ရန်ကုန်၊ အောက်တိုဘာ ၁၃
နှစ် တစ်ရာပြည့်ဗိုလ်ချုပ်မွေးနေ့အထိမ်း အမှတ်အဖြစ် ဗိုလ်ချုပ်နှင့်ပတ်သက် သည့်အရာများကို ဗိုလ်ချုပ်အောင် ဆန်းပြတိုက်သို့လာရောက်လှူဒါန်း နိုင်ကြကြောင်းသိရသည်။
လာမည့် ၂ဝ၁၅ခုနှစ် ဖေဖော် ဝါရီ ၁၃ရက်နေ့တွင် ကျရောက်မည့်
ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာ ပြည့်မွေးနေ့အတွက် ဗိုလ်ချုပ်အောင်
ဆန်းပြတိုက်(ရန်ကုန်)တွင် အခမ်း အနားများကျင်းပရန် အစီအစဉ်မရှိ သော်လည်း
အထိမ်းအမှတ်အဖြစ် လာရောက်လှူဒါန်းပါက ထိန်းသိမ်း ပြသသွားမည်ဖြစ်ကြောင်း
ဗိုလ်ချုပ် အောင်ဆန်းပြတိုက်(ရန်ကုန်)မှဦး စီးအရာရှိ ဦးကျော်အေးကပြောသည်။
''လာလှူရင်တော့ ထိန်းသိမ်း ပြသမယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေ
ထုတ်ဝေနေတဲ့စာအုပ် တိုက် တချို့မှာဆိုရင် ပုံတွေရှိတယ်။
လာလှူဖို့ပြောတဲ့သူတွေလဲရှိ
တယ်'' ဟုယင်းကဆက်လက်ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်
တွင်
ပြသထားသောဓာတ်ပုံများ အသုံး အဆောင်ပစ္စည်းများမှာ လာရောက်
ကြည့်ရှုလေ့လာသူများအတွက် ဗိုလ် ချုပ်ကို အမှတ်တရရှိစေကာ စိတ်ဝင်
စားစရာကောင်းသော်လည်း ပြသ သည့် ပစ္စည်းများ နည်းပါးနေသည် ဟုလည်း
လာရောက်ကြည့်ရှုသူ ပြည် သူတချို့က ပြောသည်။
''အိမ်ထဲမှာ
ပြသထားတာက အမှတ်တရတော့ဖြစ်တယ်။ ဒါပေမဲ့ နေရာလွတ်တွေ အများကြီးရှိတယ်။
ပညာရှင်မဟုတ်ပေမယ့် ကိုယ့်အ တွေးမှာ ပုံစံဖော်ကြည့်တော့ ပစ္စည်း တွေ
ထပ်ထည့်ပြီးပြသတဲ့ပုံစံကြို
ပင် ဆင်လိုက်မယ်ဆို ပိုကောင်းမယ်'' ဟု စမ်းချောင်းမြို့နယ်မှ ပြတိုက်သို့လာ ရောက်ကြည့်ရှုသူ ကိုမျိုးဝင်းကပြော သည်။
ယင်းကဲ့သို့ပြတိုက်ကိုပြန်လ
ည် ပြင်ဆင်နိုင်ပါက ပြည်ပဧည့်သည်များ ပိုမိုစိတ်ဝင်စားမှုရရှိမည်ြ
ဖစ်ကြောင်း၊ ပြတိုက်သို့ ပြည်ပဧည့်သည်များကို လိုက်ပါပို့ဆောင်သူ ဧည့်လမ်းညွန် တစ်ဦးကလည်း သုံးသပ်ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်
ရာပြည့်မွေးနေ့ကို ဗိုလ်ချုပ်၏ဇာတိ မြို့ဖြစ်သောနတ်မောက်မြို့တ
ွင်ခမ်း နားစွာကျင်းပမည်ဖြစ်ပြီး ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ် ကျင်းပရေးကော်မတီကိုလည်း ဖွဲ့ စည်းပြီးဖြစ်ကြောင်းသိရသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်
ကို တနင်္လာနေ့မှအပ ကျန်သောရက် များတွင် ပိတ်ရက်မရှိ ဖွင့်လှစ်ထား ပြီး ပြတိုက်ဝင်ကြေးအဖြစ် ပြည်တွင်း ပြည်ပလူကြီး၃ဝဝကျပ်၊ကလေး၁ဝဝ
ကျပ်နှင့် သံဃာတော်၊ သီလရှင်နှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဝင်ရောက်ခွင့်ပေးထာြးေ
ကာင်း သိရသည်။
MTZ
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment