နေပြည်တော်၊ အောက်တိုဘာ ၁၄
လက်ရှိတည်ဆဲပိုးသတ်ဆေးဥပဒေ အား
ခေတ်ကာလနှင့်လျော်ညီသော ဥပဒေတစ်ရပ်ဖြစ်ရန်နှင့် ကျူးလွန်
ဖောက်ဖျက်သူများအား ထိရောက် သောပြစ်ဒဏ်များ ချမှတ်နိုင်ရေးအ တွက်
ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်
မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်မှ ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် (၁၁)ကြိမ် မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်
မြောက်နေ့အစီအစဉ်တွင် ညောင် တုန်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးအောင်မြသန်း၏
အရည်အသွေး မမီသောပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးများသုံးစွဲနေမှုကြောင့်
သီးနှံများ ဆုံးရှုံးပျက်စီးနေရမှုနှင့်
စပ်လျဉ်း သောမေးမြန်းမှုအပေါ်တွင်
ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးမှ လက်ရှိတည်
ဆဲပိုးသတ်ဆေးဥပဒေဟာ ၁၉၉ဝ ပြည့်နှစ် မေလတွင် စတင်ရေးဆွဲ
ပြဋ္ဌာန်းခဲ့သောဥပဒေဖြစ်ပြီး ခေတ် ကာလနှင့်လျော်ညီသော ဥပဒေတစ်
ရပ်ဖြစ်စေရန်အတွက် နိုင်ငံတကာ တွင် ပြဋ္ဌာန်းကျင့်သုံးလျက်ရှိတဲ့ ပိုး
သတ်ဆေးဥပဒေများ၊ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ရဲ့ စံချိန်စံညွှန်းသတ်မှတ်
ချက်များနဲ့အညီပြင်ဆင်ပြုစုပြီး ပြည် ထောင်စုရှေ့နေချုပ်ရုံးရဲ့ အကြံပြု
ချက်ဖြင့် ပြင်ဆင်ရေးဆွဲလျက်ရှိပါ တယ်။ တည်ဆဲပိုးသတ်ဆေးဥပဒေ ပုဒ်မ-၄၁မှ
၄၃အထိပါရှိသော ပြစ် မှုများအလိုက်ပြဋ္ဌာန်းထားတဲ့ပြစ်ဒဏ် များမှာလည်း
ခေတ်နဲ့လျော်ညီမှုမရှိ တဲ့အတွက် ဥပဒေပါ ပြဋ္ဌာန်းချက် များအား
ကျူးလွန်ဖောက်ဖျက်သူ တွေကို ထိရောက်တဲ့ပြစ်ဒဏ်များ ချမှတ်နိုင်ရန်အတွက်
ပြန်လည်ပြင် ဆင်သည့်ဥပဒေတွင် ဥပဒေပုဒ်မ- ၃၇ မှ ၃၉အထိ ပြည်ထောင်စုရှေ့နေ
ချုပ်ရုံးရဲ့ အကြံပြုချက်များနှင့်အညီ အပြန်ပြန်အလှန်လှန်ညှိနှိုင်းပြင်ဆင်
စိစစ်ရေးဆွဲဆောင်ရွက်လျက်ရှိပါ တယ်''ဟု ပြောကြားခဲ့သည်။
ယင်းအပြင်
လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တောင်သူလယ်သမားများ၏
အကျိုး စီးပွားကိုရှေးရှု၍ ခေတ်နှင့်လျော်ညီ မှုမရှိသော မြေသြဇာဥပဒေကိုလည်း
ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပြီး အ တည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်
ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့် လွှတ်တော်သို့ဆက်လက် ပေးပို့ရန်
ဆောင်ရွက်ထားပြီးဖြစ် သည့်အပြင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့်
အကျိုး စီးပွားမြှင့်တင်ရေးဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေပုဒ်မ-
၁၈နှင့် ပုဒ်မ-၂ဝ၊ ပုဒ်မခွဲ(စ)တို့တွင်
စံချိန်စံညွှန်းအာမခံချက်ချို့ယွင်းမှု၊ မကိုက်ညီမှုကြောင့် တောင်သူများ ၏
လယ်ယာထုတ်ကုန်များ ထိခိုက် ပျက်စီးခြင်း၊ အရင်းအနှီးများဆုံးရှုံး
ခြင်းတို့အတွက် တည်ဆဲဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ရန်ပြဋ္ဌာန်း
ထားပြီးဖြစ်ကြောင်းလည်း ထည့် သွင်းဖြေကြားခဲ့သည်။
MP
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment