Friday, October 17, 2014

ထူးလဲထူးတယ် ဆန်းလဲဆန်းတဲ့ မြန်မာပြည်

-ပြည်ချစ်သား(စက်မှုတက္ကသိုလ်)

ကျွန်တော်တို့ရဲ့ မြန်မာပြည်က ပြည်သူတွေဟာ အတွေးအခေါ်အယူအဆတွေ လုပ်နည်းကိုင် နည်းတွေဟာ အခြားသောနိုင်ငံများထက် တချို့နေရာတွေ မှာ သာလွန်တဲ့ တိုင်းပြည်ပဲဖြစ်ပါသည်။

ကမ္ဘာပေါ်မှာ လေယာဉ်ပြန်ပေးဆွဲမှုပေါင်း ၂ဝဝ ကျော်ဖြစ်ပွားခဲ့ပြီး ကမ္ဘာပေါ်တွင် အသေအပျောက်အ များဆုံးနှင့် အဆိုးဆုံးသော လေယာဉ်ပြန်ပေးဆွဲမှုမှာ ၂ဝ၁၁ခုနှစ် စက်တင်ဘာလတွင် အမေရိကန်တွင် ဖြစ် ပွားခဲ့သည်။


ကမ္ဘာပေါ်တွင် မည်သူမျှမကြံစည်ခဲ့သော ပထမဆုံးသော လေယာဉ်ပြန်ပေးဆွဲမှုမှာ ၁၉၅၄ခုနှစ် ဇွန်လ ၂၆ရက်တွင် ရန်ကုန်မှကျောက်ဖြူသို့အသွားဖြစ်ပွား ခဲ့သည်။

ဒါကြောင့်လဲ ထူးလဲထူးတယ် ဆန်းလဲဆန်းတဲ့ မြန်မာပြည်ဟုဆိုခြင်းဖြစ်ပါသည်။

အိတ်ပိတ်တင်ဒါစနစ်သည် ပစ္စည်းတင်သွင်းသူအ ချင်းချင်း ဈေးနှုန်းမညှိအောင် ပန်းကြေး မရအောင်လုပ် သော နည်းစနစ်ဖြစ်၍ အလွန်ကောင်းသောနည်းစနစ်ဖြစ် ပါသည်။

ဒါပေမဲ့လည်း တင်ဒါလက်ခံတဲ့အဖွဲ့ဟာ နောက် ဆုံးတင်ဒါလက်ခံချိန်မှာ တင်ထားတဲ့ တင်ဒါဈေးနှုန်းကို ကြည့်ပြီး မိမိတို့နှင့်သက်ဆိုင်သူဆီ inline လို့ခေါ်တဲ့ အတွင်းက တစ်ဆင့်သတင်းပေးကာ နောက်ဆုံးအချိန် ကျော်မှ တင်ဒါတစ်စောင်ရောက်လာပါတယ်။ ရသွား တာလဲ သူပါပဲ။ ကမ္ဘာပေါ်မှာ အသုံးများတဲ့ အိတ်ပိတ် တင်ဒါစနစ်ဟာ inline နဲ့တွေ့တော့ပျက်သွားတာပါပဲ။

