အမှုအပေါ် ထိုင်းရဲတပ်ဖွဲ့၏ ကိုင်တွယ်ပုံအား ဂရုစိုက်စောင့်ကြည့်နေကြောင
ထိုင်းရဲတပ်ဖွဲ့က မြန်မာအလုပ်သမား ၂ ဦးအား ၀န်ခံရန် နှိပ်စက်မှုများ ပြုလုပ် ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ထိုစွပ်စွဲမှုအား ထိုင်းအစိုးရက ငြင်းဆို ထား သည်။ ဗိုလ်ချုပ်ကြီးပရာယွတ်က အမှုမှာ ယုံကြည်စိတ်ချ ရကြောင်းနှင့် မြန်မာလုပ်သား ၂ ဦးအား စွဲချက်တင်ရန် သက်သေများစွာ ရှိကြောင်း ယနေ့ ထပ်မံ ပြောကြားခဲ့သည်။
၎င်းက “ဘယ်သူမဆို ထိုင်းနိုင်ငံကို လာရင် ရပေမဲ့ ကျွန်တော်တို့ ပြဿ နာဟာ ကျွန်တော်တို့နဲ့ပဲ ဆိုင်တယ်ဆိုတာ မမေ့ပါနဲ့။ အစပိုင်းမှာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ သံသယရှိသူတွေကို မြန်မြန်ဆန်ဆန် ဖမ်းနိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်သည် မြန်မာကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနအရာရှိများ၊ ထိုင်းရဲတပ်ဖွဲ့တို့နှင့် မနေ့က တွေ့ဆုံ ကာ ဆွေးနွေးခဲ့သော်လည်း အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်း မရှိပေ။
ထို့ပြင် လန်ဒန်ရှိ ထိုင်းသံအဖွဲ့မှူးအား ဗြိတိန်အစိုးရက ဆင့်ခေါ်ကာ အမှုအား ကိုင်တွယ် ဆောင်ရွက်ပုံကို အမှန်တကယ် ဂရုပြုစောင့်ကြည့်နေသည်ဟု ဆင့်ခေါ် ပြောကြားခဲ့ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြ
"သူတို့က ဆင့်ခေါ်တာမဟုတ်ပါဘူး။ သူတို့ကို ရှင်းပြဖို့ ကျွန်တော်တို့က သွားခဲ့တာပါ။ ကျွန်တော်တို့ဘယ်လို ဆောင်ရွက်ခဲ့လဲ ဆိုတာ ရှင်းပြခဲ့တာပါ။ ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ခဲ့တာ ကို သူတို့အံ့သြနေတဲ့အတွက် ရှင်းပြခဲ့တာပါ" ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ဗြိတိန်အစိုးရကမူ ထိုင်းသံအဖွဲ့မှူးအား ဆင့်ခေါ်ကာ စုံစမ်းစစ်ဆေးမှုများ တရား မျှတရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆိုခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုနှင့် ဥပဒေရေးရာများတွင် ကူညီရန် ဗြိတိန်ရဲတပ်ဖွဲ့က အသင့်ရှိသည်ဟု အရှေ့အာရှ ဆိုင်၇ာ နိုင်ငံခြားရေးဝန်ကြီး ဟူဂိုဆွိုင်ယာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အသက် ၂၁ နှစ်စီရှိ မြန်မာအလုပ်သမား ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့အား လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုတို့ဖြင့် စွဲချက်တင်ထားသည်။ သံသယရှိသူများနှင့် မျက်မြင်သက်သေ ၂ ဦးအား အကြိုကြားနာမှုကို တရားရုံးတွင် မနေ့က ပြုလုပ် ခဲ့သော်လည်း သက်သေခံခြင်းမရှိခဲ့ ဟု ဆိုသည်။
သံသယရှိသူများ၏ ရှေ့နေများက ခုခံလျှောက်ထားရန် ပြင်ဆင်ချိန် ရရှိရေး အတွက် ကြားနာစစ်ဆေးမှုအား ရွှေ့ဆိုင်းပေးရန် တောင်းခဲ့သော်လည်း ပယ်ချ ခံခဲ့ရသည်။
ဗြိတိန်လူ့အခွင့်အရေးလှုပ်ရှ
ထိုင်းတရားရုံးမှ အမှုအား တရားဝင်လက်ခံထားခြင်း မရှိသေးပဲ အောက်တိုဘာ လ ၁၆ ရက်နေ့တွင် နောက်ဆုံးထားတင်သွင်းရမည့် ထပ်တိုးသက်သေ အထောက်အထားများကို မူတည်ပြီး စွဲချက်တင်သင့် မတင်သင့် ကို စဉ်စား မည်ဖြစ်သည်ဟု ယခုအပတ်အစောပိုင်းက သတင်းများတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ဟာကွက်များ ရှိနေသည့် အမှုအား တရားဝင် လက်မခံထား ရသေးပဲ အလျင်အမြန် ကြိုတင်စစ်ဆေးမှု ပြုလုပ်နေသည်မှာ သံသယရှိနေသည်ဟု Bangkok Post သတင်းစာမှ ရေးသားထားသည်။
KHTun
Ref - The Bangkok Post
The Ladies News Journal

No comments:
Post a Comment