~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဦးရဲထွဋ်နဲ့ ဒေါက်တာသန်းထွဋ်အောင်တို့ နှစ်ယောက် ကရာတေးချနေတဲ့ သရုပ်ဖော်ပုံပါ အပ်ပြီးပြီ လို့ ပြောပါ တယ်… The Irrawaddy ကို ဖုန်းဆက်ပြီး ကျွန်တော့် အနေနဲ့ ပြန် လည်ဖြေရှင်းချင်ပါတယ်။ အဲဒါ ဖော်ပြပေး နိုင်မလား ဆိုတော့ မရပါတဲ့။ ကျွန်တော့် ကို နောက်ထပ်ဆောင်းပါး ရေးဖို့ကိုပင် ခွင့်မပြုတော့ပါ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့ ထုတ် အလဲဗင်းသတင်းစာ စာမျက်နှာ ၄မှာ အလဲဗင်း မီဒီယာဂရု(ပ်)ရဲ့ အသိပေး ကြေညာချက်တစ်ခု ဖော်ပြလာပါတယ်။ ထုံးစံအတိုင်း အောက်တိုဘာ ၂ ရက် ကြာသပတေး နေ့ ထုတ် The Irrawaddy ဂျာနယ် မှာဖော်ပြထားတဲ့ စည်သူအောင်မြင့်ရဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး The Irrawaddy ဂျာနယ်ကိုရော စည်သူအောင်မြင့်ကိုပါ တရားစွဲမယ်၊ နောက်ကွယ်က ပတ်သက်
သူတွေရှိရင် နောက်ကွယ်က ပတ်သက်သူတွေကိုပါ တရားစွဲမယ်ဆိုတာပါ။ သိပ် အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နည်းနည်း ထူးဆန်းသွားတာက အောက်တိုဘာ ၇ ရက်နေ့မှာ Eleven Media Group နှင့် The Irrawaddy ဂျာနယ်တို့၏ သဘောထား ကြေညာချက်ပါ။
ကြေညာချက်ထဲမှာ ကျွန်တော်နဲ့ပတ်သက်တာ (၂)ပုဒ် ပါပါတယ်။ ““(၁) The Irrawaddy ဂျာနယ်ပါ ဆောင်း ပါးရှင် စည်သူအောင်မြင့်၏ အချက်အလက်မှား ယွင်းရေးသားမှုကို Eleven Media Group က အချက်အလက် များနှင့် ရှင်းလင်းပြောကြားမှုအား The Irrawaddy မှ သဘောပေါက် လက်ခံခဲ့ပါသည်။ (၂) သို့ပါ၍ ဆောင်း ပါး ခေါင်းစဉ်ဖြစ်သော ပြန်ကြားရေး၊ မီဒီယာနဲ့ နိုင်ငံရေး ဂိုဏ်းဂဏပြဿနာ များဩသည် မှားယွင်းသော ကောက် ချက်ဆွဲမှုဟု နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြပါ သည်””ဆိုတဲ့အပိုဒ်တွေဖြစ်ပါတယ်။ မီဒီယာနှစ်ခုက တာဝန်ရှိ သူတွေ သူ့ဘာသာ သူတွေ့ပြီး ကြေညာချက်ထုတ်တာကတော့ မဆန်းပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဆောင်းပါး အချက်အလက် မှားတယ်၊ မှားယွင်းတဲ့ ကောက်ချက်ဆွဲမှုဖြစ်တယ် ဆိုတဲ့အခါ ပြန် လည်ဖြေရှင်းဖို့ လိုအပ်လာပါ တယ်။ ဒါနဲ့ The Irrawaddy ကို ဖုန်းဆက်ပြီး ကျွန်တော့် အနေနဲ့ ပြန်လည်ဖြေရှင်း ချင်ပါတယ်။ အဲဒါဖော်ပြပေး နိုင်မလားဆိုတော့ မရပါတဲ့။ ကျွန်တော့်ကို နောက်ထပ်ဆောင်းပါးရေးဖို့ကိုပင် ခွင့်မပြုတော့ပါ။ ဒီအတွက် အားနာနာနဲ့ ဒီစာမျက်နှာပေါ်ကနေပဲ စာဖတ်သူ ပြည်သူကို ရှင်းပြရပါတော့မယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ သောကြာနေ့မှာ The Irrawaddy တာဝန်ခံအယ်ဒီတာ ကိုရဲနည် ကျွန်တော့်ကို မက်ဆေ့ခ်ျပို့ပါတယ်။ “can u write media update? fight between eleven, than daw sint and ye htut, between eleven and tay za?” ဆို ပြီးတော့ပါ။ နောက်တော့ သိပ်မကြာခင် ကျွန်တော်တို့ နှစ်ယောက် ဖုန်း ထဲကနေ ဆွေးနွေးဖြစ်ပါတယ်။ ကျွန်တော်က ကိုရဲနည်ကို ပြောပါတယ်။ ဒီဆောင်းပါး ရေးဖို့ မဖြစ်နိုင်တဲ့ အကြောင်း၊ အကြောင်းက အလဲဗင်းက ကျွန်တော့်ကို အမှုပေါင်းများစွာနဲ့ တရားစွဲထားတယ်။ လက်ရှိလည်း ၂ မှု ရင်ဆိုင်နေရတယ်။ သူ့အကြောင်း ကျွန်တော်ရေးရင် အယ်ဒီတာတွေအနေ နဲ့ရော စာဖတ်သူတွေအနေနဲ့ပါ မျှတမယ်ထင်မှာ မဟုတ်ဘူး။ မရေးပါရစေနဲ့ ဆိုပြီး ငြင်းပါတယ်။ ဒါပေမဲ့ ကိုရဲနည်က ခင်ဗျား အကြောင်း ကျွန်တော် သိတယ်။ ခင်ဗျားဟာ ပုဂ်္ဂိုလ်ရေးတွေရေးနေမယ့် သူမဟုတ်ဘူး၊ ဘက်လိုက်မှာလည်း မဟုတ်ဘူး၊ နောက်တစ်ခုက ကျွန်တော်တို့က စစ်ဆေးတည်းဖြတ်မှာမို့ ပြဿနာမရှိဘူး၊ ရေးပါလို့ ဆိုပါတယ်။
ကျွန်တော်ကတော့ အခုကိစ္စ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာတစ် ခုဖြစ်ကြတဲ့ ပြဿနာလို့ မမြင်ဘူး၊ သူတို့ ဖြစ်စဉ်တွေကို ကျွန်တော်တစ်လျှောက်လုံး စောင့်ကြည့်ခဲ့တယ်၊ မှတ်တမ်းတွေလည်း ရှိတယ်၊ အချက် အလက် အထောက် အထားတွေအရ ဒါကိုကျွန်တော်က ဂိုဏ်းဂဏပြဿနာတစ်ခုလို့ပဲ မြင်တယ်လို့ ရှင်း ပြပါတယ်။ ဒီအခါ ကိုရဲနည်က ရပါတယ်။ ရေးသာ ရေးပါ။ ကျွန်တော် ဦးရဲထွဋ်နဲ့ ဒေါက်တာသန်းထွဋ်အောင် တို့နှစ်ယောက် ကရာတေးချနေတဲ့ သရုပ်ဖော်ပုံပါ အပ်ပြီးပြီလို့ ပြောပါတယ်။ ကောင်းပါပြီ ရေးပါ့မယ် ဆိုပြီး ကျွန်တော် ကတိပေးလိုက်ပါတယ်။
တကယ်တော့ The Irrawaddy မှာ ကျွန်တော် ဆောင်းပါးတွေ စရေးဖြစ်တာဟာ ကိုရဲနည်က တောင်း ဆိုလို့ ရေးရတာပါ။ ဘာအကြောင်းအရာကိုမဆို ရေးခွင့် ပေးပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ကြာသပေ တး၊ သောကြာလို နေ့မျိုးမှာ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ဘယ်လို အကြောင်းအရာတွေ စဉ်းစားလဲ၊ ကျွန်တော် ကတော့ ဘာအကြောင်းလေးတော့ရေးစေ ချင်တယ်ဆိုပြီး ညှိနှိုင်း တိုင်ပင်တတ်ပါတယ်။ အယ်ဒီတာ ပီသတဲ့ အယ်ဒီတာပါ။ တချို့ ကျွန်တော် မပိုင်နိုင်တဲ့ အကြောင်း အရာတွေဆိုရင် ရှင်းပြပြီး ငြင်းရပါတယ်။ စာမူကိုတော့ လိုအပ်ရင် သူက ခေါင်းစဉ် ပြင်တာ၊ အထဲမှာ နည်းနည်းပါးပါးတည်းတာ လုပ်ပါတယ်။ ကျွန်တော်ကလည်း ခွင့်ပြုပါ တယ်။ ကျွန်တော်တို့ အဲလိုအလုပ် လုပ်ကြတာပါ။
ဦးရဲထွဋ်နဲ့ ဒေါက်တာသန်းထွဋ်အောင် ဆောင်းပါးကို နောက်ထပ် ၃ ရက်အကြာ စက်တင်ဘာ ၂၉ ရက် တန င်္လာနေ့မှာ ပို့လိုက်ပါတယ်။ နောက်ထပ် ၃ ရက်အကြာ အောက်တိုဘာ ၂ ရက်နေ The Irrawaddy ဂျာ နယ်မှာ ဖော်ပြပါတယ်။ ကျွန်တော်ပေးထား တဲ့ခေါင်းစဉ်က ““အစိုးရနဲ့ မီဒီယာပြဿနာလား၊ ဂိုဏ်းဂဏလား”” ဖြစ်ပါ တယ်။ အယ်ဒီတာအဖွဲ့ ပြင်ဆင်ဖော်ပြထားတာက ““(ပြန်ကြားရေး၊ မီဒီယာနဲ့၊ နိုင်ငံရေး ဂိုဏ်းဂဏ ပြဿနာ များ)””ဆိုပြီး ဖြစ်ပါတယ်။ အတွင်းမှာ ၅ နေရာလောက် တည်းဖြတ် ထားပြီး ၂ နေရာမှာတော့ ဆောင်းပါး အတွက် လိုအပ်မယ့်စာပိုဒ်တွေ ထပ်ပြီးဖြည့်စွက်ထားပါတယ်။ ပြောချင်တာက ကျွန်တော် ရေးချင်တာရေးThe Irrawaddy က ဖော်ပြခဲ့တာ မဟုတ်ဘူးဆိုတာပါ။ အသေအချာ အချိန်ယူတည်းဖြတ်၊ ဖြည့်စွက်ပြီးမှ ဖော်ပြ ခဲ့တာ ပါ။ နောက်တော့ အလဲဗင်းကတရားစွဲမယ် ပြောပါတယ်။ ကိုရဲနည်ကတော့ ကျွန်တော်တို့ အလဲဗင်းကို မတောင်း ပန်နိုင်ဘူး၊ The Irrawaddy အနေနဲ့တောင်းပန်ရင် သူအလုပ်ကထွက်မယ်လို့ ကျွန်တော့်ကို ဖုန်းဆက် ပြော ပါတယ်။
ဒီလိုနဲ့ အောက်တိုဘာ ၇ ရက်နေ့မှာ The Irrawaddy နဲ့ အလဲဗင်း ပူးတွဲကြေ ညာချက် ပါလာပါတယ်။ ကိုရဲ နည်ကတော့ ဒီကြေညာချက် သူတို့အွန်လိုင်း မှာဖော်ပြမှ သူသိရတာ၊ သူ့ကိုမတိုင်ပင်ဘူး၊ ကိုအောင် ဇော် နဲ့ ဒေါက်တာ သန်းထွဋ်အောင်တွေ့ကြပြီး အဲဒီကြေညာချက်ထုတ်တာလို့ ရှင်းပြပါတယ်။ ကိုအောင်ဇော်ဟာ သူ့ရဲ့ဖြစ်တာကြောင့် သူဘာမှ မတတ်နိုင်ဘူး လို့ ပြော ပါတယ်။ ကျွန်တော်ကတော့ ဒါဟာThe Irrawaddy အနေနဲ့ ကိုယ်ဖော်ပြ ခဲ့တာကို ကိုယ်လုံးဝ တာဝန်ယူခြင်းမရှိဘဲ ကိုယ်ခွင့်ပြုမှ ဖော်ပြခံရ မယ့် ဆောင်းပါး ရှင်ကို တစ်ဖက်သတ် လုပ်ကြံစွပ်စွဲ သိက္ခာချ၊ ချနင်းသလို လုပ်တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဒါမျိုး ပြည်တွင်းက ဘယ် မီဒီယာမှလည်း လုပ်တာ မတွေ့ဘူးကြောင်း ပြောပါတယ်။ သူလည်း ဒီလိုပဲခံယူတယ်၊ စိတ်မကောင်း ပါဘူးတဲ့။ The Irrawaddy မှာ ကျွန်တော် ရှင်းပြခွင့်ရှိမလားဆိုတော့ မရှိပါဘူးတဲ့။
နောက်ဆုံး သူက ကျွန်တော့်အနေနဲ့ တစ်နေရာရာကနေ ရှင်းပြတာမျိုး လုပ်ပါ၊ သူကလည်း Facebook လို တစ်နေရာရာကနေ ရေးပေးမယ် ဆိုပါတယ်။ ရေးတဲ့အခါ The Irrawaddy မီဒီယာကို မထိခိုက်ပါစေနဲ့၊ အဲဒီ မီဒီယာထဲမှာ သူ့လို ရိုးရိုးသားသား အလုပ်လုပ်နေကြသူ သတင်းထောက်၊ အယ်ဒီတာတွေ ရှိနေကြတယ်၊ ဒါကြောင့် ပြောမယ့်ပြော ဒီကိစ္စလုပ်တဲ့ ကိုအောင်ဇော်ကိုပဲ ပြောပါလို့ မှာပါတယ်။ ကိုအောင်ဇော်ရဲ့ ကျင့်ဝတ် သိက္ခာကိုပဲ မေးခွန်းထုတ်၊ တိုက်ခိုက်ဖို့ ပြောပါတယ်။ ကျွန်တော်ကတော့ ဘာမှလုပ်ဖို့ ထပ်ပြီး စွပ်စွဲဖို့ မစဉ်း စားပါ၊ ခုလို စာဖတ်သူပြည် သူတွေ နဲ့ ပြည်တွင်း သတင်းမီဒီယာတွေကို ရှင်းပြခွင့်ရတာကို ပဲ ပျော်ရွှင်နေပြီဖြစ် ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
မြန်မာသံတော်ဆင့်သတင်းဌာန-www.facebook.com/myanmarherald
No comments:
Post a Comment