ရန်ကုန်၊ အောက်တိုဘာ ၁၅
နိုင်ငံ တော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်ပအလုပ်အကိုင်
ဆိုင်ရာဥပဒေသည် ခေတ်ကာလ နှင့် လျော်ညီခြင်းမရှိသဖြင့် အသစ်
ပြန်လည်ရေးဆွဲနေကြောင်း အလုပ် သမားအလုပ်အကိုင်နှင့် လူမှုဖူလုံ
ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောသည်။
အောက်တိုဘာ
၁၅ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်း
အဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းညွန့်၏ ပြည်ပအ
လုပ်ကိုင်ဆိုင်ရာ ဥပဒေပါပုဒ်မများကို ပြင်ဆင်ရန် ဥပဒေကြမ်းကိုတင်သွင်း
မှုနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးဒေါ်ဝင်းမော်ထွန်း က''၁၉၉ဝ ပြည့်နှစ်ပြည်ပအလုပ်
အကိုင်ဆိုင်ရာဥပဒေသည် ခေတ် ကာလနှင့် လိုက်လျောညီထွေမှုမရှိ
ဘဲအားနည်းလာသဖြင့် အဆိုပါဥပဒေ ကို အသစ်ပြန်လည်ရေးဆွဲပြီး ဥပဒေ မူကြမ်းကို
အပြည်ပြည်ဆိုင်ရာအလုပ် သမားရေးရာအဖွဲ့(ILO)၊ ရွှေ့ပြောင်း
သွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့(IMO)တို့နှင့် ပူးပေါင်းလုပ်ကိုင်
နေပါတယ်''ဟု ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်ဦးသိန်းညွန့်အနေဖြင့် တည်ဆဲ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပါ
ပုဒ်မသုံးခုခန့်ကိုသာ ပြင်ဆင်ရန် ဥပဒေကြမ်းအဖြစ် တင်သွင်းခဲ့ခြင်း
ဖြစ်သော်လည်း သက်ဆိုင်ရာဝန် ကြီးဌာနမှ အသစ်ပြန်လည်ရေးဆွဲ
နေသည်ဟုဆိုသောကြောင့် ယင်း၏ တင်သွင်းချက်အဆိုကို ရုပ်သိမ်းခဲ့ရ ကြောင်း
သိရသည်။
ယခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
လက်ထက်ဥပဒေအမှတ် ၃/၉၉ ဖြင့် ပြဋ္ဌာန်းခဲ့သည့် ပြည်ပအလုပ်
ကိုင်ဆိုင်ရာဥပဒေနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသိန်းညွန့်က''ယခု လက်ရှိတည်ဆဲ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ဟာ
ဖွဲ့စည်းပုံပါနိုင်ငံသားအခွင့်အရေး ပုဒ်မ ၃၈ဝ နဲ့မညီညွတ်သည်ကို
တွေ့ရှိရပါတယ်''ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။
၂ဝဝ၈
ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ၃၈ဝတွင်နိုင်ငံခြား တိုင်းတစ်ပါးနှင့်
ဆက်ဆံသော နိုင်ငံ သားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ ပြည်ပ၌ဖြစ်စေ
နိုင်ငံတော်၏ကာ ကွယ်စောင့်ရှောက်မှုကို တောင်းပိုင် ခွင့်ရှိသည်ဟု
ဖော်ပြထားသည်။
ပြည်ပသို့အလုပ်အကိုင်စေလွှတ် ခွင့်ရရှိထားသည့်
တရားဝင်အေဂျင် စီတချို့အနေဖြင့် လူကုန်ကူးသည့် သဘောမျိုးသက်ရောက်သည့် လုပ်
ဆောင်ချက်များလုပ်ဆောင်နေ သည်ကိုကြားသိနေရသည်ဟု ဦးသိန်း ညွန့်က ဆိုသည်။
လက်ရှိတည်ဆဲဥပဒေဖြစ် သည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေတွင်ယင်းသို့
ချိုးဖောက်မှုနှင့် စပ်လျဉ်းပြီး အကျိုးဆောင်လိုင်စင် ရရှိသူမည်သူမဆို
ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်
များကို ဖောက်ဖျက်ကြောင်း ပြစ် ဒဏ်စီရင်ခံရလျှင်ထိုသူကို ထောင်
ဒဏ်တစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်ကျပ် ငါးထောင်အထိ ဖြစ်စေချမှတ်ရမည်
ဟုဖော်ပြထားချက်ကို လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကထောင်
ဒဏ်သုံးနှစ်အား မဖြစ်မနေချမှတ် ခြင်းနှင့် ငွေဒဏ်ပါချမှတ်ခြင်းကို
ပြင်ဆင်ရန်ပြင်ဆင်ချက်ဖြင့် တင်သွင်း ခဲ့သည်။
ယင်းအချက်နှင့်ပတ်သက်ပြီး အလုပ်သမားအလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီးကအကျိုးဆောင်လိုင်စင် ရထားသူမည်သူမဆို
လူကုန်ကူးမှု ကိုကျူးလွန်လျှင် ဤဥပဒေတွင် မည်သို့ပင်ရှိစေကာမူ လူကုန်ကူးမှု
တားဆီးကာကွယ်ရေးဥပဒေဖြင့် အရေးယူရမည်ဟုဆိုသည့် အချက်ကို
အသစ်ပြန်လည်ရေးဆွဲနေသည့် ပြည်ပအလုပ်ကိုင်ဆိုင်ရာ ဥပဒေတွင်
ထည့်သွင်းရေးဆွဲထားသည်ဟု လွှတ် တော်အတွင်းဆိုသည်။
ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကို အလုပ်သမားအလုပ်အကိုင် နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာနကအ သစ်ပြန်လည်ရေးဆွဲနေသည်ဟု ဆိုခြင်းကြောင့်
မကြာမီကာလတွင် လွှတ်တော်သို့ ဥပဒေမူကြမ်းအဖြစ် တင်သွင်းလာမှသာ လွှတ်တော်ကိုယ်
စားလှယ်များအနေဖြင့် ဥပဒမူကြမ်း ပါအချက်အလက်များကို ဆွေးနွေး
နိုင်တော့မည်ဖြစ်သည်။
YM, MP
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment