အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ)နှင့် (ဃ) နောက်ဆုံးပွဲစဉ်များကို အောက်
တိုဘာ ၁၄ ရက်(ယနေ့)တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင် မြန်မာအသင်းမှာ အုပ်စု
(ခ)ပထမရ ယူအေအီးအသင်းနှင့် ကွာတားဖိုင်နယ်တွင်
တွေ့ဆုံကစားရမည်ဖြစ်သည်။ အုပ်စု(ခ)တွင် ပွဲစဉ် ၃ပွဲကစားပြီးသည်အထိ ယူအေအီး၊ ဥဇဘက်ကစ္စတန်၊ သြစတြေးလျတို့
၃သင်းမှာ ရမှတ် ၅မှတ်စီတူညီခဲ့ပြီး Head to Head စည်းမျဉ်းအရ ရမှတ်တူ
၃သင်းပတ်လည်တွေ့ဆုံမှုတွင် ရဂိုး ၂ဂိုး၊ ပေးဂိုး ၂ဂိုးသာရှိခဲ့သည့်
သြစတြေးလျအသင်းမှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ရဂိုး ၃ ဂိုး၊ ပေးဂိုး
၃ဂိုးစီရှိခဲ့သည့် ယူအေအီးနှင့် ဥဇဘက်ကစ္စတန်အသင်းတို့မှာ Head to Head
ရလဒ်၊ ဂိုးကွာခြားချက်၊ သွင်းဂိုးအရေအတွက်တွင် တူညီနေသောကြောင့်
စည်းမျဉ်းအပိုဒ်ခွဲ ၄အရ အုပ်စုပွဲစဉ်အားလုံး၏ ဂိုးကွာခြားချက်တွင်
တစ်ဂိုးအသာရ
ခဲ့သည့် ယူအေအီးက အုပ်စုပထမရခဲ့ကာ ဥဇဘက်ကစ္စတန်အသင်းမှာမူ အုပ်စုဒုတိယဖြင့်သာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။
အင်္ဂါနေ့ပွဲရလဒ်များ
အုပ်စု(ခ) ဥဇဘက်ကစ္စတန် ၁-၁ သြစတြေးလျ
ယူအေအီး ၄-၁ အင်ဒိုနီးရှား
အုပ်စု(ဃ) အီရတ် ၁-၂ မြောက်ကိုရီးယား
ကာတာ ၂-၀ အိုမန်
ကွာတားဖိုင်နယ်ပွဲစဉ်များ(အောက်တိုဘာ ၁၇)
ထိုင်း - ဥဇဘက်ကစ္စတန်
ယူအေအီး - မြန်မာ
ဂျပန် - မြောက်ကိုရီးယား
ကာတာ - တရုတ်
Credit - Eleven Media Group
No comments:
Post a Comment