၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၃ ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေကို ရုပ်သိမ်းခဲ့ကြောင်း၊ ဆက်လက်၍ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ကိုလည်း ဧပြီလ ၂ ရက်နေ့တွင် ဖျက်သိမ်းခဲ့ရာ ပုံနှိပ်သူ၊ ထုတ်ဝေသူ မှတ်ပုံတင် လုပ်ငန်းများ ဖြစ်သည့် အသစ်ခွင့်ပြုခြင်း၊ သက်တမ်းတိုးခြင်း စသည့် လုပ်ငန်းများကို နည်းဥပဒေအသစ် မထွက်မီ ယာယီဆိုင်းငံ့ ထားခဲ့ကြောင်း၊ အဆိုပါ အသစ်ပြဋ္ဌာန်းပြီး ဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၄၈/၂၀၁၄) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ နည်းဥပဒေများအရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း အသိအမှတ်ပြု လက်မှတ် (လိုင်စင်) အသစ်လျှောက်ထားခြင်း၊ ၃၀-၆-၂၀၁၄ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးသည့် လုပ်ငန်းများနှင့် ၃၀-၁၂-၂၀၁၄ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းအတွက် ပုံနှိပ်သူ၊ ထုတ်ဝေသူ မှတ်ပုံတင် သက်သေခံ လက်မှတ်များကို လုပ်ငန်း အသိအမှတ်ပြု လက်မှတ် အသစ်များဖြင့် လဲလှယ်ခြင်းတို့ကို အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်လက်ခံ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်အသစ် လျှောက်ထားလိုသူများနှင့် အသစ်လဲလှယ်ကြမည့် ပုံနှိပ်သူ၊ ထုတ်ဝေသူများ အနေနှင့် သတ်မှတ်လျှောက်လွှာ ပုံစံများကို အမှတ် (၄)၊ ဝင်္ကပါလမ်း၊ ဗဟန်းမြို့နယ်ရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲတွင် အခမဲ့ လာရောက် ထုတ်ယူ၍ လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Website www.moi.gov.mm/iprd တွင်လည်းကောင်း ရယူနိုင်ပါကြောင်း အသိပေး ကြေညာထားသည်။
-------------------
ဆက်စပ်သတင်း
-------------------
Bi မွန်းတည့်နေ ဝန်ထမ်းငါးဦး ထောင် ၂ နှစ်စီ ချမှတ်ခံရ
>> http://goo.gl/6cseMR
ဖလမ်းပို့စ် နေစဉ်သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းရန် အကြောင်းကြား
>> http://goo.gl/FrwEcZ
Credit - The Voice Weekly

No comments:
Post a Comment