ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် ထိပ်တန်း
အရာရှိကြီးတွေနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေ ဒီနေ့
(အောက်တိုဘာ၁၄) မွန်းလွဲ ၂ နာရီကနေ ညနေ ၅ နာရီ မိနစ်၂၀ အထိ နေပြည်တော်
ကာကွယ်ရေးဝန်ကြီးဌာန ဘုရင့်နောင် ရိပ်သာမှာ တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံရာမှာ တပ်မတော်ဘက်က သတင်းတွေကို ထိန်းထိန်းသိမ်းသိမ်း
ထုတ်ပြန်နေရတဲ့ အခြေအနေတွေ၊ စာနယ်ဇင်းကောင်စီ ဘက်ကလည်း သတင်းမီဒီယာသမားတွေ
သတင်းရယူရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း
ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တပ်မတော် အနေနဲ့လည်း သတင်းထုတ်ပြန်မှု
လွယ်ကူချောမွေ့စေရေး အတွက် စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ ပူးပေါင်း
ဆောင်ရွက်သွားမှာ ဖြစ်ပြီး အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲတွေ
ကျင်းပသွားမယ်လို့ ပြောကြားသွားတယ်လို့ သိရပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment