Thursday, October 16, 2014

တပ်ဆုတ်ပေးဖို့ တောင်းဆိုတာ ပူးပေါင်းကန့်ကွက်ဖို့ SSPP/SSA နဲ့ UWSA ဆွေးနွေးမယ်

ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်မြစ် အနောက်ဘက်ခြမ်း ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA တပ်တွေ ဆုတ်ခွာပေးဖို့ ရှမ်းပြည်နယ်အစိုးရက တောင်းဆိုတာကို ပူးပေါင်းကန့်ကွက်ဖို့အတွက် SSPP/SSA နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSA တို့တွေ့ဆုံကြမယ်လို့ SSPP/SSA အထွေထွေ အတွင်းရေးမှူး ဦးစပ်ခွန်စိုင်းက ဆိုပါတယ်။ တပ်တွေ ဆုတ်ခွာပေးဖို့ တောင်းဆိုတဲ့နေရာဟာ UWSA နယ်မြေနဲ့ နီးကပ်နေပြီး SSPP/SSA က နှစ်ပေါင်းများစွာကတည်းက တပ်စွဲထားတာဖြစ်ပါတယ်။ “ကျွန်တော်တို့ ဒီနေရာမှာ နှစ်ပေါင်းများစွာ နေလာတာကို UWSA က ထောက်ခံတယ်။ အားလုံးလည်း သိတယ်။ အဲဒီတော့ ပူးပေါင်းကန့်ကွက်ဖို့ကို ဆွေးနွေးကြမယ်” လို့
ဦးစပ်ခွန်စိုင်းက ပြောပါတယ်။ တွေ့ဆုံမယ့်နေရာနဲ့ အချိန်ကို လုံခြုံရေးအခြေအနေကြောင့် တိတိကျကျ မပြောနိုင်ဘူးလို့ သူကဆိုပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်ထဲမှာ မြန်မာ့တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ် အင်အားထောင်ချီ အသုံးပြုတိုက်ခိုက်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်း ရပ်တန့်ဖို့ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA က အောက်တိုဘာလ ၅ ရက်နေ့ မှာ ထုတ်ပြန် တောင်းဆိုထားပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSA တို့ဟာ ၂၀၁၄ ခုနှစ် သြဂုတ်လတွင်းမှာပဲ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံထားပါသေးတယ်။

Credit - The Voice

No comments:

Post a Comment