ပျက်ရမှာပေါ့ဗျာ။ ထူးလဲထူးတယ် ဆန်းလဲဆန်းတဲ့ မြန်မာပြည်ကိုး။

ဒါကလေ အဆိုတော်ကိုင်ဇာဆိုသလို Once Upon a Time ပါ။ အခုတော့မလုပ်ကြတော့ပါဘူး။

အိတ်ပိတ်တင်ဒါတွေမှာ ဒီလိုမရိုးဖြောင့်တဲ့သဘော တွေပါတဲ့အတွက် အိတ်ဖွင့်တင်ဒါ (Open Tender ) လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ တင်ဒါအဖွဲ့တွေဟာ ကိုယ်နဲ့ သိ တဲ့ကုမ္ပဏီတွေ၊ ပုဂ္ဂိုလ်တွေရအောင် နည်းလမ်းကြံကြ ပါတယ်။ လိုလျှင်ကြံဆ၊ နည်းလမ်းရပေါ့ဗျာ။ အိတ်ဖွင့် တင်ဒါကို ပွင့်လင်းမြင်သာစွာ မကြေညာဘဲ တိုးတိုးတိတ် တိတ်အချိန်တိုအတွင်း ခေါ်ယူခြင်း၊ အခြားသူများတွင် မရှိဘဲ မိမိနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်၊ ကုမ္ပဏီတွင်ရှိသည့် စည်းကမ်းချက်များ ထုတ်ပြန်ခြင်းပြုလုပ်ပြီး လာဘ်ပေးလာဘ် ယူမှုများ ပြုလုပ်ကြပါသည်။

ဒါကြောင့်နိုင်ငံခြားသား အချို့ဟာ သူတို့ကုမ္ပဏီရဲ့ ပစ္စည်းတင်သွင်းချင်တဲ့အခါ ဘာလိုလဲမေးရင် တင်ဒါဈေးနှုန်းတင်ဖို့လိုသလို Under Table လို့ခေါ်တဲ့ စားပွဲအောက်ကပေးရမယ့် ငွေကြေး လည်း လိုကြောင်းရှင်းပြရပါတယ်။

Open Tender လဲ Under Table နဲ့တွေ့တော့ ပျက်တော့တာပဲ။

ပျက်ရမှာ ပေါ့ဗျာ။

ထူးလဲထူးတယ် ဆန်းလဲဆန်းတဲ့ မြန်မာပြည်ကိုး။

ဒါလဲ Once Upon a Time ပါ။ အခုတော့ မရှိတော့ပါဘူး။

အိတ်ဖွင့်တင်ဒါဈေးနှုန်းတင်သွင်းရာမှာ ထပ်တွေ့ ရတာကတော့ အားလုံးကို တူညီစွာပြိုင်ဆိုင်ခွင့်ပေးတဲ့ အခါ တင်ပြတဲ့နမူနာပစ္စည်းကတစ်မျိုး၊ သွင်းတော့တစ် မျိုးဖြစ်ပါတယ်။ တစ်ချိန်က ဌာနကြီးတစ်ခုဟာ လမ်း ခင်းဖို့ ကတ္တရာတွေ တင်ဒါခေါ်တဲ့အခါ ဈေးနှုန်းအနည်း ဆုံး တင်ဒါတင်သွင်းသူ ရသွားပါတယ်။ ၄င်းရတဲ့ဈေးနှုန်း ကနည်းလွန်းလို့ ပေါက်ဈေးနဲ့တွက်ကြည့်ရင် သင်္ဘော တင်ခတောင်ရှုံးနေပါတယ်။ ဒါပေမဲ့ တကယ်သွင်းတဲ့ အခါ နိုင်ငံခြားမှာ သက်တမ်းကုန်သွားတဲ့ ကတ္တရာတွေ၊ သက်တမ်းကုန်ခါနီးကတ္တရာကို သွင်းသွားတာတွေ့ရပါ တယ်။ ဒါကတော့ Out Line လို့ခေါ်တဲ့ အောက်ကပစ္စည်း လက်ခံတဲ့သူတွေနဲ့ ညှိလုပ်တာပါ။

ဒါကြောင့်လဲ Open Tender ဟာ Out Line တွေ့တော့ ပျက်တော့တာပါပဲ။

ပျက်ရမှာပေါ့။ ကမ္ဘာပေါ်မှာ Online မပေါ်ခင်ကတည်း က မြန်မာပြည်မှာ Out Line တွေ In Line တွေသုံး နေတာ။

သုံးမှာပေါ့။

ထူးလဲထူးတယ်ဆန်းလဲဆန်းတဲ့ မြန်မာပြည်ပဲဟာ။

ဒါလဲ Once Upon a Time ပါ။ အခု မရှိတော့ပါဘူး။

ဈေးကွက်စီးပွားရေးကို အမီလိုက်ဖို့ဆိုပြီး ကားသွင်း ဖို့အတွက် အက္ခရာတူ၊ မိုဒယ်တူ၊ အရည်ကျိုကား နှစ် စီးကို ဈေးတူပေးပြီး ဝယ်ကြပါတယ်။ အရည်ကျိုမယ့် ကားဆိုတော့ ထုံးစံအတိုင်း ပြည်တွင်းအခွန်ရာဖြတ်ကို သွားကြပါတယ်။

ကျွန်တော့်မှာ မနက် ၉နာရီခွဲမှညနေ ၄ နာရီအထိ သွားရပြီး သက်ဆိုင်ရာမြို့နယ်၊ အခွန်ရုံးမှ ထုတ်သော အခွန်စာရွက်မှာ လေးသိန်းငါးသောင်းကျပါ တယ်။ ကျွန်တော့်သူငယ်ချင်းကတော့ အလုပ်အကိုင် မပျက်ကားရဲ့ ရှေ့နောက်ဘယ်ညာဓာတ်ပုံရိုက်ပြီး လေး သိန်းပဲကျပါတယ်။

အခွန်ငွေသွင်းတဲ့ချလန်မှာတော့ နှစ်သိန်း ကျော်ကျော်ပဲကျတာကို အံ့သြစွာတွေ့ရှိရပါတယ်။

အံ့သြ ရမှာပေါ့ ထူးလဲထူးတယ် ဆန်းလည်းဆန်းတဲ့ မြန်မာ ပြည်ပဲဟာ။

ဒါလဲအခုမရှိတော့ပါဘူး။ One upon a time ပါဗျာ။

တကယ်လို့ ကားအခွန်ဆောင်သူတွေရဲ့ နာမည်၊ မိုဒယ်၊ အက္ခရာတွေကို အခွန်ရာဖြတ်ရုံးတွေ မှာ အောင်စာရင်းကပ်သလို တစ်ပတ်စာပွင့်လင်းမြင် သာစွာကပ်ပေးရင်တော့ ဒီလာဘ်ပေးလာဘ်ယူမှုတွေ ဟာ ပပျောက်သွားမှာပါပဲ။ အိမ်ခြံမြေအခွန်ဆောင်သူများ အမည်၊ အကျယ်အဝန်း၊ အခွန်စည်းကြပ်သည့်မြေနေ ရာ လိပ်စာတွေကို ပွင့်လင်းမြင်သာစွာ ကြော်ငြာကပ် ပေးရင်တော့ ပြည်တွင်းအခွန်နဲ့ ပတ်သက်တဲ့ လာဘ်ပေး လာဘ်ယူမှုတွေ အထိုက်အလျောက်ပပျောက်သွားမှာအ မှန်ပဲဖြစ်ပါတယ်။

Lottery ဆိုတဲ့ အောင်ဘာလေထီဟာ ကမ္ဘာပေါ် ရှိ နိုင်ငံတိုင်းမှာရှိပါတယ်။ ကျွန်တော်အနောက်ဥရောပ နိုင်ငံအချို့နဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံများကို ရောက်ဖူးခဲ့ပါတယ်။ ထူးခြားတာကတော့ ဘယ်နိုင်ငံမှာ မဆို လမ်းဘေးကထီဆိုင်ထိုးထိုး၊ ရှော့ပင်းမောလ်တွေမှာ ထိုးထိုး ထီတစ်စောင်ဈေးဟာ ထီစာရွက်ပေါ်က ဈေးနှုန်း ပါပဲ။

သက်ဆိုင်ရာထီရောင်းတဲ့ ကိုယ်စားလှယ်က အခွန် ဆောင်ရင် စင်ကာပူထီ ( Singapore Sweep ) ကို မလေး ရှားမှာ ထိုးရသလို အင်္ဂလန်ထီကိုလည်း ဂျာမနီမှာထိုးခွင့် ပြုထားပါတယ်။ ဈေးနှုန်းကတော့ ထီစာရွက်ပေါ်ကဈေး နှုန်းပါပဲ။

