Tuesday, October 14, 2014

ခိုတောင်လူသတ်မှုနှင့် ပတ်သက်၍ ဗြိတိန်အစိုးရမှ ထိုင်းတာဝန်ရှိသူများ၏ လုပ်ဆောင် ပြောဆိုမှုများကို ဂရုတစိုက် စောင့်ကြည့်နေပြီဟု ခေါ်ယူသတိပေးခဲ့

ဗြိတိန်အစိုးရသည် လန်ဒန်အခြေစိုက် ထိုင်း ထိပ်တန်းသံတမန်အဖွဲ့ အား အောက်တိုဘာ ၁၃ ရက် တင်္နလာနေ့က လန်ဒန်ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံကာ ခိုတောင် ကျွန်းတွင် ဗြိတိန် ခရီးသည် ၂ ဦး အသတ်ခံရမှုအတွက် စုံစမ်းစစ်ဆေးမှုများကို အထူး ဂရုစိုက် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်ဟု ဗြိတိန် နိုင်ငံတကာရေးရာဌာနမှ ယနေ့ သတင်း ထုတ်ပြန်ကြေငှာခဲ့သည်။


ဗြိတိန်နိုင်ငံသား ဒေးဗစ်မေလာ ( ၂၄ )နှစ် အား သတ်မှု နှင့် ဟန်နာဝစ်တာရစ် ၂၃ နှစ်အား မုဒိမ်းကျင့် သတ်ဖြတ်မှုတို့ဖြင့် မြန်မာအလုပ်သမား ၂ ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဗြိတိန် နိုင်ငံခြားရေးဝန် ဟူဂိုဆွိုင်ယာ က ထိုင်းသံအဖွဲ့ ယာယီအဖွဲ့မှူး နဒ်ဟာဝတ္တနာ ခရှစ်ရှ် နမ္မရာ အား ခေါ်ယူတွေ့ဆုံကာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများအား ထိုင်းအာဏာပိုင်များ က ကိုင်တွယ်ဆောင်ရွက်ပုံကို ယူကေ က အမှန်တကယ် ဂရုစိုက် စောင့်ကြည့်လျက် ရှိနေသည်ဟု သတိပေးပြောကြားခဲ့ကြောင်း သတင်းထုန်ပြန်ခဲ့သည်။

"စစ်ဆေးရေးကို တရားမျှတစွာနဲ့ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ မီဒီယာတွေနဲ့ ဆက်ဆံပုံကိုလည်း ဂရုစိုက်စောင့်ကြည့်နေ ပါတယ်။ စုံစမ်းစစ်ဆေးရေးနဲ့ ဥပဒေရေးရာတွေမှာ အကူအညီပေးဖို့ ယူကေရဲတပ်ဖွဲ့က အသင့်ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်သည့် နောက်ဆုံးရ အချက်အလက်များအား ဗြိတိန် အစိုးရနှင့် သေဆုံးသူများ၏ မိသားစုဝင်များ သိခွင့်ရရန် အချိန်နှင့် တပြေးညီ တင်ပြဖို့ရန် အရေးကြီးသည်ဟု ၄င်းက ထိုင်းနိုင်ငံ သံမှုးအဖွဲ့အား ထပ်လောင်းပြောကြားခဲ့သည်။

သံသယရှိသူ မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦးက လူသတ်မှုအား ၀န်ခံခဲ့ကြောင်းနှင့် ၀စ်တာရစ် ၏ ခန္ဓာကိုယ်မှတွေ့ရှိခဲ့သည့် ဒီအန်အေနမူနာနှင့် သံသယရှိသူများ၏ ဒီအန်အေ ကိုက်ညီမှု ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။

အမှုဖြစ်ပွားပြီးနောက် စုံစမ်းမှုများအား အလွဲလွဲအချော်ချော် ပြုလုပ်ခဲ့သည့် ထိုင်းရဲတပ်ဖွဲ့အား ဗြိတိန်မီဒီယာများက ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များ က စေ့စေ့စပ်စပ်ဆောင်ရွက်နေကြောင်း ထိုင်းသံအဖွဲ့ ပြန်လည်တုံပြန်ခဲ့သည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါသည်။

အဆိုပါ မြန်မာလုပ်သား ၂ ဦးအား ရဲတပ်ဖွဲ့က ညှင်းပမ်းနှိပ်စက်၍ ၀န်ခံစေခဲ့သည်ဆိုသော သတင်းများကိုလည်း ထိုင်းသံအဖွဲ့က ငြင်းဆိုခဲ့သည်ဟု သိရသည်။

KHTun

The Ladies News Journal

 

No comments:

Post a Comment