အဆင်သင့်မဖြစ်သေးသည့် ပြည်တွင်း SMEs လုပ်ငန်းနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း ဘယ်လိုခရီးဆက်မလဲ
မောင်သန်းနိုင်၊ အာကာစိုး
နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်
မှုသည် ယင်းနိုင်ငံရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံသည်။ လုပ်ငန်းများအောင်မြင်ရန် သေး
သေးလေးမှစတင်ကြရသည်။တဖြည်းဖြည်း ကြီးထွားရန် ကြိုးပမ်းရသည်။ ယင်းကဲ့သို့ ကြိုး ပမ်းမှုတွင် ငွေကြေး၊ နည်းပညာနှင့် အခြားအ ခြေခံအဆောက်အအုံများစွာ လိုအပ်သည်။
လက်ရှိကမ္ဘာ့စီးပွားရေးစာမျက်နှာထက်
တွင် နေရာယူထားသည့် နိုင်ငံများသည် ယင်း တို့၏ စီးပွားရေးလုပ်ငန်းများကို
အသေးစား နှင့် အလတ်စားလုပ်ငန်းများမှ စတင်ခဲ့သည်။ နောက်ပိုင်းတွင်
သေးသေးလေးဖြင့် စခဲ့သည့် လုပ်ငန်းများသည် ကမ္ဘာ့အဆင့်ကို ရောက်ရှိလာ ကြသည်။
အလားတူ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ နိုင်ငံများနည်းတူ စီးပွားရေး
တိုးတက်ရန်ကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ(Small and Medium
Enterprise (SMEs)) နှင့် အားကောင်းစွာ လည်ပတ်နိုင်ရေးအတွက်
ကြိုးပမ်းနေချိန်ဖြစ်သည်။ မြန်မာ့စီးပွားရေးအ ဆောက်အအုံတွင်
၉ဝရာခိုင်နှုန်းကျော်အား ကိုယ်စားပြုနေသည်မှာ အသေးစားနှင့်အလတ် စား
စီးပွားရေးလုပ်ငန်းများ(SMEs)ဟုဆို သော်လည်း ယနေ့အချိန်အထိ ယင်းလုပ်ငန်းများ အတွက် တိကျသောဥပဒေပြဋ္ဌာန်းချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ မရေရာသေးပေ။
လာမည့် ၂ဝ၁၅ ခုနှစ် အကြိုဝင်ရောက်နေသည့် နိုင်ငံခြားလုပ်ငန်းများနှင့်အတူ အာဆီယံစီး ပွားရေးအသိုက်အဝန်း (Asean Economic Community ) ရုပ်လုံးပေါ်လာချိန်တို့တွင်
ဝင်ရောက်လာမည့် နိုင်ငံတကာလုပ်ငန်းများ နှင့် ပြည်တွင်းရှိအသေးစားနှင့်
အလတ်စား လုပ်ငန်းများ၏ အနာဂတ်ဟူသည် ဘယ်လဲဆို သည်မှာ လုပ်ငန်းရှင်များသာမက
စီးပွားရေး ပညာရှင်များ အကြားဖြစ်ပေါ်နေသည့် မေးခွန်း များဖြစ်သော်လည်း
မည်သူမျှအဖြေမပေးနိုင် သည့်အခြေအနေဖြစ်သည်။
မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ် စား လုပ်ငန်းပေါင်း နှစ်သိန်းကျော်
ရှိနေပြီး ယင်းလုပ်ငန်းစု၏ စီပွားရေးသမားများ သည် ပင် မိမိတို့လုပ်ငန်းများ
သက်ဆိုင်ရာဌာနများ တွင် မှတ်ပုံတင်ရကောင်းမှန်း မသိရှိသေးသည့် အပြင်
လုပ်ငန်းရှင်ထံအရောက် မှတ်ပုံတင်ရန် လုံလောက်သော အခြေအနေ မပေးသေးပေ။
ဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းများ ၏ အနေအထားမှာလဲ မုန့်လုံး စက္ကူကပ်နေ
သည့် အခြေအနေပင်။ အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် ပြည်တွင်း အသေးစားနှင့်
အလတ်စား လုပ်ငန်းများ၏ အခြေအနေမှာ ရင်ခုန်စိတ်လှုပ်ရှားစရာများနှင့်အတူ ကြုံတွေ့ ရတော့မည်။
SMEs လုပ်ငန်းများ၏အဓိပ္ပာယ်
**********************************
နိုင်ငံတကာတွင် SMEs လုပ်ငန်းများ နှင့်ပတ်သက်ပြီး ပုံစံအမျိုးမျိုး
သတ်မှတ်ချက် အမျိုးမျိုးရှိသည်။ ထိုင်းနိုင်ငံတွင် အသေးစား နှင့် အလတ်စား
စီးပွားရေးဟူသည် လုပ်သား အင်အား ၂ဝဝအောက်နှင့် ဘတ်ငွေသန်း ၁ဝဝ အောက်ဟု
သတ်မှတ်သည်။စင်ကာပူ နိုင်ငံတွင် လုပ်ငန်းခွင်အတွင်းအသုံးပြုသည့်စက် ပစ္စည်းနှင့် အလုပ်အကိုင်ပေါ် မူတည်ကာ ဒေါ်လာ ၁၂သန်းအောက်ကုန်ထုတ်လုပ်ငန်း
များအဖြစ်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု
ငါးဘီလီယံအောက်ရှိရမည်ဖြစ် ပြီး အင်ဒိုနီးရှားနိုင်ငံ၏ အသေးစားနှင့် အလတ်
စားတွင် လုပ်သားဦးတည် သတ်မှတ်ပြီး ၁ဝဝ ထက်မကျော်ဟုဆိုသည်။
လက်ရှိမြန်မာနိုင်ငံ၏ SMEs သတ်မှတ် ချက်တွင် လုပ်သားအင်အား ၅ဝ အောက်၊
ရင်းနှီးမတည်ငွေ ကျပ်တစ်သန်းနှင့် နှစ်စဉ် ထုတ်လုပ်မှု ကျပ်
၂ဒသမ၅သန်းအထိဖြစ်ကာ မြင်းကောင်ရေ ၃မှ ၂၅အောက်ကို အသေး
စားလုပ်ငန်းအဖြစ်လည်းကောင်း၊
အလတ်စား လုပ်ငန်းများတွင် လုပ်သားအင်အား ၅ဝမှ ၁ဝဝအောက်၊ ရင်းနှီးမတည်ငွေ
ကျပ်တစ်သန်း မှ ၅သန်းအထိ နှစ်စဉ်ထုတ်လုပ်မှု ကျပ် ၂ဒသမ၅သန်းမှ
၁ဝသန်းသတ်မှတ်ပြီး မြင်း ကောင်ရေ ၂၅မှ ၅ဝအထိလုပ်ငန်းများကို ဆိုလိုသည်ဟု
စက်မှုဝန်ကြီးဌာန၏ သတ်မှတ် ချက်တွင် ဖော်ပြထားသည်။
စီးပွားရေး ပညာရှင်ဒေါက်တာဂျော့စိုး ဝင်းက ''အစိုးရရဲ့ စာရင်းဇယားတွေအရအသေး
စားနဲ့ အလတ်စားလုပ်ငန်းက ၁ဒသမ၂သိန်း လောက်ရှိတယ်လို့ ပြောတယ်။ တကယ်တမ်း
ဆိုရင်ဒီထက်ပိုများတယ်။ SME, SMI ကို ကွဲကွဲပြားပြားရှိဖို့လိုတယ်။
အသေးစား၊ အ လတ်စားလုပ်ငန်းနဲ့ ပတ်သက်ပြီး လွှတ်တော် တင်ထားတဲ့
ဥပဒေမူကြမ်းမှာဆိုရင် အသေး စားလုပ်ငန်းမှာက လူဦးရေ ဘယ်လောက်ရှိရ မယ်။
ရင်းနှီးမတည်ငွေက ဘယ်လောက်အောက် ရှိရမယ်ဆိုပြီး အများဆုံး
ပမာဏတွေကိုပဲပြထား တယ်။ အနည်းဆုံးကို မပြောထားဘူး၊ တခြား
နိုင်ငံတွေမှာဆိုရင် အနည်းဆုံး ဘယ်လောက် ကနေ အများဆုံး
ဘယ်လောက်ရှိရမယ်ဆိုတဲ့ ကန့်သတ်ချက် ရှိတယ်။ SME မှာဆိုရင်စက်မှု စွမ်းအားကို
ထည့်သွင်းစဉ်းစားဖို့ မလိုပေမယ့် SMEI မှာ ဆိုရင်တော့ စက်စွမ်းအား (မြင်း
ကောင်ရေ) ဘယ်လောက် ဆိုတာမျိုးကိုထည့် သွင်းထားဖို့လိုတယ်'' ဟု ဆိုသည်။
SMEs လုပ်ငန်းဥပဒေ
*************************
လက်ရှိတွင်ထွက်ရှိခြင်းမရှိသေးသည့်
SMEs ဥပဒေမူကြမ်းအရ အသေးစားလုပ်ငန်း ဆိုသည်မှာ ထုတ်လုပ်မှုအမျိုးအစားတွင်
လုပ် သား အင်အားအရေအတွက် ၁ဝဦးမှ ၇ဝဦး ထိရှိရာ အရင်းအနှီးထည့်ဝင်ငွေ
ကျပ်သန်း ၅ဝဝ၊ ဝန်ဆောင်မှုတွင် ဝန်ထမ်းအရေအတွက် ၁ဝဦးမှ ၅ဝဦးထိရှိရာ
အရင်းအနှီးထည့်ဝင်ငွေ ကျပ်သန်း နှစ်ရာထိရှိသော လုပ်ငန်းများဟု ဆိုသည်။
အလတ်စားလုပ်ငန်းများ၌ ထုတ်လုပ်မှု တွင် အသုံးပြုသည် လုပ်သားအရေအတွက် ၇ဝမှ
၁၅ဝဦး ရှိရမည်။ ယင်းအပြင် ထည့်ဝင် ရင်းနှီးငွေအားဖြင့်ကျပ်သန်း
၁ဝဝဝအထိရှိရ မည်ဖြစ်ပြီး ဝန်ဆောင်မှု လုပ်ငန်းများတွင် ဝန် ထမ်းအင်အား ၅ဝ
မှ၁ဝဝ အထိ ရှိရမည်ဖြစ် ကာ ကျပ်သန်း ၅ဝဝ အောက်ဖြစ်ရမည်ဟုပြဆို ထားသည်။
လက်ရှိအချိန်အထိ အဆိုပါဥပဒေကို လွှတ်တော်အတွင်း ဆွေးနွေးမှုမရှိသေးပေ။
ဥပဒေကြောင်းအရာ ခိုင်မာမှုမရှိသေးသည့် ပြည်တွင်း အသေးစားနှင့် အလတ်စား
လုပ်ငန်း များအတွက် ယင်းအချက်သည့် ရတက်မအေး စရာ အခြေအနေဖြစ်လာသည်။
အသေးစားနှင့်အလတ်စားလုပ်ငန်းရှင် ဦးဇော်မြင့်က ''ဥပဒေက မရှိ၊ ချေးငွေက မရနဲ့ အေအီးစီလာရင်တော့ အကုန်လုံးတော့ ပြုတ် ကုန်မယ်''ဟု မှတ်ချက် ပေးသည်။
SMEs များသည် မြန်မာနိုင်ငံပုဂ္ဂလိက လုပ်ငန်းကဏ္ဍတွင်
လုပ်ငန်းပေါင်းနှစ်သိန်း ကျော်ရှိနေပြီး ယင်းတို့အား အင်းအားကြီးစီပွား
ရေးလုပ်ငန်းကြီးများမှ ဝါးမျိုမှုကင်းဝေးစေရန် အတွက်ဆိုလျှင် ရေးဆွဲနေသည့်
SMEs ဥပဒေတစ်ခုတည်းဖြင့်ကာကွယ်ရန်လုံလောက်မှု
မရှိဘဲ အစိုးရနှင့် ကုန်သည်စက်မှုလက်မှုအသင်း ချုပ်ကဲ့သို့
ဒေသတွင်းအဖွဲအစည်းများ၏ ပံ့ပိုး ကူညီမှုရရှိရေးမှာလည်း အရေးကြီးကြောင်း
မြန်မာနိုင်ငံ၏အသေးစား အလတ်စားလုပ်ငန်း များအား အကူအညီပေးနေသော နိုင်ငံတကာ
ပညာရှင်များနှင့် ဥပဒေရေးဆွဲရေးပညာရှင်များ မှအကြံပြုထားသည်။
SMEs တွေလိုအပ်တာ ချေးငွေလား နည်းပညာလား . . .
******************************************************
ပြည်တွင်းရှိအသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရန်အတွက်ငွေကြေးအပြင်
နည်းပညာ လိုအပ်ချက်များလည်း ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော်
ပြည်တွင်း၌လက်ရှိ လုပ်ကိုင်နေသည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများတွင်
ထုတ်ကုန်များကို တန်ဖိုးမြင့် ထုတ်လုပ်နိုင်သည့်လုပ်ငန်းများက နည်းပါး နေသေးသည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက
''လက်ရှိအသေးစားနဲ့အလတ် စားလုပ်ငန်းတွေဟာ ခေတ်မမီတော့ဘူး။ သူတို့ ရဲ့
လုပ်ငန်းတိုးတက်ဖို့ကလဲ အရာရာတိုင်းမှာ နောက်ကျနေတယ်။ လုပ်ငန်း တိုးတက်ဖို့
အတွက် ငွေရေးကြေးရေး ရယူနိုင်တဲ့ အခြေ အနေရှိရမယ်။
ငွေကြေးရင်းနှီးမြှုပ်နှံဖို့အတွက် အရင်းအနှီး ရှာနိုင်ရမယ်။ ပြည်တွင်းလုပ်ငန်း တွေက တန်ဖိုးမြင့်ထုတ်ကုန်တွေထုတ်လုပ်ဖို့
အတွက်ဆိုရင် အသေးစားနဲ့အလတ်စားလုပ်ငန်း တွေက အရမ်းအရေးကြီးတယ်။
အရေးကြီးတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် အခုအချိန်က ငွေရေးကြေးရေး
အရမ်းလိုအပ် နေတယ်''ဟုဆိုသည်။
SMEsလုပ်ငန်းတွေအတွက်ချေးငွေ ဘယ်လိုချေးပေးနေလဲ
***************************************************************
လက်ရှိတွင် SMIDB ဘဏ်မှ လုပ်ထုံး လုပ်နည်းများနှင့်အညီ ချေးငွေများကို အတိုး နှုန်း ၈ဒသမ၅ရာခိုင်နှုန်းအတိုးဖြင့် အချိန် ကာလသုံးနှစ်အထိ စီးပွားရေးအလားအလာ ကောင်းမွန်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်း အားချေးငွေများထုတ် ချေးထားကြောင်း သိရသည်။
အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်း
များ ဖွံ့ဖြိုးရေးဘဏ်မှ အကြံပေးဦးစံသိန်းက ''အသေးစား
အလတ်စားလုပ်ငန်းတွေကို ထောက်ပံ့ပေးမှု အပိုင်းမှာ အားနည်းနေတယ်
ဆိုတာအမှန်ပါပဲ။ လောလောဆယ် SMIDB က ဘီလီယံ၃ဝပဲ ထုတ်ချေးပေးထားတယ်။ တ
ကယ်တော့ SMEs တွေကို စနစ်တကျနဲ့အလုံ အလောက် ချေးပေးချင်တယ်။ အခု ချေးငွေ
တွေက ကာလရှည်ချေးငွေ ဖြစ်သင့်တယ်။ အခုကတစ်နှစ်ပဲ ချေးနိုင်တယ်။ တကယ်ဆိုရင်
SMEs တွေကို သုံးနှစ် ဒါမှ မဟုတ်ရင် ငါးနှစ် လောက် ချေးသင့်တယ်။ အဲဒီလို
ချေးဖို့ဆိုရင် ပြင်ပကနေ Fun ရမှ ချေးနိုင်မယ်။ ဥပမာ
အစိုးရပိုင်းကဖြစ်ဖြစ်၊ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းတွေကပဲဖြစ်ဖြစ်ရမှ
ချေးပေးနိုင်မှာ ဖြစ်တယ်။ အခု နိုင်ငံခြားဘဏ်တွေဝင်လာပြီ ဗဟိုဘဏ်က
ခွင့်ပြုတာတော့ ပြည်တွင်းဘဏ် တွေကို သူတို့ငွေချေးနိုင်တယ်။ ကာလရှည်
ချေးပေးမယ်ဆိုရင် SMEs တွေ အနေနဲ့ကာလ ချေးငွေရဖို့ အလားအလာ ရှိတယ်လို့
ပြောလို့ ရတယ်'' ဟုဆိုသည်။
SMEs လုပ်ငန်းတွေနဲ့ AEC
******************************
ပြည်တွင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ အနေဖြင့် မဖြစ်မနေ ကြုံရမည့်
အရာသည် အာဆီယံ စီးပွားရေးအသိုက်အဝန်း ပင်ဖြစ်သည်။ အာဆီယံစီးပွားရေး အသိုက်
အဝန်း (AEC) အကောင်အထည်ဖော်ဆောင် ရာတွင် မြန်မာနိုင်ငံ၏
ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများသည် အရည်အသွေး ကောင်းသော
ကုန်စည်များ၊ ဝန်ဆောင်မှုများ ဖြစ်ရန် လိုအပ်သကဲ့သို့ ကုန်ကျစရိတ်လျော့နည်း
ရန်လည်း လိုအပ်သည်။
ကုန်ကျစရိတ် လျော့နည်းပြီး အရည်အသွေး
ကောင်းမွန်ရန်မှာ ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင်
နည်းပညာများ အဓိကလိုအပ်ပြီး အများအပြားထုတ်လုပ်နိုင်ရန် အတွက် ငွေကြေးအရင်းအနှီးအပြင် ကျွမ်းကျင် လုပ်သားများလည်း လိုအပ်သည်။
စီးပွားရေးပညာရှင်ဒေါက်တာဂျော့စိုး
ဝင်းက ''တကယ်တမ်း အေအီးစီလာမယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ SME
တော်တော်များက တော့ ဒုက္ခရောက်နိုင်တယ်။ တစ်မြို့နယ်ထဲဒေ သတစ်ခုထဲမှာရှိတဲ့
လုပ်ငန်းတူတွေ ၅ခု၁ဝခု လောက်ပေါင်းထားဖို့တော့ လိုတယ်။ လက်ရှိ ပြည်တွင်း
SME တွေက ပြည်ပကလုပ်ငန်းတွေ နဲ့ ယှဉ်ရင် အများကြီးကွာနေတယ်။ နည်းပညာ
ပိုင်းကို ကြည့်မလား။ စက်ပစ္စည်းပိုင်း၊ ထုပ်ပိုး တဲ့ ကွာလတီ အားလုံးကွာတယ်၊
အလုပ်သမား ပိုင်းမှာဆိုရင်လဲ ဒီမှာကနီးစပ်ရာကိုခေါ်ပြီးခန့်
လိုက်တယ်။ သူများ နိုင်ငံတွေမှာ ဝန်ထမ်းတွေ အလုပ်သမားတွေနဲ့ပတ်သက်ပြီး
ကျွမ်းကျင်မှု သင်တန်းတွေ၊ ဆာတီဖီကိတ်တွေနဲ့ အလုပ်ခန့် တယ်။
ဘဏ္ဍာရေးပိုင်းမှာဆိုရင်တော့ အများကြီး ကွာတယ်''ဟုဆိုသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းလှိုင်က ''အေအီးစီဝင်လာလို့
ပြည်ပကဝင်လာမယ့် ပစ္စည်းတွေနဲ့ ဘယ်လိုမှ မယှဉ်နိုင်တော့ဘူး။
ဈေးနှုန်းတင်မဟုတ်ဘူး။ အရင်းအနှီးမလုံလောက် တဲ့အတွက် လိုအပ်တဲ့
ခေတ်မီစက်ကိရိယာတွေ နည်းပညာတွေ မသုံးနိုင်ဘူး။ အခုဒီမှာက သမား
ရိုးကျနည်းနဲ့ပဲ ထုတ်လုပ်နေရကြတယ်။ အဘက် ဘက်က အားနည်းနေတယ်။ တကယ်တမ်း SME
တွေ ဖွံ့ဖြိုးချင်တယ် ဆိုရင် သက်ဆိုင်ရာ ဌာနတွေ အားလုံး ပါဝင်ပြီး SME
လုပ်ငန်းရှင် တွေ လုပ်သာ ကိုင်သာရှိအောင် စီစဉ်ပေးသင့် တယ်''ဟုဆိုသည်။
လက်ရှိအချိန်တွင် လှုပ်ရှား ရုန်းကန်နေရ သည့် အသေးစားနှင့် အလတ်စား လုပ်ငန်း များမှာ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့်
ဖြစ်ပေါ်လာသည့် အခွင့်အလမ်းများအား အနည်း ငယ်မျှဝေ ခံစားခွင့်ရရှိလာပြီဟု
ဆိုသော်လည်း ယင်းတို့၏လုပ်ငန်း ချဲ့ထွင်ရန်လိုအပ်နေသည့် အရင်းအနှီး၊
နည်းပညာ၊ ဈေးကွက်၊ လိုအပ် သော နိုင်ငံတကာသတင်း အချက်အလတ်၊ လုပ်သား၊
အခွန်သက်သာခွင့်များ ရရှိရန်နှင့် တိကျ ခိုင်မာသော မူဝါဒများထွက်ပေါ်လာရေး
အတွက် အစိုးရ၏ တုံ့ပြန်လုပ်ဆောင်မှုမှာ လျင် မြန်ရန်လိုအပ်နေသည်။
ဦးနှင်းဦးက''AEC မှာဆိုရင် ပြည်တွင်း SME တွေ ဒီလိုပဲ
လည်စင်းခံသွားဖို့ပဲရှိ တယ်။ ကြာရင်လဲ ပျောက်သွားမှာပေါ့နော်။
တချို့ကပြောတယ်။ သူများနိုင်ငံတွေမှာလဲ SME တွေက လေးသန်းလောက် ပေါ်တယ်။ ပျက်
သွားတယ်။ သူတို့ဆီမှာ ပျောက်သွားတာက ဒီလိုအချက်ကြောင့် ပျောက်သွားတာ မဟုတ်
ဘူး။ အခြားအကြောင်းကြောင်းတွေပျက်တာ။
ပျက်နှုန်းနဲ့ဖြစ်နှုန်း ပြန်တွက်တော့ ဖြစ်နှုန်းက များတယ်။ လေးသိန်းလောက်
ပျောက်သွားပြီး လေးသန်းလောက်ပေါ်လာတယ်။ ကျွန်တော် တို့က လေးသန်းလောက်
ပျောက်သွားပြီးတော့ လေးသိန်း လောက်ပေါ်လာတယ်။ ဘယ်လိုမှ မကိုက်ဘူး''
ဟုဆိုသည်။
SMEs လုပ်ငန်းတွေကို နိုင်ငံတော်က ဘာတွေလုပ်ပေးဖို့လိုမလဲ
********************************************************************
နိုင်ငံ့စီးပွားရေး၏ ရာခိုင်နှုန်း ၉ဝကျော် ကိုယ်စားပြုသည့် SMEs
လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးအပေါ် အရေးပါမှုကြောင့် နိုင်ငံ
တော်သမ္မတမှ အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အားဖွဲ့စည်း၍ ဥက္ကဋ္ဌတာဝန်ထမ်းဆောင် ကာ
လုပ်ငန်းကော်မတီများဖွဲ့စည်းကာဆောင်ရွက်ခဲ့သည်။
ယင်းကော်မတီအစည်းအဝေးမှတ်တမ်း များအရ အနာဂတ်လုပ်ငန်းစဉ်များအား အသေး စိတ်ပြောဆိုခဲ့သော်လည်း ယင်းတို့အားအကောင် အထည်ဖော်ရန် ခိုင်မာမှုရှိစေရန်အတွက်လိုက်
ပါလာရမည့် ဥပဒေနှင့်နည်းဥပဒေများ ထွက် ပေါ်လာရန်နှင့် လုပ်ထုံးလုပ်နည်းများ
အသေး စိတ် သတ်မှတ်ပေးရန် လိုအပ်နေသေးသည်ဟု ဒီမိုကရေစီတူဒေးသတင်းစားမှမေးမြန်းသည့် စီးပွားရေးလုပ်ငန်းများက ဆိုသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းလှိုင်က ''အခု SME တွေအတွက် လုပ်ပေးတယ်
ဆိုတာ က ပေါ်လစီအရပဲ လုပ်ပေးသလိုပဲ ဖြစ်နေတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာတွေ
မဖြစ်လာဘူး။ ငွေ ထုတ်ချေးပေးတာ တစ်ခုတည်းနဲ့တော့ အဆင် မပြေဘူး။
လုပ်ငန်းတွေမှာ မလိုအပ်ဘဲ ကုန် ကျနေတာတဲ့ စရိတ်တွေ မရှိအောင်လဲ ဆောင်
ရွက်ပေးသင့်တယ်။ ချေးငွေကတော့ရင်းလိုက် ရင် ကုန်သွားမှာပဲ အဲဒီငွေကို
မလိုအပ်တဲ့ ကုန် ကျစရိတ်တွေ မရှိဖို့လိုတယ်။ လုပ်ငန်းရှင်တွေ အတွက် အခြေခံ
အဆောက်အအုံကလဲ မလုံ လောက်ဘူး။ အဲဒီအတွက် လုပ်ငန်းတွေ လျှပ်စစ် ရဖို့
ကိုယ့်ဘာသာကိုယ် ဆောင်ရွက်ရတယ်။ ထရန်စဖော်မာလဲ ကိုယ့်ဘာသာကိုယ် ဝယ်ရ တယ်။
တပ်ဆင်ခလဲ ကိုယ့်ဘာသာကိုယ် ပေး ရတယ်။ လျှပ်စစ်ကို ထိန်းသိမ်းစောင့်ရှောက်ခ
ပေးရသေးတယ်။ အဲဒီမှာတင် အရင်းအနှီးက ကုန်ပြီ၊ အဲဒီအတွက် ကုန်ပစ္စည်းရဲ့
ထုတ်လုပ်မှု စရိတ်မြင့်မားပြီး ဈေးနှုန်းက များသွားတယ်''ဟုဆိုသည်။
မြန်မာနိုင်ငံ၏ အသေးစား နှင့်အလတ် စား လုပ်ငန်းများ၏ အတိတ်ကာလတွင် မှတ်
ပုံတင် လုပ်ငန်းစဉ်နှင့်အတူ ကြုံတွေ့ ခဲ့ရသော ထင်သာမြင်သာ မရှိမှုများနှင့်
မလိုအပ်သော ဌာနဆိုင်ရာ ထောက်ခံချက်များ၊ စစ်အစိုးရ ပေါ်တွင် နိုင်ငံတကာ၏
အမြင်မကြည်စီးပွား ရေးပိတ်ဆို့မှုများ၊ စီပွားရေးလုပ်ငန်းများ၏
ငွေလုံးငွေရင်း လှည့်ပတ်စီးဆင်းရာဖြစ်သော ဘဏ်များ၏ အခန်းကဏ္ဍ
မှေးမှိန်မှုများ၊Transaction
cost များ၊ ရာထူးနှင့် လုပ်ပိုင်ခွင့် ဆိုင်ရာ စီးပွားရေးများ၊ လက်သင့်ရာ
စားတော် ခေါ်တတ်သည့် ဆွေမျိုးပေါက်ဖော် နီးစပ် မှုများက အလားအလာရှိ သည့်
မြန်မာ့အသေး စားနှင့် အလတ်စား လုပ်ငန်းများ၏ တိုးတက်မှု ကို
နှောင့်နှေးစေခဲ့သည်ဟု အသေးစားနှင့် အ လတ်စားစီးပွားရေးလုပ်ငန်းရှင် ဦးဇော်မြင့်က ယူဆသည်။
အလားတူ ဒေါက်တာဂျော့စိုးဝင်းက'' ဒါ တွေကိုလက်ရှိဖွဲ့စည်းထားတဲ့
အသေးစားနဲ့ အလတ်စား လုပ်ငန်းကော်မတီတွေ၊ အဖွဲ့ အစည်းတွေနဲ့ အကူအညီပေးနေတဲ့
နိုင်ငံတ ကာ အဖွဲ့အစည်းတွေ ဆောင်ရွက်သင့်တယ်။ အခုက SME တွေက
စက်မှုဝန်ကြီးဌာနမှာ မှတ်ပုံတင်ရသလို၊ သမဝါယဝန်ကြီးဌာနမှာ ဆောင်ရွက်ရတာလဲ
ရှိတယ်။ စီးပွားကူးသန်းနဲ့ ဆောင်ရွက်ရတာလဲရှိတယ်။ ပြီးတော့ ပြည်နယ်၊
တိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ စည်ပင်သာယာရေးတွေမှာ မှတ်ပုံတင်နေရ တယ်။ ဥပမာ-ရန်ကုန်မှာ ဆံပင်ညှပ်ဆိုင်ဖွင့် ချင်တယ်ဆိုရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ
မှတ်ပုံတင်ရတယ်။ စည် ပင်မှာ မှတ်ပုံတင်တဲ့အတွက် စက်မှုဝန်ကြီး
ဌာနအောက်မှာရှိနေတဲ့ SME စင်တာကနေ ဘာအကူအညီမှ မရနိုင်တော့ဘူး။ SME တွေ
အကူအညီရဖို့အတွက် လမ်းကြောင်းက ခက် နေတယ်''ဟုဆိုသည်။
အယောင်ဆောင် SMEs လုပ်ငန်းတွေကို ဖယ်ရှားဖို့လို
***********************************************************
လက်ရှိပြည်တွင်းအသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများတွင်
အယောင် ဆောင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပါဝင်နေသည်ဟု
လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးဇော်မြင့်က ကောက်ချက် ချသည်။
ယင်းက''ကျပ်သိန်းပေါင်းများစွာ
ချမ်းသာ နေတဲ့ လုပ်ငန်းရှင်တွေကလဲ သူတို့ လုပ်ငန်း တွေက SMEs
