အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲဟာ နယူးဇီလန်နိုင်ငံမှာ ၂၀၁၅ခုနှစ်မှာ ကျင်းပမယ့် ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့အတွက် မြန်မာအပါအဝင် အာရှက အင်အားကြီးနိုင်ငံတွေ လာရောက်ယှဉ်ပြိုင်တဲ့ ပွဲလည်းဖြစ်ပါတယ်။
အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာအသင်းနဲ့ ယူအေအီး အသင်းတို့ဟာ ရန်ကုန်မြို့တော်ရှိ သုဝဏ္ဏအားကစားကွင်းမှာ ဒီနေ့ မွန်းလွဲ ၃နာရီ ၃၀မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ ကြတာဖြစ်ပါတယ်။
မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၅၂မိနစ်မှာ ယူအေအီးနောက်တန်း အမှားကနေ အောင်သူ ရရှိသွားပြီး အောင်သူရဲ့ ဖန်တီးပေးပို့မှုကို သန်းပိုင်က အပိုင်ကန်သွင်းယူခဲ့တာပါ။
ကွာတားဖိုင်နယ် နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ
မြန်မာအသင်းဟာ အုပ်စုပွဲစဉ်မှာ ယီမင်အသင်းနဲ့ ဂိုးမရှိသရေကျပြီး ထိုင်းအသင်းကို သုံးဂိုးပြတ် အနိုင် ရရှိခဲ့ ပါတယ်။ အုပ်စု နောက်ဆုံးပွဲစဉ်မှာတော့ အီရန်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ ယီမင်အသင်းနဲ့ ရမှတ်တူသွား ပေမယ့် ဂိုးကွာခြားချက်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်လာခဲ့တာပါ။
အာရှယူ -၁၉ ဘောလုံးပြိုင်ပွဲ သမိုင်းတစ်လျှောက် မြန်မာအသင်းဟာ ၁၉၆၁၊ ၁၉၆၃၊ ၁၉၆၄၊ ၁၉၆၆၊ ၁၉၆၈၊ ၁၉၆၉၊ ၁၉၇၀ ခုနှစ်တို့မျာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၁၉၆၅ ဒုတိယ၊ ၁၉၆၇၊ ၁၉၇၁ တတိယ၊ အာရှမှာ ဒုတိယ အအောင်မြင်ဆုံး အသင်းဖြစ်သည်။ လက်ရှိချန်ပီယံ အသင်းဖြစ်တဲ့ တောင်ကိုရီးယားမှာ အာရှရဲ့ အောင်မြင်မှု အရှိဆုံး အသင်းဖြစ်ပါတယ်။
Credit - The Voice Weekly










No comments:
Post a Comment