လွတ်လပ်ရေးနေ့တွင် တပ်မတော်က သမ္မတကို ချီတက်အလေးပြုမည်
နိုင်ငံတော်သမ္မတကို မြန်မာ့တပ်မတော်က ချီတက်အ လေးပြုမည့်
ဗိုလ်ရှုခံအခမ်းအနား ကို လာမည့်လွတ်လပ်ရေးနေ့ တွင်
ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
နိုင်ငံတကာကဲ့သို့ နေ့ထူး နေ့မြတ်များတွင် နိုင်ငံတော်အ ကြီးအကဲပုဂ္ဂိုလ်ကို တပ်မတော်က ဂါရဝပြုခြင်းဖြစ်ကြောင်း နေပြည် တော်ဝန်ကြီးဌာနအသိုင်းအ၀ိုင်း နှင့် နီးစပ်သူများကဆိုသည်။ ဗိုလ် ရှုခံအခမ်းအနားကျင်းပရေးဗဟို ကော်မတီကို နိုင်ငံတော်ဒုတိယ သမ္မတဦးဉာဏ်ထွန်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖွဲ့စည်းခဲ့ပြီး နေပြည်တော်၌ ကျင်းပပြုလုပ် သွားမည့်
ခန်းမ အဆောက်အအုံကိုနေပြည်တော် လွှတ်တော်အဆောက်အအုံရှေ့တွင် ဆောက်လုပ်နေကြောင်း နီးစပ်သူများက ပြောသည်။ ‘‘အရပ်သားနိုင်ငံတော် အကြီးအကဲကိုတပ်က အခမ်းအ နားနဲ့ ဂုဏ်မပြုတာ ကြာပြီ။ မြန် မာ့သမိုင်းမှာ ထူးခြားတဲ့ အခမ်း အနားဖြစ်လာမှာပါ’’ဟု နေပြည် တော်ရှိ အစိုးရ၀န်ကြီးဌာနတစ်ခု မှာ အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။
ဗိုလ်ရှုခံအခမ်းအနားကျင်းပ ရခြင်းမှာ ကောင်းမွန်သော်လည်း တစ်ကြိမ်တည်းမဟုတ်ဘဲ အစဉ် အလာ ဖြစ်သွားရန် လိုအပ် ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ နိုင်ငံတော်သမ္မတက ခန့် အပ်သည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် သမ္မတ၏ ဦး စီးဦးဆောင်မှုအောက်တွင်ရှိလျှင်ပိုကောင်းကြောင်း နိုင်ငံရေး ဆောင်းပါးရှင် စည်သူအောင် မြင့်က သုံးသပ်သည်။
‘‘ပုံရိပ်အားဖြင့် ပြသတဲ့ သဘောပေါ့။ လက်တွေ့မှာတော့ အဲဒီလောက်အထိ မျှော်မှန်းလို့ရမယ့် အနေအထားမဟုတ်ဘူး’’ဟု စည်သူအောင်မြင့်က မှတ်ချက်ပြု သည်။
လွတ်လပ်ရေးရပြီး ပါလီမန် အစိုးရလက်ထက်တွင် ရန်ကုန်မြို့လွှတ်တော်အဆောက်အအုံရှေ့ ၌ ဗိုလ်ရှုခံအခမ်းအနားကို နှစ်စဉ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။ ယင်းအခမ်းအနားတွင် အရပ်သား နိုင်ငံတော်အကြီးအကဲကို တပ်မတော်ကြည်း၊ ရေ၊လေ စစ်ကြောင်းများက ချီတက်အလေးပြုခဲ့ကြောင်း ပါလီမန်အစိုးရခေတ်ကို ဖြတ်သန်းခဲ့သူ ဦးသုဝေက ပြောသည်။ လက်ရှိ အခြေ အနေတွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက နိုင်ငံ့အကြီးအကဲဖြစ်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခန်းကဏ္ဍကိုမူ မှန်းဆ၍ မရကြောင်း ၎င်းကဆိုသည်။
‘‘ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတက အကြီးအကဲ၊ ကျန်တာသမ္မတ အောက်။ ဒါပေမဲ့ အခုက ဘယ်လိုအနေအထားလဲ မသိနိုင်ဘူး’’ဟု ဦးသုဝေကပြောသည်။
ယင်းဂုဏ်ပြုအခမ်းအနား သို့ စစ်ကြောင်းများနှင့်အတူ တပ် မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဂါရ၀ပြုခြင်း ရှိ၊ မရှိ မှာမူ ခန့်မှန်းပြောဆို၍ မသင့် ကြောင်း နေပြည်တော်ဝန်ကြီးဌာ န အသိုင်းအဝိုင်းမှဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဗိုလ်ရှုခံ အခမ်းအနားအတွက် ပြင်ဆင်နေ သည်များကို တွေ့ရပြီး လုပ်သင့် သည့် အခမ်းအနား တစ်ခုဖြစ် ကြောင်း ပြောသည်။
‘‘၁၉၄၈ က ၆၂ အထိ အစဉ် အလာရှိတယ်။ ဦးနေဝင်း လက် ထက်မှာ ပျက်သွားတာလေ။ ဒါ ကလည်း နိုင်ငံတော်အကြီးအကဲ နဲ့ ကာချုပ်နဲ့က တစ်ယောက် တည်းဖြစ်လို့ အခု သီးခြားဖြစ် သွားပြီဆိုတော့ ဒါ တပ်မတော်က အလေးပြုသင့်တာပေါ့’’ဟု ဦးလှ ဆွေက မှတ်ချက်ပြုသည်။
နိုင်ငံတကာကဲ့သို့ အစိုးရအဖွဲ့ အကြီးအကဲကို တပ်မတော်က ဂါရ၀ပြုခြင်းသည် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း ဦးသုဝေက သုံးသပ်သည်။
‘‘ဖွဲ့စည်းပုံအခြေခံဥပဒေအ တိုင်း အကြီးအကဲကို တပ်မတော် က အလေးပြုတယ်။ လုပ်ရိုးလုပ် စဉ်ပဲ။ အရင်ကလည်းရှိတယ်။ ပျက်သွားတာ။ ကြည်း၊ ရေ၊ လေ စစ်အင်အားပြတာ တစ်မျိုးပေါ့။ အခုက တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ကလည်း ရှိနေ တော့ ဒါလည်း စစ်အင်အားပြချင် တဲ့ သဘောလည်း ပါနိုင်ပါတယ်’’ ဟု ဦးသုဝေက သုံးသပ်ပြောဆို သည်။ တပ်မတော်နေ့အခမ်းအနား တွင် ကာကွယ်ရေးဦးစီးချုပ်ကို မြန်မာ့တပ်မတော် စစ်ကြောင်း များက ချီတက်အလေးပြုသည့် အစဉ်အလာကို မပယ်ဖျက်စေလို ခြင်းနှင့် လွတ်လပ်ရေးနေ့သည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင် သည့်အတွက် ယင်းနေ့တွင် နိုင်ငံ တော် သမ္မတကို တပ်မတော်မှ ချီ တက်အလေးပြုခြင်း ဖြစ်နိုင် ကြောင်း နေပြည်တော်အသိုင်းအ ဝိုင်းက ခန့်မှန်းပြောဆိုသည်။
Credit - 7DAY DAILY

No comments:
Post a Comment