ဒါပေမဲ့ ကျွန်တော်တို့မြန်မာပြည်မှာ ထီ တစ်စောင်လျှင် ၂ဝဝကျပ်ရေးထားပြီး တကယ်ထိုးတဲ့ အခါ ၃ဝဝကျပ်ပေးရပါတယ်။ ထီစာအုပ်တစ်အုပ်မှာ ၁၁စောင်ပါပြီး ၁ဝစောင်ဖိုးသာပေးရတဲ့အတွက် ထီရောင်း သူတွေအတွက် အမြတ် ၁ဝရာခိုင်နှုန်းရပြီးဖြစ်ပါတယ်။

အောင်ဘာလေထီဆုခွဲဝေပေးတဲ့အခါ ၂ဝဝကျပ်ပေါ်က ၆ဝရာခိုင်နှုန်းကို ခွဲဝေပေးပြီး နိုင်ငံတော်က ၄ဝရာခိုင် နှုန်းရရှိပါတယ်။ အပိုပေးရတဲ့ ၁ဝဝကျပ်ဟာ ဘယ်ရောက် သွားလဲဆိုတော့ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်ဆိုတဲ့မေးခွန်း မှာ ထည့်မေးချင်ပါတယ်။

ထီဆုငွေ သိန်း၁၅ဝဝဆုဟာ လည်း ၂ဝဝကျပ်ရောင်းရငွေပေါ်က ခွဲဝေပေးခြင်းဖြစ် ပါတယ်။ ထီဆိုင်ကြီးများ အပိုဆုမပေးရဆိုတဲ့အခါမှာ ထီတစ်စောင်ကို ၂ဝဝကျပ်နဲ့ ဘယ်နေရာမဆိုထီထိုးလို့ ရမယ်ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ ထီတစ်စောင် ၃ဝဝ ကျပ်ပဲဆိုတော့ သိန်း ၁၅ဝဝဆု (၁ဝ)ကြိမ်လောက်ပေါက် တဲ့ ထီဆိုင်ကြီးက အပိုဆုသိန်း၅ဝဝမပေးရတဲ့အတွက် သိန်း ၅ဝဝဝလောက်သက်သာသွားတာကို အံ့သြစွာ တွေ့ရှိပါတယ်။

အံ့သြရမှာပေါ့လေ ထူးလဲထူးတယ် ဆန်း လဲဆန်းတဲ့ မြန်မာပြည်ပဲဟာ။

ကျွန်တော့်အထင်တော့ ထီလက်မှတ်ငွေကို ''က'' မှစ၍ ''ကင'' ''ကစ''အထိရိုက်လိုက်ပါ။ ထီလက်မှတ် တွေရဲ့ ပုံနှိပ်ခဟာ တန်ဖိုးအနည်းသာရှိမယ်ထင်ပါတယ်။ ကွန်ပျူတာခေတ်ဖြစ်၍ မပေါက်တဲ့ ထီလက်မှတ်များကို နောက်တစ်ရက်ဖွင့်ပေးလိုက်ပါ။ နှစ်လုံးထီသမားတွေလည်း ရှယ်ယာထီ မနက်/ညထိုးနေ၍ မြန်မာထီ ဘယ်နှစ်ရက် ဖွင့်ဖွင့် အရေးစိုက်တော့မည်မဟုတ်ပါ။ နှစ်ရက်ဖွင့်မ ပေါက်သော ထီဆုငွေများကို နောက်တစ်လဖွင့်မည့် ထီဆုငွေ၏ ပထမဆုတွင် ပေါင်းပေးလိုက်ပါ။ ၄င်းထီပထ မဆုသည် သိန်း ၂ဝဝဝသို့ သိန်း ၃ဝဝဝဖြစ်သွားပြီး ထီထိုးကံစမ်းသူ အပေါင်းအား ဆွဲဆောင်မှုဖြစ်သွားသလို ကံစမ်းသူလည်းများပြားကာ ထီလက်မှတ်တစ်စောင်လျှင် ၂ဝဝကျပ်နှုန်းဖြင့်ရောင်းချနိုင်မည်ဟု ထင်မြင်မိပါသည်။

ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးနေချိန်တွင် ထီလက် မှတ်မှောင်ခိုဈေးကွက် ရှိနေခြင်းသည် လွန်စွာပင်ရှက်စရာ ကောင်းလှပါသည်။

အခြားနိုင်ငံများတွင် ဒဏ်ကြေးပေးဆောင်ရမည်ကို ရှက်ကြသော်လည်း ကျွန်တော်တို့လူမျိုးများက ဒဏ်ကြေး ပေးဆောင်ရမည်ကို လွန်စွာပျော်ကြသော လူမျိုးများဖြစ် သည်။ နိုင်ငံတော်မှ မော်တော်ယာဉ်တင်သွင်းရာတွင် သတ်မှတ်မိုဒယ်အောက်နိမ့်သော ယာဉ်များကို မှား ယွင်းစွာတင်သွင်းမှုအတွက် မနစ်နာစေရန်၊ ဒဏ်ကြေး ဖြင့် ခွင့်ပြုသောအခါ တမင်တကာပင် ဒဏ်ကြေးဆောင် ၍ မိုဒယ်နိမ့်ယာဉ်များ တင်သွင်းကြပါတော့သည်။

အ ဆောက်အအုံဆောက်လုပ်ရာတွင်လည်း ကန်ထရိုက်များ သည် ငါးထပ်တည်ဆောက်မည်ဖြစ်သော်လည်း လေး ထပ်ဖြင့်ခွင့်ပြုမိန့်တင်၍ အပိုတစ်ထပ်အတွက် နောက် မှဒဏ်ကြေးဆောင်၍ ဆောက်ကြပြန်သည်။

ကျွန်တော် တို့လူမျိုးများကား အခွန်ဆောင်ရန်ရှောင်ကြသော်လည်း ဒဏ်ကြေးဆောင်ရန် ဝန်မလေးသော လူမျိုးများဖြစ် သည်။

ထူးလဲထူးတယ် ဆန်းလဲဆန်းတဲ့ မြန်မာပြည်ပဲ ဒီလောက်တော့ရှိမှာပေါ့။

ကျွန်တော်တို့တိုင်းပြည်ကား မြေယာကျူးကျော်မှု ကို လွန်စွာ ဝါသနာပါသောလူမျိုးများဖြစ်ပါသည်။ မရှိ ဆင်းရဲသားများနေစရာမရှိ၍ ကျူးကျော်ကြသလို ရှိသူ များကလည်း ကျူးကျော်ကြပါသည်။ မကြာသေးမီ ကာလမှ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိမြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာနမှ ချပေးသော တိုက်ခန်းများ တွင် အောက်ဆုံးထပ်သည် ဈေးအကြီးဆုံးဖြစ်ပါသည်။ တစ်ဆင့်ပြန်ဝယ်ယူသူများမှာ ပို၍ပင် ဈေးကြီးမည်ဖြစ် ပါသည်။

၎င်းအောက်ဆုံးထပ် တိုက်ခန်းပိုင်ရှင်များမှပင် နေကာ (SunShade) လိုလို ဂိုဒေါင်လိုလိုဆောက်ပြီး ခြံဝင်းခတ်ကာနေကြသူ အများအပြားပင်ဖြစ်ပါသည်။

၂ဝ၁ဝနောက်ပိုင်းမှ ချပေးသော မင်္ဂလာတောင်ညွှန့်ကန် တော်လေးအိမ်ရာ၊ သင်္ဃန်းကျွန်းကြီးပွားရေးအိမ်ရာများ တွင် ကျူးကျော်မှုများကို အများဆုံးတွေ့ရပါသည်။ တာဝန် ရှိအိုးအိမ်ဝန်ထမ်းများမှာ တာဝန်မသိတာလား၊ လာဘ် စားထားတာလားမသိပါ။ ကျူးကျော်မှုကတော့ နေရာ တကာပင်ဖြစ်ပါသည်။

ကျူးကျော်ရမှာပေါ့လေ၊ ထူးလဲ ထူးတယ် ဆန်းလည်းဆန်းတဲ့ တိုင်းပြည်ပဲဟာ။

ကျွန်တော်တို့နိုင်ငံမှာအကြီးအကဲများလာရင် အမှန် အတိုင်းသိမြင်ဖို့ဆိုတာဟာ အတော်ခက်သည့်တိုင်းပြည် ဖြစ်ပါသည်။

စိုက်ပျိုးမွေးမြူရေးအားပေးသော အချိန် ကဖြစ်ပါသည်။ ဌာနတွင်းမွေးမြူရေး အောင်မြင်ကြောင်း ပြရန် ရွာနီးဝန်းကျင်မှ ကြက်၊ ဝက်၊ ဆိတ်၊ နွားများခြံ ထဲထည့်ကာ ပြလိုက်ခြင်းဖြင့် လာရောက်စစ်ဆေးသော အကြီးအကဲမှာ ၄င်း၏လမ်းညွှန်ချက်အောင်မြင်သည်ဟု ဆိုကာ ကျေနပ်နေပါတော့သည်။

ထိုမျှမကသေးဘဲ ဖရဲသီးခင်းသို့ခေါ်ကာ အစိမ်းရောင်နှီးများဖြင့် ချည်ထား သော ဖရဲသီးများအား ဓားထက်ထက်ဖြင့်ခူး၍ ခွဲကျွေး သောအခါ လွန်စွာပင် ကျေနပ်သွားပါတော့သည်။

ဒါ ကတော့ For Show ဖြစ်ပါသည်။

ထူးလဲထူးတယ် ဆန်း လဲဆန်းတဲ့ တိုင်းပြည်ပဲ ပဒေသာပင်မြေကပေါက်ရုံမက အသီးပါသီးသော တိုင်းပြည်ဖြစ်ပါသည်။

ဖြစ်ရမှာပေါ့ ထူးလဲထူးတယ် ဆန်းလည်းဆန်းတဲ့တိုင်းပြည်ပဲ။

ကျွန်တော်တို့ အင်ဂျင်နီယာလောကတွင် ဆိုရိုး စကားတစ်ခုရှိပါသည်။

ယာဉ်မောင်းသူက ဘယ်လောက် တော်တော်၊ မော်တော်ကား ဘယ်လောက်ကောင်းကောင်း လမ်းကြမ်းမှာ ခရီးမတွင်နိုင်ပါ။
ထီလက်မှတ်မှောင်ခိုရှိသော တိုင်းပြည် Out Line In Line, Under Table, for Show များသောတိုင်းပြည်၊ ရှိသူတွေ မရှိသူတွေပါ မြေယာကျူးကျော်သူပေါများ သော တိုင်းပြည်၊ အခွန်ရှောင်ဖို့ဝန်မလေးသော်လည်း ဒဏ် ကြေးပေးဆောင်၍ အလုပ်လုပ်ရန် ဝန်မလေးသောတိုင်း ပြည်၊ အစိုးရကိုဆန့်ကျင့်ရလျှင်ပြီးရော အကျိုးအကြောင်း မဲ့ ဆန္ဒပြမှုတွေကို မှန်၏မှား၏မစဉ်းစားဘဲ အားပေးသူ နိုင်ငံရေးသမားတွေရှိနေတဲ့ တိုင်းပြည်မှာ ရိုးသားကြိုးစား သော သမ္မတကြီး ဦးသိန်းစိန်မောင်းနေသော မော်တော် ကားအနေဖြင့် တိုင်းပြည်တိုးတက်ရေး ပြုပြင်ပြောင်းလဲ မှုများတွင် အရှိန်အဟုန်နှေးနေခြင်းသည် ထူးလဲထူးတယ် ဆန်းလဲဆန်းတဲ့ မြန်မာပြည်အတွက် အဆန်းမဟုတ်ပါ။

မညီညာသော သံလမ်းပေါ်တွင် မောင်းနေသော မီးရထား အမြန်နှုန်းမြှင့် တင်ပါက သံလမ်းပေါ်တွင် တွဲချော်သွားပြီး ခရီးဆုံးဘူတာသို့ ရောက်နိုင်မည်မဟုတ်ပါကြောင်း ဒီမိုကရေစီ အကျိုးမျှော်၍တင်ပြလိုက်ရပါသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

 
 

No comments:

Post a Comment