လူမှုကူညီရေးအသင်းကို ရပ်ရွာ၏ကျန်းမာရေး လူမှုရေးများတွင် တတ်စွမ်းသမျှ
ကူညီပေးနိုင်ရန် ရည်ရွယ်၍ ဆရာတော်များ ဒကာဒကာများမ လစဉ် အလှူငွေများ
ထည့်ဝင်ပြီး ဘဏ်တွင်အပ်နှံစုဆောင်းခဲ့ရာ ၁ နှစ်ပြည့်သည့်အချိန် ကျပ် ၁၅
သိန်းခန့် စုဆောင်းခဲ့သည်။ အခုဆိုလျှင် နာရေးကျန်းမာရေးများကြုံလျင်
ကူညီပေးနေပြီး ငွေကြေးလိုအပ်ပါက အတိုးမဲ့ ကျပ် ၂ သိန်း
ငွေထုတ်ချေးကူညီပေးနိုင်ပြီဖြစ်ပါသည်။ အရင်ကဆို ကျန်းမာရေးကြောင့် ငွေလိုအပ်လျင် အလွယ်တကူမရ ရှိတာပေါင်နှံပြီး ဆေးကုသရသည်။ ၁၃၇၆-ခု သီတင်းကျွတ်လပြည့်ကျော်(၈)ရက်နေ့တွင် အသင်းတည်ထောင်သည့် ၁ နှစ်ပြည့်အထိမ်းအမှတ်
သက်ကြီးပူဇော်ပွဲကျင်းပပြုလုပ်ခဲ့သည်။ သက်ကြီးပူဇော်ပွဲ အလှူရှင်များ နေလလူမှုကူညီရေးအသင်းမှ ကျပ် ၁ သိန်း ၊ ဦးဝိစိတ္တ မင်္ဂလာရာမ ရေဦးမှ ဘိုးဘွား ၁၈ ဦးအတွက် အားဆေး နို့ဆီဘူး ဘီစကစ်မုန့် ကော်ဖီမစ်ထုပ် ရှူဆေးဘူး ဖျော်ရည်ဘူးများ လှူဒါန်းပါသည်။
No comments:
Post a Comment