Wednesday, October 15, 2014

ဖာဂူဆန်ပြောပြတဲ့ ဗန်ဟားလ်နဲ့ မန်ယူအသင်းအကြောင်း

မန်ယူဂန္ထဝင်နည်းပြဟောင်းဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန်သည် အားကစားတင်ဆက်သူ ရိုဆန်ဟယ်နှင့် အတူထိုင်နေကာ မန်ယူနည်းပြဘဝမှ အနားယူပြီး နောက်ပိုင်း သူ၏ဘဝအကြောင်းကို မန်ယူတီဗွီနှင့် အင်တာဗျူးတွင် ပြောပြသွားခဲ့သည်။
အိုးထရက်ဖို့ဒ်မှ ထွက်ခွာပြီးနောက် အသင်းတွင်ဖြစ်ပျက်နေသည်များကို ဆွေးနွေးခဲ့ပြီး ဗန်ဟားလ်နှင့်သူ့အကြား ဆက်ဆံရေး၊ နွေရာသီမှာ ပေါင်သန်း ၁၅ဝအသုံးပြုခဲ့မှုတို့ကိုလည်းသုံးသပ်ပြောဆိုခဲ့သည်။
ဖာဂူဆန်ပြောပြခဲ့သည့် အ ကြောင်းအရာများကို ဖော်ပြရမည်ဆိုလျှင် -

မေး - နည်းပြဘဝကနေ အနားယူပြီးနောက်မှာ အချိန်တွေကို ဘယ်လိုကုန်ဆုံးစေခဲ့သလဲ။
ဖြေ - အလုပ်ကိုတက်ကြွစွာနဲ့ ပြုလုပ်ဖို့ အရေးကြီး တယ်လို့ထင်မြင်တဲ့အတွက် အမြဲတမ်းတက်ကြွစွာနေ ထိုင်ပြီး လုပ်စရာတွေကို ပြုလုပ်ခဲ့ပါတယ်။ ခရီးတွေ အများကြီးသွားခဲ့ပြီး လုပ်ချင်တာတွေကိုလဲ လုပ်ခွင့် ရခဲ့တာပေါ့။ ဒါ့အပြင်မတူညီတဲ့အမြင်နဲ့အသင်းကို စောင့်ကြည့်ရတာကိုလဲ အကြိုက်တွေ့ခဲ့ပါတယ်။ ဒါတွေ အားလုံးဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေပါပဲ။
မေး - မင်းရဲ့သမိုင်းစာမျက်နှာမှာ ဘာတွေအသစ်ထပ်မံ ပြုလုပ်နိုင်ခဲ့ပြီဆိုတာ ပြောပြနိုင်မလား။
ဖြေ - အခြေခံအားဖြင့်ပြောပြရမယ်ဆိုရင် အနားယူ ပြီးနောက်ပိုင်းမှာ အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဒီဇင်ဘာလမှာ ဇနီးနဲ့အတူ ခရီးထွက်ခဲ့ရတာပါပဲ။ ကျွန်တော့်ဘဝမှာ ဒီဇင်ဘာအား လပ်ရက်အတွင်း ခရီးထွက်တာ ဒါပထမဆုံးအကြိမ်ပါ။ ဒူဘိုင်းကို ခရီးထွက်တုန်း ရေကူးကန်ဘေးနားမှာရှိနေ တဲ့အချိန်မှာ ကေသီကိုပြောခဲ့တာ တစ်ခုရှိတယ်။
''ငါ ကာရင်တန်မှာ ရှိနေသင့်တယ်''လို့။ ကာရင်တန်မှာဆို အခုချိန်အေးနေပြီး ဒူဘိုင်းမှာတော့ ရေကူးကန်ဘေး ထိုင်နေခဲ့ရတဲ့အချိန်ပေါ့ဗျာ။
မေး - တိုက်ခိုက်လိုတဲ့စိတ်ဓာတ်ဟာ မန်ယူရဲ့ဝိညာဉ် ပါပဲ။ လက်ရှိမန်ယူအသင်းအခြေအနေအပေါ် သုံးသပ် ပေးပါဦး။
ဖြေ - ဗန်ဟားလ်ဟာ အပြောင်းအလဲများစွာပြုလုပ် ခဲ့ပြီး ဒါဟာမှန်ကန်တဲ့လုပ်ရပ်လို့ထင်ပါတယ်။ သူဟာ အရည်အသွေးရှိတဲ့နည်းပြတစ်ဦးဖြစ်ပြီး အသင်းကို တည်ဆောက်နိုင်စွမ်းရှိတဲ့သူပါ။ အခုသူလုပ်နေတဲ့အရာ တွေဟာ မှန်ကန်တဲ့လုပ်ရပ်လို့ဆိုနိုင်ပြီး အကောင်းဆုံး လုပ်ဆောင်နေတယ်လို့ပြောရမှာပဲ။ အခုအချိန်မှာ မျှော် လင့်ထားတဲ့ ရလဒ်မရရှိသေးသလို ကျွန်တော်မန်ယူကို စတင်ရောက်ရှိတဲ့အချိန်မှာတုန်းကလည်း အစပိုင်းမှာ ကျွန်တော်မျှော်လင့်သလိုဖြစ်မလာခဲ့ပါဘူး။ ဘုတ်အဖွဲ့ ရဲ့အားပေးမှုနဲ့ နောက်ပိုင်းမှာ အထိုင်ကျသွားပြီး အရာ အားလုံးအဆင်ပြေခဲ့ပါတယ်။ လူးဝစ်ဟာလည်း အဲဒီလို ဖြစ်စဉ်မျိုးကိုကျော်ဖြတ်နေရပြီး အကောင်းဆုံးစွမ်းဆောင် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
မေး - အတိတ်တုန်းက ဗန်ဟားလ်နဲ့ ဆက်ဆံရေး အဆင်မပြေခဲ့ပေမယ့် လက်ရှိအချိန်မှာရော နှစ်ဦးကြား ဆက်ဆံရေးအခြေအနေက ဘယ်လိုရှိနေလဲ။
ဖြေ - လူးဝစ်နဲ့ အမြဲတမ်းအဆင်ပြေအောင်နေခဲ့ပါ တယ်။ ပထမဆုံးစတင်တွေ့ဆုံခဲ့တာကတော့ ၁၉၉၈ခု နှစ်မှာဖြစ်ပြီး တစ်အုပ်စုတည်းကျရောက်ခဲ့ပါတယ်။ စာ နယ်ဇင်းရှင်းလင်းပွဲကို ဘယ်လိုပြောဆိုရမလဲဆိုတာကို မေးခဲ့တဲ့အချိန်မှာ သူ့ရဲ့မေးခွန်းကို စိတ်ဝင်စားတယ်လို့ ပြန်ပြောခဲ့တာပေါ့။ အဲဒီအချိန်မှာပဲ သူဟာ မီဒီယာတွေ ကို မတူညီတဲ့နည်းလမ်းတွေနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့သတင်းစာရှင်းလင်းပွဲတွေကိုကြည့်မယ်ဆိုရင် စိတ် ဝင်စားစရာကောင်းတာကို မြင်တွေ့ရမှာပါ။ သတင်းစာ ရှင်းလင်းပွဲမှာ သူဟာအလွန့်အလွန်ကို ရိုးသားသူဖြစ်နေ တာက စိတ်ဝင်စားဖို့ကောင်းပါတယ်။
မေး - ၂၇နှစ်တာကွင်းအတွင်း ကုန်ဆုံးခဲ့တဲ့နောက် ဒါရိုက်တာခုံကနေ အသင်းကစားပုံကိုကြည့်ပြီး အကူ အညီမဲ့နေသလို ခံစားခဲ့ရလား။
ဖြေ - ပြီးခဲ့တဲ့ရာသီက လီဗာပူးကို ရှုံးခဲ့တဲ့ပွဲကတော့ ကျွန်တော့်အတွက် စိတ်ပျက်စရာပါပဲ။ အကြီးမားဆုံး ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူး၊ မန်စီးတီးတို့ကို ရှုံးနိမ့်တာ ကို မကြိုက်ပါဘူး။ သူတို့ကိုအနိုင်ယူနိုင်ပြီဆိုရင်တော့ ချန်ပီယံလမ်းကြောင်းက မခက်တော့ဘူးပေါ့။ ဒီနည်းလမ်း ဟာ ကျွန်တော်နည်းပြဘဝတုန်းက ပြုလုပ်ခဲ့တဲ့နည်းလမ်း ပါ။ ပွဲတစ်ပွဲကိုကြည့်ပြီဆိုရင် မျက်နှာထားတင်းတင်းနဲ့ ကျွန်တော့်ရဲ့မျက်နှာကို မြင်တွေ့ရမှာဖြစ်ပြီး စိတ်ခံစားမှု ကို ပြဖို့မကြိုးစားပါဘူး။ ဂိုးမသွင်းနိုင်ခဲ့ရင်ပေါ့။ လက်ရှိ ဒါရိုက်တာဖြစ်တဲ့အထိ ဂိုးသွင်းရင်အောင်ပွဲခံနေတုန်းပါ။
မေး - ဥရောပပြိုင်ပွဲတွေ ကစားခွင့်မရရှိဘဲ အသင်း ကို ပေါင်သန်း ၁၅ဝအသုံးပြုခဲ့တဲ့အပေါ် ဒါရိုက်တာ တစ်ယောက်ရဲ့ ထင်မြင်ချက်ကို ပြောပြပေးပါဦး။
ဖြေ - အသင်းကို ပြန်လည်တည်ဆောက်တဲ့အခါမှာ အရည်အသွေးရှိ ကစားသမားတွေခေါ်ယူဖို့ လိုအပ်ပါ တယ်။ လူးဝစ်ဟာ အရည်အသွေးရှိ လူငယ်ကစားသမား တွေကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လူငယ်ကစားသမားတွေ ကိုလည်း နေရာပေးခဲ့တာကြောင့် ပရိသတ်တွေရဲ့ အား ပေးမှုကိုလည်း ရရှိခဲ့ပါတယ်။ အသင်းကြီးတစ်သင်းတည် ဆောက်ဖို့အတွက် အကောင်းဆုံး ကစားသမားတွေ လိုအပ်တာကြောင့် ငွေကြေးများစွာအသုံးပြုခဲ့ရတာပါ။
မေး - အကယ်ဒမီကစားသမားတွေကို နေရာပေးလိမ့် မယ်လို့ရော ယုံကြည်ပါသလား။
ဖြေ - လူးဝစ်ဟာ လူငယ်ကစားသမားတွေကိုမွေးထုတ် ပေးတဲ့နေရာမှာ ထူးချွန်တဲ့သူပါ။ သူဟာအေဂျက်အ ကယ်ဒမီက ကစားသမားတွေနဲ့ ဥရောပဖလားကို ရယူ နိုင်ခဲ့တာက သာဓကတစ်ခုပါပဲ။ ဗန်ဒါးဆား၊ အဂါဒေး ဗစ်၊ ကလွိုင်ဗတ်တို့လို အတော်ဆုံးကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့တယ်လေ။
မေး - ဒီရာသီမှာ အသင်းကိုရောက်ရှိလာခဲ့တဲ့ ကစား သမားတွေအပေါ် ဘာများပြောချင်ပါသေးလဲ။
ဖြေ - ဟာရဲရားဆိုရင် လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်း က ဘီလ်ဘာအိုနဲ့အတူ ရင်ဆိုင်ကစားခဲ့သူဖြစ်ပြီး သူရဲ့ အရည်အသွေးကြောင့် စောင့်ကြည့်ခဲ့ပါတယ်။ သူဟာ တစ်ကွင်းလုံးကစားနိုင်တဲ့သူဖြစ်ပြီး တိုက်ခိုက်လိုစိတ် အပြည့်ရှိသူပါ။ လုခ်ရှောဆိုရင်လည်း အသက် ၁၆နှစ် အရွယ်ကတည်းက ခေါ်ဖို့ကြိုးစားခဲ့ပေမယ့်လည်း အခု မှ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရိုဟိုဆိုရင်လည်း ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဗဟိုခံစစ်မှူးအပြင် တောင်ပံခံစစ်နဲ့တိုက်စစ်နေရာမှာပါ ကစားနိုင်သူပါ။ ဒယ်လီဘလိုင်းကတော့ ဖလက်ချာနဲ့ကစားပုံဆင်ပြီး ခံစစ်ကိုလုံခြုံအောင် ကွင်းလယ်ကနေအကောင်းဆုံးပံ့ ပိုးပေးနိုင်သူလို့ ထင်ပါတယ်။ ဂိုးသွင်းသေချာတဲ့ဖယ်လ် ကာအိုကို အငှားနဲ့ခေါ်ယူနိုင်ခဲ့တာလည်း မှန်ကန်တဲ့ လုပ်ရပ်လို့ ယုံကြည်ပါတယ်။
မေး - နောက်ကြောင်းကိုပြန်စဉ်းစားရင် မမေ့နိုင်တဲ့ ဖြစ်ရပ်က ဘာဖြစ်နိုင်မလဲ။
ဖြေ - ၁၉၉၉ချန်ပီယံလိဂ်ဖိုင်နယ်ပဲပေါ့ဗျာ။ နောက် ဆုံးအချိန်အထိ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ကစားနိုင်ခဲ့လို့ လည်း အဲဒီအချိန်တွေကို မေ့လို့မရဘူးပေါ့။
AST
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

 

 
 

No comments:

Post a Comment