Tuesday, October 14, 2014

တက္ကသိုလ်များအနေဖြင့် ကျောင်းသားလက်ခံရာတွင် ဒေသမခွဲခြားဘဲ တက်ရောက်ခွင့်ပေးမည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်

ရန်ကုန်၊ အောက်တိုဘာ ၁၃

အဆင့် မြင့် ပညာရေးဥပဒေ ထွက်ရှိလာပါ က တက္ကသိုလ်များ၏ ဝင်ဆံ့အင်အား အလိုက် မည်သည့်ဒေသမှ ကျောင်း သားကိုမဆို လက်ခံ တက်ရောက် ခွင့်ပေးမည့် ပုံစံကို ပြောင်းလဲကျင့်သုံး မည်ဖြစ်ကြောင်းသိရသည်။

တက္ကသိုလ်များ၏ ကျောင်းသား လက်ခံမည့်ပုံစံကို ကျောင်းသားများ နှစ်သက်ရာ တက္ကသိုလ်သို့ ရွေးချယ် တက်ရောက်နိုင်မည့်ပုံစံသို့ ပြောင်းလဲ ကျင့်သုံး သွားမည်ဖြစ်ကြောင်း၊ လက် ရှိတွင်

အဆင့်မြင့်ပညာဦးစီးဌာနက အထက်မြန်မာပြည်နှင့် အောက် မြန်မာပြည်အလိုက်သာ ကျောင်း သားများအား ဝင်ခွင့်ပေးနေပြီး အ ဆင့်မြင့်ပညာ ဥပဒေထွက်ရှိလာပါ က ကျောင်းသားများသည် နယ်မြေကန့် သတ်မှုများ မရှိတော့ကြောင်း အဆင့် မြင့်ပညာဦးစီးဌာနမှသိရသည်။

''အဆင့်မြင့် ပညာဥပဒေထွက် လာရင် ကျောင်းသားတွေက လွတ်လပ် စွာ ရွေးချယ်ခွင့်ရှိပြီးတော့ ကိုယ် တက်ချင်တဲ့ ကျောင်းမှာ တက်ရောက် နိုင်ပြီ။ အမှတ် ကန့်သတ်တာမျိုးတွေ လဲ ရှိချင်မှရှိတော့မှာ။ လက်ရှိကအ ထက်မြန်မာပြည်က ဆယ်တန်းအောင် တဲ့ ကျောင်းသားက သူ့မိဘက ဝန် ထမ်းဖြစ်နေတယ်ဆိုပါစို့။ သူ့မိဘက အောက်မြန်မာပြည်ကိုတာဝန်ကျ တယ်ဆိုရင် သူပါလိုက်ပြောင်းရ မယ်။ အဲ့ဒီအခါကျရင်ဟိုထောက်ခံ စာလုပ်ရ၊ ဒီထောက်ခံစာ လုပ်ရနဲ့ အောက်မြန်မာပြည်က ကျောင်းကို ဝင်ခွင့်ရဖို့ အဆင့်ဆင့် လုပ်နေရ တာ ကရိကထ များတာပေါ့။ ခုလို ဝင်ခွင့်တွေနဲ့ရွေးချယ် လိုက်ရင် သူ တို့ ဘယ်ပြောင်းပြောင်း အဆင်ပြေ တာပေါ့''ဟု အဆင့်မြင့်ပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

လက်ရှိတက္ကသိုလ်များတွင် ဒေသ လိုအပ်ချက်အရသာ တက္ကသိုလ်ဝင် ခွင့်များကို ရွေးချယ်သတ်မှတ်ပေး နေပြီး ကျောင်းသားများမှာအထက် မြန်မာပြည်မှကျောင်းသား တစ်ဦး သည်အောက်မြန်မာပြည်တက္ကသိုလ် သို့ကျောင်းတက်ရောက်ရန် အဆင့် များစွာဖြတ်ကျော်နေရကြောင်း သိရ သည်။

''အဲ့ဒီဥပဒေထွက်လာရင် ကိုယ့် ကျောင်းအလိုက်ပဲ လက်ခံမယ်။ကျောင်းလခဆိုရင်လဲ ပြောင်းလဲသွား မှာတွေရှိတယ်။ အခု လက်ခံနေတဲ့ ပုံစံက ဥပမာ မိတ္ထီလာတက္ကသိုလ် ဆိုရင် သူ့ပတ်ဝန်းကျင်က ကျောင်း သားကျောင်းသူတွေကိုပဲ လက်ခံ တယ်။ နောက်ဆိုရင် မြစ်ကြီးနားက ကျောင်းသားက ရန်ကုန်မှာ သူတက် ချင်တဲ့တက္ကသိုလ်ကိုသွားလျှောက်လို့ ရမယ်။ ဝင်ခွင့်ဖြေဖို့၊ အောင်ဖို့တော့ လိုတာပေါ့။အခုဟာကအထက်မြန် မာပြည်က ဆေးကျောင်းတက်ချင် တဲ့ ကျောင်းသားက အထက်မြန်မာ ပြည်မှာ ဆေးတက္ကသိုလ်ရှိတဲ့ နေရာ မှာပဲ သွားလျှောက်လို့ရတယ်။ အောက် မြန်မာပြည်မှာ လာလျှောက်လို့မရ ဘူး''ဟု မန္တလေးတက္ကသိုလ် ပါမော က္ခချုပ်ဒေါက်တာမောင်သင်းက ပြော သည်။

လက်ရှိတွင်အဆင့်မြင့်ပညာ ဦးစီးဌာနအထက်မြန်မာပြည်လက် အောက်တွင်တက္ကသိုလ်ဒီဂရီကော လိပ် ၂၆ကျောင်းရှိပြီး၊ အဆင့်မြင့် ပညာဦးစီးဌာန အောက်မြန်မာပြည် လက်အောက်တွင် တက္ကသိုလ် ဒီဂ ရီကောလိပ် ၂၁ကျောင်း ရှိကြောင်း သိရသည်။

ATK

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

 

No comments:

Post a Comment