မရီမော်အိ(မဲဆောက်)
ဖြေ- ဂရုကံကျူးလွန်မိရင် ကျူးလွန်တဲ့သူဟာ သေပြီး ရင် အပါယ်ငရဲမှာ တန်းဖြစ်ပါတယ်။ ဘုရားရှင်လက် ထက်တော်က အဇာတသတ်မင်းကိုကြည့်ပါ။ သူဟာ ဖခင်ကိုသတ်ခဲ့တဲ့ ဂရုကံ ကျူးလွန်ခဲ့ပါတယ်။
နောက်ပိုင်း ဘုရားရှင်အား ကြည်ညိုလွန်း လို့ သူမတူအောင် သာသနာပြုခဲ့တယ်။ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက်ပိုင်း ပထမသင်္ဂါယနာ တင်တဲ့နေရာမှာလည်း ပစ္စည်းလေးပါး အထောက် အပံ့ကို သူမတူအောင် စွမ်းစွမ်းတမံထောက်ပံ့ပြီး သာ သနာပြုတော်မူခဲ့ပါတယ်။ ဒါပေမဲ့ အဖသတ်တဲ့ ဂရု ကံ ကျူးလွန်ခဲ့တဲ့ အဇာတသတ်ဟာ သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲမှာ ကျခံခဲ့ရပါတယ်။
အရှင်ဒေဝဒတ်ဟာ ဘုရားရှင်အား ပြစ် မှားကျူးလွန်ခဲ့တဲ့ ဂရုကံကြောင့် သေခါနီး နောင်တရ ကာ ဘုရားရှင်အား သူ့ရဲ့ခန္ဓာကိုယ်ဖြင့် ပူဇော်ကန် တော့ကာ ဝန်ချခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံး တော့ သူကျူးလွန်ခဲ့တဲ့ ဂရုကံက သူ့ကို အဝီစိငရဲကို ဆွဲခေါ်သွားခဲ့ပါတယ်။
စိဉ္စမာဏဝိကာအမျိုးသမီးဟာလည်
အထက်ပါ အဖြစ်အပျက်များကိုကြည့်ရင် ဂရုကံကျူးလွန်သူများဟာ ယခုလက်ရှိဘဝ တရား အားထုတ်လို့ မဂ်ဖိုလ်မရနိုင်တဲ့အပြင် သေလွန်တဲ့အ ခါ အပါယ်ငရဲကို သေချာပေါက်သွားရပါတယ်။ လွန် ခဲ့တဲ့ အတိတ်ဘဝက ဂရုကံကျူးလွန်ခဲ့တယ်ဆိုတာ သေချာမယ်ဆိုရင် မေးခွန်းရှင်ဟာ ဒီဘဝမှာ လူလာ မဖြစ်နိုင်ပါဘူး။ အပါယ်ငရဲကိုပဲ တန်းကျမှာပဲဖြစ်ပါ တယ်။
ဆရာတော်ဘဒ္ဒန္တကောဝိဒ(မြိတ်)၏
#TheFlowerNews
Credit - Yangon Media Group

No comments:
Post a Comment