Wednesday, October 15, 2014

ကျောင်းသူ ဖြူနှင်းထွေး လွတ်ပြီ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္ဓမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက် အမှုကနေ တရားရှင် ပြန်လွှတ်ပေးလိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။


“အခုဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေအားလုံးကို ကျေးဇူးတင်ကြောင်း မဖြူနှင်းထွေး ကိုယ်တိုင် ပြောနေတယ်။ ဒီအမှု ဒီလိုမတရားပုဒ်မတွေ တပ်ပြီး စွပ်စွဲနေရင်တော့ တိုက်ပွဲဝင်ရ ဦးမယ်။ ကျနော်တို့မှာ တခြားပုဒ်မ တပ်ထားတဲ့ ဗကသတွေကို တရားစွဲဆိုထားတာတွေကို ဆက်လက် ရင်ဆိုင်ရဦးမှာပါ။”

မန္တလေးတက္ကသိုလ် ပထမနှစ်  မြန်မာစာဘာသာရပ်အထူးပြု တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကို  လက်ပံတောင်းတောင်မှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင် ပတ်သက်ခဲ့တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၃၆၈၊ ၃၆၄ တွေနဲ့   ဖမ်းဆီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
မဖြူနှင်းထွေးဟာ မုံရွာ အကျဉ်းထောင်တွင်းမှာ ခံစားခွင့်ရှိတဲ့ အခွင့်အရေး  အပြည့်မရဘူးလို့ ဗကသအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ပါတယ်။

 Credit - DVB

10710311_784670868238082_6381135445300515825_o 


No comments:

Post a Comment