Saturday, October 18, 2014

အိန်္ဒိယနိုင်ငံတွင် အဂတိလိုက်စားမှုများနှင့် အစိုးရ၏ ပြင်းထန်သော အရေးယူ မှုများ

– ဘုန်းမြင့်ဆွေ

အိန်္ဒိယနိုင်ငံတွင် နိုင်ငံရေး ဗျူရိုကရက် ကော်ပိုရေးရှင်း အဖွဲ့အစည်းများနှင့် တစ်ဦးချင်း အဂတိလိုက်စားမှုများ သည် အိန်္ဒိယနိုင်ငံတွင် အဓိက အလေးထားစရာ စိုးရိမ်ပူပန်မှုတစ်ရပ်ဖြစ်သည်။၂၀၀၅ ခုနှစ်က နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (TransparencyInternationalူ)၏ ဦးဆောင် လေ့လာ တွေ့ရှိချက်အရ အိန်္ဒိယနိုင်ငံ တွင် အလုပ်အကိုင်ရရှိရေးအတွက် အိန်္ဒိယပြည်သူများသည် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို လာဘ်ပေးနေရကြောင်း ဖော်ပြထားသည်။

Transparency International ၏ ခန့်မှန်းချက်အရ ကုန်တင်ယာဉ်မောင်း (Truckers) တွေဟာ နှစ်စဉ် အမေရိ ကန် ဒေါ်လာ ၅ဘီလီယံလာဘ်ပေးနေရသည်ဟု ဆိုသည်။ TI အဖွဲ့အစည်း၏ အဂတိလိုက် စားမှုသုံးသပ် ချက် ညွှန်းကိန်းများ (Corruption Perceptions Index)အရ အဂတိလိုက်စားသည့် နိုင်ငံပေါင်း ၁၇၈နိုင်ငံအနက် အိန်္ဒိယနိုင်ငံသည် နိုင်ငံအဆင့် ၉၅နေရာတွင် ရှိနေကြောင်း တွေ့ရှိရသည်။…
အိန်္ဒိယနိုင်ငံမှ ပါမောက္ခ Bibek Debroy နှင့် Laveesh Bhandari ပူးပေါင်း ရေးသားသည့် “Corruption in India: The DNA and RNA” စာအုပ်တွင် ပါမောက္ခ စာရေး ဆရာများက အိန်္ဒိယအစိုးရတာဝန်ရှိ ပုဂိ္ဂုလ်များ သည် အိန်္ဒိယရူပီး 92,122 Crore သို့ အမေရိကန်ဒေါ်လာ ၁၈ဒသမ၄၂ ဘီလီယံ (သို့) ပြည်တွင်း အမျိုးသား ထုတ်ကုန်ပမာဏ (Gross Domestic Product – GDP) ၏ ၁ ဒသမ ၂၆ ရာခိုင်နှုန်းကိုလက်ဝါးကြီးအုပ် ခိုးယူခဲ့ သည်ဟု စာအုပ်ထဲမှာ ဖော်ပြထားသည်။ ယင်းစာအုပ်၏ သုံးသပ်ချက်အရ အိန်္ဒိယနိုင်ငံ၏ အဂတိလိုက်စားမှု သည် အိန်္ဒိယနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ရာနှုန်းပြည့် ပိတ်ဆို့ထားကြောင်းလည်း ဖော်ပြသည်။ လာဘ်ပေး လာဘ်ယူ အများဆုံးနှင့် အဂတိလိုက်စားမှု အဖြစ်ပေါ်ဆုံး အစိုးရဌာနများတွင် သယ်ယူပို့ဆောင်ရေး ၀န်ကြီး ဌာန၊ အိုးအိမ်နှင့်ခြံမြေ ဌာနနှင့်၊ အခြားပြည် သူ့ဝန်ဆောင်မှုလုပ်ငန်းများသည် အဂတိလိုက်စားမှု အဆိုးဝါးဆုံး အခြေအနေမှာရှိ သည်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၊ အိန်္ဒိယနိုင်ငံ ကြီးကြပ်ရေးနှင့် ငွေစာရင်း စစ်ချုပ် (Controller and Auditor General) အသုံးမချရသေးဘဲ အဂတိလိုက်စားမှု ကျူးလွန်ထားသည့် ပြည်ပ အထောက်အပံ့ ကြေးငွေကြေးပမာဏမှာ အိန်္ဒိယရူပီးငွေ Crore 105,339 ရှိသည်ဟု ဆိုသည်။ နိုင်ငံတော် စာရင်းစစ်ချုပ်ရုံးမှ ခန့်မှန်းနိုင်သည်မှာ အစိုးရတာဝန်ရှိသူများသည် အမေရိကန်ဒေါ်လာ တစ်ထရီလီယံအား တိုင်းပြည် မှ နည်းမျိုးစုံဖြင့် ခိုးထုတ်ပြီး နိုင်ငံရပ်ခြား တိုင်းပြည်အသီးသီးတွင် နည်းမျိုးစုံဖြင့် လျှို့ဝှက်အပ်နှံ ထားလျက်ရှိကြောင်း ခန့်မှန်းသည်။ ယင်းသို့သော အခြေအနေမျိုးတွင် ကမ္ဘာ့ဘဏ်မှသုံးသပ် ခန့်မှန်းရာတွင် အိန်္ဒိယ လူမျိုးများ၏ ၈၀ ရာခိုင်နှုန်းသည် တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ နှစ် ဒေါ်လာအောက်ရရှိကြပြီး စက္ကန့်တိုင်း စက္ကန့်တိုင်းတွင် ကလေးသူငယ်များသည် အာဟာရ ချို့တဲ့လျက်ရှိသည်ဟု ဆိုသည်။ ယင်း အကြောင်းအရာနှင့် ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရှိစည်းရုံး ဟောပြော လှုံ့ဆော်သူတစ်ဦးဖြစ်သူ သုတေသီ Dandi March II ၏အဆိုအရ အကျင့်ပျက်ခြစား အဂတိလိုက်စား သူများသည် Scams and Crime ဟုခေါ်သည့် ရိုက်စားများ၊ ရောင်စုံပွဲစားများ၊ မင်းပေါက်စိုး ပေါက်တွင် လူတွင်ကျယ်များ၊ တရားမ၀င် မြေအောက် ဂိုဏ်းများနှင့် ဆက်နွှယ်လျက် တရားမ၀င် ဘူဇွာများဖြစ်နေချိန်မှာ သာမန် ပြည်သူများ အနေဖြင့် သူတို့၏ ဆင်းရဲမွဲတေမှု လျော့ပါးရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသများမှ မြို့ကြီး ပြကြီးများသို့ တစ်ရွာပြောင်းပြီး သူကောင်းဖြစ်ရေးစသည် စသည် အစိုးရ၏ မှန်ကန် ပြည့်စုံသည့် အထောက်အပံ့များ ကို မျှော်လင့်လျက်ရှိကြသည်။ အိန်္ဒိယနိုင်ငံတွင် 2G Spectrum Scam ဟုခေါ်သည့် တရားမ၀င် ရောင်စုံရိုက်စား အဖွဲ့သည် လူသိများလျက်ရှိပြီး များပြားလှသည့် တရားမ၀င် ငွေကြေး ပမာဏအပေးအယူ အရောင်း အ၀ယ် ကိစ္စရပ်များတွင် ပါဝင်ပတ်သက် လျက်ရှိသည်ဟု ဆိုသည်။
အဂတိလိုက်စားမှု နောက်ခံသမိုင်း
Corruption History
လက်ရှိ အိန်္ဒိယနိုင်ငံ၏ စီးပွားနောက်ခံသမိုင်းကို ပြန်ကြည့်မယ်ဆိုလျှင် Socialist – inspired ဟုခေါ်သည် ဆိုရှယ်လစ်စနစ် လှုံ့ဆော်မှု (သို့) ဆိုရှယ်လစ် စီးပွားရေးစနစ်ယိမ်း မူဝါဒများအောက်တွင် အိန်္ဒိယနိုင်ငံသည် ၁၉၅၀ ပြည့်နှစ်များမှသည် ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းကာလများအထိ ရှိနေခဲ့သည်။ ယင်းစီးပွားရေး စနစ်ကို ဘောဂဒေပညာရှင်များက Extensive regulation- ကျယ်ပြန့်သော လုပ်ထုံးလုပ်နည်း များစနစ်၊ ပြည် တွင်း စီးပွားရေးလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်ပေးထားသည့် မူဝါဒနှင့် အများ ပြည်သူပိုင်ဆိုင်မှု (Public Ownership) များသည် အိန်္ဒိယနိုင်ငံ၏ စီးပွားရေးစရိုက် လက္ခဏာများဖြစ်ပြီး ယင်းမူဝါဒများသည် အကျင့်ပျက် အဂတိလိုက်စားမှုကို ဆွဲဆောင်နိုင်သည့် ပျော့ကွက်များဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု ကို နှေးကွေး စေကြောင်း ပညာ ရှင်များက သုံးသပ်သည်။ License Raj သည် အဆိုးမြင်လူသိများ ထင်ရှားသည့် အကျင့်ပျက်အဂတိလိုက် စားမှု၏ အဓိကအချက်အချာ ဖြစ်ကြောင်း သုံးသပ်ကြသည်။
၁၉၉၃ ခုနှစ်၊ အောက်တိုဘာလတွင် အိန်္ဒိယနိုင်ငံ ယခင်အိန်္ဒိယယူနီယံ ပြည်ထဲရေးဝန်ကြီး N.N.Vohra တင် သွင်းသည့် Vohra Report အစီရင်ခံစာတွင် အိန်္ဒိယနိုင်ငံတွင် နိုင်ငံရေး ရာဇ၀တ်မှု ကျူးလွန်သည့် ပြဿနာများ (Problem of the Criminalization Politics)နှင့် ရာဇ၀တ်မှုနှင့် ပတ်သက်နေသည့် နိုင်ငံရေးသမားများ ဗျူရိုက ရက်အစိုးရအဖွဲ့ဝင်များအတွင်း ဆက်စပ်မှုပြဿနာများကို ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာတွင် သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် စင်ပြိုင်နီးပါး တရားမ၀င် လုပ်ပိုင်ခွင့်အာဏာများရှိနေပြီး ရာဇ၀တ်မှုကွန်ရက်များတွင် ကျက်စားနေသည့် လုပ်ရပ်များနှင့် ပတ်သက်ပြီး တရားဝင် အေဂျင်စီများ၏ လေ့ လာတွေ့ရှိချက်များပါဝင်သည်။ ထို့ပြင် နိုင်ငံရေးသမားများ (သို့) နိုင်ငံရေးပါတီအားလုံး၏ အရှင်မွေးနေချင်း ကြီးဝါဒ (သို့) သူကောင်းပြုနိုင်သည့် အာဏာများနှင့် ယဉ်ပါးနှစ်သက်နေသည့် ရာဇ၀တ်ဂိုဏ်းများ အကြောင်း လည်း ဆွေးနွေးထားသည်။ အိနိ္ဒယနိုင်ငံသည် ဒီမိုကရေ စီထွန်းကားသည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ် သော်ငြား လည်း အဂတိလိုက်စားမှုပုံစံများ အတွင်းအကျုံးဝင်သည့် အရှင်မွေးနေ့ချင်း ကြီးဝါဒ(သို့)သူကောင်းပြုနိုင်သည့် အာဏာ (Patronage) ထွန်းကားနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တစ်ဆက်တည်း မှာပဲ ယင်းအစီရင်ခံ စာတွင် အချို့သော နိုင်ငံရေး ပါတီခေါင်းဆောင်များသည် တရားမ၀င်ဂိုဏ်းအသီးသီး၏ ခေါင်းဆောင်များ ဖြစ် လာသည်။ လွန်ခဲ့သည့် နှစ်ကာလ အပိုင်းအခြား ကာလတစ်ခုတွင်း ပြစ်မှု ကျူးလွန်သူ (Criminals) အများ အပြားသည် ဒေသဆိုင်ရာအဖွဲ့အစည်း (Local Bodies)၊ လွှတ်တော် (State Assembly)နှင့် ပါလီမန် အဖွဲ့ အစည်းများအတွင်းမှာပင် ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက် ခံလာကြရသည်ဟုဆိုသည်။
Vohra Report အပေါ်ဝေဖန်သူများက ယင်းအစီရင်ခံစာသည် အကျင့်ပျက်ခြစား အဂတိလိုက်စားသည့် အစိုးရအဖွဲ့အတွင်း ပေါက်ကွဲစေတတ်သည့် အင်အားပြင်းထန်သော ဗုံးတစ်လုံးဖြစ်သည်ဟုဆိုသည်။
သုတေသီ Jitendra Singh ၏ In the bad old days အမည်ရှိ ၁၉၉၁ခုနှစ်မတိုင် မီကအခြေအနေကို တင်ပြ ရာတွင် License Raj အမည်ရှိသည့်အဖွဲ့ သြဇာရှိလာသည့် အခါ အခင်းအကျင်းအနေဖြင့် လွတ်လပ်သော ဈေးကွက်ယန္တရားအားလုံးသည် ထော့နင်းထော့နင်း ဖြစ်ကုန်တော့သည်။ ခရီးမပေါက်တော့။ ၎င်းပြင်အဂတိ လိုက်စားမှုသည် တရားမ၀င်ဈေးနှုန်းချုပ်ကိုင်သည့် ယန္တရားကြီးဖြစ်ပေါ် လာတော့သည်။ သာဓကအားဖြင့် Shadowy Quasi market ဟုခေါ်သည့် ရိုးတိုးရိပ် တိတ်အယောင်ဆောင်ဈေးကွက် (လက်တွေ့နှင့်ကွာဟနေ သည် ကုန်စည်ဈေးနှုန်း) ယင်းတွင်ရှားပါးသည့် အရင်းမြစ်များသည် စီးပွားရေးလောက အတွင်း ခွဲဝေ သတ်မှတ် ပေးထားသည့် ဆုံးဖြတ်ချက်များကိုလည်း License Raj ကိုင်တွယ်ထိန်းချုပ်ထားသည်။ ယင်းအချက်များသည် (Politico – economic Regime) က ဖန်တီးဖော်ထုတ်ထားသည် အတ္တနောမတိ လုပ်ရပ်များ ဖြစ်သည်။
၁၉၉၀ပြည့်နှစ် နောက်ပိုင်း အိနိ္ဒယနိုင်ငံတွင် သိသိသာသာ ပြောင်းလဲမှုများ (Sea changes) ပေါ်ပေါက်လာ သည့် အခါ မှန်ကန်မှုမရှိသည့် ယဉ်ကျေးဆိုင်ရာ စံနှုန်းများသည်လည်း ၁၉၉၁ ခုနှစ် အရှေ့ပိုင်း ကာလအတွင်း အမြစ်ခိုင်ခိုင် တွယ်နေခဲ့ရာမှ အရှိန်အဟုန်မြင့်မားသည့် ယှဉ်ပြိုင်မှုတွန်းအား (Sheer Forces of competiton) တဖြည်းဖြည်းမှသည် အရှိန်ရသည့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာတော့သည်။ မည်သို့ဆိုစေကာမူ တိုးတက် ပြောင်းလဲမှုဖြစ်စဉ်သည် ဖြည်းဖြည်းမှန်မှန်နှင့် အချိန်ပေးရ မည်ဟုသုံးသပ်သည်။ နေ့ချင်းပြီးအလုပ် ခုရေတွင်း တူးခုရေကြည် သောက်ရမည့် ရလဒ်မျိုးဟု မမျှော်လင့်သင့်ချေ။ ဖွံ့ဖြိုး ဆဲနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတား အနှောင့်အယှက်များ အနက်အဓိကအကျဆုံးတွေ့ ကြုံရသည်မှာ ၀ိသမလောဘသမားများ၊ အာဏာငမ်းဖမ်းနေသည့် နိုင်ငံရေးသမားများ၏ အဂတိလိုက်စားမှုဖြစ်ပြီး ယင်းအချက် သည် ကမ္ဘာကြီးတွင် ရှက်ဖွယ်ရာ ကြုံတွေ့နေရပေသည်။
အိနိ္ဒယနိုင်ငံရေးနောက်ခံ
India’s Background Politics
၂၀၀၈ခုနှစ် ဒီဇင်ဘာလတွင် ၅၂၂ဦး ရှိသည့် အိနိ္ဒယပါလီမန်အဖွဲ့ဝင်များအနက် ပါလီမန်အဖွဲ့ဝင် ၁၂၀ဦးသည် ရာဇ၀တ်မှုများနှင့် ရင်ဆိုင်ဖြေရှင်းနေရသည်။ ၂၀၁၀ ပြည့်နှစ်မတိုင်ခင်အထိ 2G Spectrum Scam လိမ်လည် မှုကြီး ၂၀၁၀ ပြည့်နှစ် ဓနသဟာယနိုင်ငံများအဖွဲ့ အားကစားပွဲ မသမာမှုကြီးနှင့် Adarsh Housing Society မသမာမှုအရှုပ်တော်ပုံ၊ Karnataka သတ္တုတွင်းလာဘ်စားမှု အရှုပ်တော်ပုံနှင့် မဲဝယ်မှုအရှုပ်တော်ပုံ (Cash For Vote) စသည့် ကျော်မကောင်းကြား မကောင်းမသမာမှု အရှုပ်တော်ပုံအသီးသီးတွင် ပြည်ထောင်စု ၀န်ကြီး များ၊ ပြည်နယ်ဝန်ကြီးချုပ်များ အပါ အ၀င်အစိုးရအဆင့်မြင့် အရာရှိကြီးများ ပါဝင်ပတ်သက် ကျူးလွန်ကြသည်။
ဗျူရိုကရေစီစနစ် (ရှုပ်ထွေးပြီးမထိ ရောက်သလိုလုပ်ထုံးလုပ်နည်းများ)
Bureaucracy
Transparency International (TI) ၏ လေ့လာတွေ့ရှိချက်အရ အိနိ္ဒယပြည်သူများ၏ ၅၀ရာခိုင်နှုန်းသည် အစိုးရဌာနများတွင် အလုပ်အကိုင်ရရှိရေးအတွက် ကိုယ်တိုင်လာဘ်ပေးနေရသည် (သို့)အကပ် ရှာနေရသည့် Peddling influence ခေါ်သည့် အခွန်အတုပ်များနှင့် တံဆိုးလက်ဆောင်များ (Taxes & Bribes) များသည် နိုင်ငံတော်၏ ကျောခိုင်းနံစပ် တည်နေရာတစ်လျှောက်တွင် သာမန်ဖြစ်ရိုးဖြစ်စဉ်များ ဖြစ်နေရသည်။ TI ၏ ခန့်မှန်းချက်အရ အိနိ္ဒယနိုင်ငံ truckers များသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ဘီလီ ယံလာဘ်ပေး နေကြရ သည်ဟူ၏။၂၀၀၉ခုနှစ်တွင် အာရှနိုင်ငံ၏ ဦးဆောင်စီးပွားရေးလုပ်ငန်းများ ကွင်းဆင်းလေ့လာ တွေ့ရှိချက်ကို တင်ပြရာတွင် အိနိ္ဒယနိုင်ငံသည်စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံ ဗျူရိုကရေစီယန္တရားများနှင့်စာလျှင် အရည်အသွေး အားဖြင့် နှိုင်းယှဉ်နိုင်သည်။ အခြေအနေတွင်ရှိသည် ဆိုသော်လည်း အိနိ္ဒယပြည်သူ့ဝန်ထမ်းများနှင့်အတူ တွဲပြီး အလုပ် လုပ်ကြသည့်အခါ နှေးကွေးပြီး စိတ်ညစ်စရာကောင်းသည့် လုပ်ငန်းစဉ်များနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်းသိရှိ ရသည်။ သုတေသီများရဲ့ ကောက်ချက်အရ အစစအရာရာအထနှေးသည့် ယန္တရားကြီးအဖြစ် ဥပမာတင်စားကြ သည်။
မြေနှင့် အိမ်ရာအဆောက်အအုံ
Land and Property
အစိုးရအရာရှိကြီးများသည် အခါအားလျော်စွာ နိုင်ငံပိုင်ပစ္စည်းများကို ခိုးယူကြသည်။ အိနိ္ဒယနိုင်ငံ တစ်ဝန်းမြို့ ကြီးပြကြီးများနှင့် ကျေးလက်ဒေသများ မြူနီစပါယ်နှင့် အခြားအစိုးရတာဝန်ရှိ ပုဂ်္ဂိုလ်များအပါအ၀င် ရွေးကောက် ခံထားပြီးသော နိုင်ငံရေးသမားများ တရားရေးဆိုင်ရာ အရာရှိကြီးများ အိမ်ခြံမြေတည်ဆောက် သူများအကျိုး ဆောင်များ ၀ယ်/ရောင်းများနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များသည် မြေပိုင်ဆိုင်ရရှိရေး ချဲ့ထွင်ရေး ယင်းမြေများအား ရောင်းချရေးတို့တွင် တရားမ၀င် နည်းလမ်းများ ရယူပိုင်ဆိုင်နေကြသည်။

ဆက်လက်ဖော်ပြပါမည်

  မြန်မာသံတော်ဆင့်သတင်းဌာန-www.facebook.com/myanmarherald

  

  

No comments:

Post a Comment