Tuesday, October 14, 2014

ကွာတားမှာ လုံခြုံရေးတွေ တင်းကျပ်မယ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ အာရှယူ ၁၉ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ကွာတားအဆင့် ရှုံးထွက်ပွဲတွေမှာ ဆိုးသွမ်းတဲ့ ပရိသတ်တွေကို အရေးယူမယ်လို့ လုံခြုံရေးကော်မတီ တာဝန်ရှိသူ ဦးအေးချိုက ဆိုပါတယ်။

မြန်မာအသင်းနဲ့ အီရန်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ အီရန်အသင်းက ဒုတိယ အနိုင်ဂိုး သွင်းယူပြီးချိန် မိနစ် ၈၀ အကျော်လောက်မှာ ပရိသတ်တချို့က အာရှဘောလုံး အဖွဲ့ချုပ် ဗီနိုင်းတွေကို ဆုတ်ဖြဲတာတွေ၊ ကွင်းထဲကို ထိုင်ခုံနဲ့ ရေထုပ်ရေထုတ်တွေ ပစ်ပေါက်ခဲ့တာတွေ လုပ်ခဲ့ကြပါတယ်။ ဒီပွဲမှာ မြန်မာအသင်း

ရှုံးခဲ့ပေမယ့်လည်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်တယ်လို့ ပြိုင်ပွဲ ကျင်းပရေးကော်မတီက ကြေညာတဲ့ အခါကျမှသာ ဆိုးသွမ်းတဲ့ ပရိသတ်ဟာ ငြိမ်သက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ လုံခြုံရေးအရာရှိတွေက ဝင်မထိန်းသိမ်းဘဲ အရန်မီးသတ်နဲ့ ကြက်ခြေနီတွေက ဝင်ထိန်းသိမ်း ခဲ့တယ်လို့ လုံခြုံရေးကော်မတီ တာဝန်ရှိသူ ဦးအေးချိုက ပြောပြပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာတော့ ဆူပူတဲ့ ပရိသတ်တွေအနေနဲ့ အထူးလုံခြုံရေး အဖွဲ့တွေ ထိပ်တိုက် တွေ့ဆုံမယ်လို့လည်း ဦးအေးချိုက သတိပေးစကားဆိုပါတယ်။

မြန်မာ ယူ ၁၉ အသင်းဟာ အောင်မြင်မှုရနိုင်တဲ့ အသင်းဖြစ်ပြီး နယူးဇီလန်ကို သွားနိုင်မယ်လို့ ယုံကြည်တယ်လို့ အီရန်နည်းပြချုပ်က ဆိုပါတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေအနေနဲ့ ပွဲစဉ်တစ်ပွဲရဲ့ အရှုံးကို လက်ခံနိုင်ဖို့ အသိပညာ ပေးထားသင့်တယ်လို့ လည်း အီရန်နည်းပြချုပ်က အကြံပြုပါတယ်။

Credit - The Voice Weekly

 

No comments:

Post a Comment