လုပ်ငန်းတွေပါ ဆိုပြီးတော့ ရသမျှ အခွင့်အရေးတွေကို သူတို့ပဲယူနေကြ တယ်။
တကယ်အပြင်မှာ လုပ်နေတဲ့ SMEs လုပ်ငန်းတွေ အတွက် အတားအဆီးဖြစ် နေတယ်''ဟု
ဦးဇော်မြင့်က ဆိုသည်။
မည်သို့ဆိုစေ အစိုးရတစ်ရပ်၏ ပြုပြင်
ပြောင်းလဲမှုများမည်မျှပင် ကောင်းစေကာမူ ပြည်သူတို့၏
လူမှုဘဝစီးပွားရေးပေါ်တွင်အ ကျိုးဖြစ်ထွန်းမှု တိုင်းတာနည်းဖြင့်သာ အဖြေရှာ
ကြမည်ဖြစ်ပါသည်။ အခြေခံခိုင်မှုအတွက် ဆိုရင် နိုင်ငံ့စီးပွားရေး
ကောင်းမွန်ရမည်ဖြစ် သည်။ ယင်းအတွက် နိုင်ငံတွင်းစီးပွား ရေး၏ ၉ဝ
ရာခိုင်နှုန်းအား ကိုယ်စားပြုသည့် အသေး စားအလတ်စားများ၏အခန်းကဏ္ဍအားတွန်း အားပေးရန် လိုအပ်သောအဖြေများရှိရမည် ဖြစ်သည်။
ကမ္ဘာ့စီးပွားရေးထိတ်တန်း လုပ်ငန်းများ သည်ပင် လုပ်သား အင်အားဆယ်ဂဏန်းဖြင့်
စခဲ့သော SMEs များဖြစ်ခဲ့ရာ ပြည်တွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ
အ တွက် အားငယ်စရာမရှိသော်လည်း နိုင်ငံတကာ ကော်ပိုရေးရှင်းများ၊
သူဋ္ဌေးကြီးများ၊ ဖြစ်လာ စေရန် တွန်းအားပေးမည့် အစိုးရမူဝါဒနှင့် အ
ကောင်အထည်ဖော်မည့် Civil servants (ပြည်သူ့ဝန်ထမ်း)များ၏စိတ်ဓာတ်ပိုင်းဆိုင် ရာစွမ်းရည်၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် ဝန်ထမ်း အင်အားဆိုင်ရာတို့တွင် အားနည်းချက်များရှိ နေကြောင်း သိရသည်။
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
နိုင်ငံ တော်သမ္မတမှဖွဲ့စည်းပေးသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ
ဖွံ့ဖြိုးရေးကော်မတီ အစည်းအဝေးများတွင် ပြင်ပဈေးကွက်အ တွင်း
အမှန်တကယ်လုပ်နေသည့် လုပ်ငန်းရှင် များကို ဖိတ်ကြားခြင်း၊ အသိပညာပေး ဟော
ပြောပွဲများ ကျင်းပခြင်း၊ မလိုလားအပ်သော အမိန့် ပြဋ္ဌာန်းချက်များအား
ပယ်ဖျက်ပြီး၊ လုပ်ငန်းများ အလွယ်တကူ လုပ်ကိုင်နိုင်မည့်
မူဝါဒများချမှတ်ပေးရန် လိုအပ်သည်။ ယင်းအ ပြင် Microfinance နှင့် Business
Loan ချေးငွေများ လက်ထဲထည့်ပေးခြင်းထက် စီး ပွားဖြစ်လာရန်
အနီးကပ်ကူညီလုပ်ဆောင်ပေး သင့်သည်။
မြန်မာနိုင်ငံ၏အသေးစား
နှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ၏ အခြေအနေမှာမည် သို့ပင် ဖြစ်စေကာမူ
အာဆီယံဆိုင်ရာ မူဘောင် သဘောတူညီမှုများအရ လာမည့်နှစ်ပိုင်းအ တွင်း
နိုင်ငံစုံလုပ်ငန်းများနှင့်
ပြည်တွင်း၊ ပြည်ပ ဈေးကွက်များတွင် ယှဉ်ပြိုင် လုပ်ကိုင်ရမည်ဖြစ်
သည့်အတွက် မိမိထုတ်ကုန်အပေါ်တွင် အာမ ခံပစ္စည်းများဖြစ်လာရန် အကူအညီအပြင်
ကိုယ်ပိုင်နည်းပညာများဖြင့် အားဖြည့်လုပ် ဆောင်ရန်လိုအပ်နေပြီဖြစ်ပါကြောင်း ရေး သားလိုက်ရပါသည်။
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment