ရွှေကိုကို ၊ ရန်ကုန်၊
အမျိုးသမီးများ၏ လွတ်လပ်စွာဆုံး
ဖြတ်ပိုင်ခွင့်ကို ကန့်သတ်ထိန်းချုပ်ထား သော ဥပဒေများ ထွက်ပေါ်လာမည်ဆိုပါ က
တန်းတူအခွင့်အရေး ရရှိရေးအတွက် လှုပ်ရှားနေသော အမျိုးသမီးများ အနေ ဖြင့်
ကန့်ကွက်ဆန္ဒပြမှုမျိုး ဖြစ်ပေါ်လာနိုင် ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်
(မြန်မာ နိုင်ငံ)အကြံပေး ဒေါ်သင်းသင်းအောင်က သုံးသပ်ပြောဆိုလိုက်သည်။
အောက်တိုဘာ ၁၄ ရက်က ကျင်းပ သော မြန်မာ့အသွင်ကူးပြောင်းရေးဖြစ်စဉ်
နှင့်ပတ်သက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်း များ နှီးနှောဖလှယ်ပွဲ CSOs Forum
တွင် ''ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ''နှင့် ပတ်သက်သည့် ဆွေးနွေးမှုတွင်
ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
''ကျွန်မတို့အမျိုးသမီးတွေရဲ့
အခွင့် အရေး၊ လွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်၊ သူ့ရဲ့ လွတ်လပ်မှုတွေကို
ထိန်းချုပ်လိုက်ခြင်းအား ဖြင့် အမျိုးသမီးတွေဟာ ဥပမာအားဖြင့်
ယောက်ျားတွေလိုမျိုး လွတ်လပ်စွာ ဆုံးဖြတ် ပိုင်ခွင့်
ပြည့်ဝစွာမရှိဘူးဆိုတဲ့ ကွဲပြားတဲ့အ မြင်တွေနဲ့ ဒီဥပဒေဟာ ဖြစ်လာမယ်ဆိုရင်
အမျိုးသမီးတွေအနေနဲ့လဲ တန်းတူရည်တူ လှုပ်ရှားနေတဲ့ အမျိုးသမီးတွေ အနေနဲ့လဲ
ရှေ့လျှောက် ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ် လာနိုင်စရာရှိတယ်ပေါ့။ ဒါက စိန်ခေါ်မှု
တစ်ခုဖြစ်ပါတယ်''ဟု ယင်းက ဘာသာကူး ပြောင်းခြင်း ဥပဒေနှင့်ပတ်သက်၍ စိန်ခေါ်
မှုများကိုထောက်ပြခဲ့ သည်။
ထို့ပြင် လူမျိုးပေါင်းစုံ၊ ဘာသာ
ပေါင်းစုံနေထိုင်သော မြန်မာနိုင်ငံအ နေဖြင့် ဘာသာတစ်ခုတည်းကိုသာ
ဦးစားပေးပြီး တခြားဘာသာများကို ခွဲ ခြားဆက်ဆံလိုက်ခြင်းဖြင့် ပဋိပက္ခများ
ဖြစ်ပွားစေပြီး ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည်မဟုတ်ကြောင်း ဆက်လက်
ဆွေးနွေးခဲ့သည်။
မျိုးစောင့်ဥပဒေကဲ့သို့သော ဥပဒေများပြဋ္ဌာန်းမည့်အစား
မည်သည့် ဘာသာ၊ လူမျိုးမဆို တရားဥပဒေအရ ကာကွယ်စောင့်ရှောက်နိုင်သော လူမှု
ပတ်ဝန်းကျင်၊ ဥပဒေများ၊ တရားဥပဒေ စိုးမိုးမှုများ၊ အမျိုးသမီးများ၏ အကြမ်း
ဖက်ခံရမှုကိုကာကွယ်သောဥပဒေများ ထွက်ပေါ်လာသင့်ကြောင်း CSOs ဖို ရမ်တွင်
အကြံပြုဆွေးနွေးခဲ့ကြသည်။
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်
သုံးခြင်းဆိုင်ရာဥပဒေနှင့် လူဦးရေတိုး
ပွားနှုန်းညှိနှိုင်းခြင်းဆိုင်ရာဥပဒေတို့ အား ဥပဒေအဖြစ်ပြဋ္ဌာန်းပေးရန် အမျိုး
ဘာသာ၊ သာသနာထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (ဗဟို)က ပေးပို့လာသော ကြောင့်
နိုင်ငံတော်သမ္မတက လွှတ်တော် သို့ သဝဏ်လွှာပေးပို့ခဲ့ဖူးသည်။
ထို့နောက်
သက်ဆိုင်ရာဌာနများ က ရေးဆွဲကာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေကြမ်းကို
၂ဝ၁၄ ခုနှစ် ဇူ လိုင်လအတွင်းက နိုင်ငံပိုင်သတင်းစာ များတွင်ဖော်ပြခဲ့ပြီး
အကြံပြုချက်များ ပေးပို့နိုင်ကြောင်း ဖော်ပြခဲ့သည်။
#Yangon Times Journal , အတွဲ ၁၀ ၊ အမှတ် ၄၀
==========================================
#YangonMediaGroup™ | #MZK | www.yangonmedia.com
No comments:
Post a Comment