Thursday, October 16, 2014

သိုလှောင်ရုံများကို အတင်းအကျပ်ငှားရမ်း အသုံးပြုနိုင်သည့်အက်ဥပဒေကိုရုပ်သိမ်းသည့် ဥပဒေကြမ်း ပြည်ထဲရေးဝန်ကြီးဌာနလွှတ်တော်တင်

အစိုးရအမိန့်စာဖြင့် မြေ၊ အဆောက်အအုံနှင့်သိုလှောင်ရုံများကို အတင်းအကျပ်ငှားရမ်း အသုံးပြုနိုင်သည့်အက်ဥပဒေကိုရုပ်သိမ်းသည့်
ဥပဒေကြမ်း ပြည်ထဲရေးဝန်ကြီးဌာနလွှတ်တော်တင်
===============================================
ရန်ကုန်၊ အောက်တိုဘာ ၁၅
  မြေ အဆောက်အအုံနှင့်သိုလှောင်ရုံများ ကို အစိုးရကအမိန့်စာဖြင့် အတင်း အကျပ်ငှားရမ်း အသုံးပြုနိုင်သည့် ၁၉၄၇ ခုနှစ် အမိန့်ထုတ်ဆင့်တောင်း ဆိုခြင်း(အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားလွှတ်တော်သို့ တင်သွင်း ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ တွင်ကျင်းပသည့် အမျိုးသားလွှတ် တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ကျော်ကျော် ထွန်းက ယင်းအဆိုကိုတင်သွင်းခဲ့ပြီး လွှတ်တော်က ယင်းအဆိုကို လက်ခံ ဆွေးနွေးရန်ဆုံးဖြတ်ခဲ့သည်။
၁၉၄၇ ခုနှစ်အမိန့်ထုတ်ဆင့် တောင်းဆိုခြင်း(အရေးပေါ်ပြဋ္ဌာန်း ချက်များ)အက်ဥပဒေသည် လွတ်လပ် ရေးမရမီကာလ ၁၉၄၇ ခုနှစ်တွင်ပြ ဋ္ဌာန်းထားခြင်းဖြစ်ပြီး အဆိုပါ ဥပဒေ သည် ထိုစဉ်ခေတ်ကာလအခြေအနေ အရ အစိုးရက ကာလအပိုင်းအခြား တစ်ခုတွင် လိုအပ်သောမြေ၊ အဆောက် အအုံနှင့် သိုလှောင်ရုံများကိုအမိန့် စာဖြင့် အတင်းအကျပ်တောင်းဆို ၍ ငှားရမ်းအသုံးပြုရန် ပြဋ္ဌာန်းထား ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည် ဟု အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်အေးထွန်းက ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တွေ့ရှိချက်ကို လွှတ်တော်အတွင်း ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက''ဒီဥပဒေက ၁၉၄၇ ခုနှစ် ကတည်းက လုပ်ထားတာပေါ့။ အချိန် ကာလအပိုင်းအခြားအတွင်းမှာသုံးဖို့ လိုအပ်တဲ့ မြေအဆောက်အအုံနဲ့ သိုလှောင်ရုံတွေကို အမိန့်စာနဲ့ဒီဟာ တွေကို သုံးခွင့်ပေးပါဆိုပြီး အတင်း အကျပ်အမိန့်ထုတ်ပြီး တောင်းလို့ရ တယ်။ အခုလက်ရှိအခြေအနေအရ ဒီဟာတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ဆန့်ကျင်နေတယ်။ လက်ရှိအခြေ အနေနဲ့လဲ ဒီဟာတွေက ဘယ်လို မှမကိုက်ညီတော့ဘူး။ အချိန်ကာ လအပိုင်းအခြားတစ်ခုက သူတို့လို အပ်လို့ ထုတ်ခဲ့တာပေါ့။ ဒါကြောင့် မို့ဒီဥပဒေကို ပြန်ရုပ်သိမ်းဖို့တင်ခဲ့ တာဖြစ်တယ်''ဟုအဆိုနှင့်စပ်လျဉ်း ၍ လွှတ်တော်အပြီး သတင်းထောက် များကိုပြောသည်။
YM, MO
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

No comments:

Post a Comment