီး ဈေးကွက်ထဲထိ ကွင်းဆင်း စစ်ဆေးလုပ်ဆောင်မှုတွေကို တာဝန် ရှိသူတွေစုပေါင်းပြီး အကောင်အထည် ဖော် ဆောင်ရွက်နေပါတယ်။ ဈေး ကွက်မှာရောင်းချနေတဲ့ စားသောက် ကုန်တွေကို ဈေးနဲ့ကျောင်းမုန့်ဈေး တန်းတွေကနေဝယ်ယူပြီး စစ်ဆေး မှုတွေလုပ်ပါတယ်။ စစ်ဆေးမှုမှာ တားမြစ်ထားတဲ့ ဓာတုပစ္စည်း၊ ဓာတု ဆိုးဆေးတွေ ပါဝင်နေတာတွေ့ရှိရင် တော့ နိုင်ငံပိုင်သတင်းစာတွေကတစ် ဆင့် စားသုံးရန်မသင့်တဲ့ စားသောက် ကုန်အဖြစ် အများပြည်သူသိရှိအောင် အသိပေးကြေညာပါတယ်။ နောက်အဲ ဒီစားသောက်ကုန် ထုတ်လုပ်သူတွေကို အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မ၂၈ (က)နဲ့ တရားစွဲဆို အရေး ယူသွားမှာဖြစ်ပါတယ်''ဟု ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
TMD
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

No comments:

Post a Comment