ရန်ကုန်၊ အောက်တိုဘာ ၁၅
ယခုလ အတွင်းသေဆုံးသွားခဲ့သည့် ရင်သွေး
ငယ်လေးနှင့် ကာယကံရှင်မိသားစု အတွက်ဝမ်းနည်းကြောင်း သဘော ထားကြေညာချက်ကို
ဝိတိုရိယဆေး ရုံအုပ်ချုပ်မှုအဖွဲ့ကထုတ်ပြန်လိုက် ကြောင်း သိရသည်။
''အဲဒီသတင်းထုတ်ပြန်ချက် အပေါ်မှာ ဘယ်လို သဘောထားမ လဲ
ဆိုတာကိုအခုအချိန်မှာနေလဲ သိပ်မကောင်းသေးတဲ့အတွက် ဘာမှ မပြောလိုပါဘူး။
အဲဒီအတွက်သတင်း စာရှင်းလင်းပွဲကြီး အမြန်ဆုံးလုပ် နိုင်အောင်စီစဉ်နေပါတယ်''
ဟု ဝိတို ရိယဆေးရုံ၏ သတင်းထုတ်ပြန် ချက်အပေါ်တွင်
ကာယကံရှင်မိသားစု အား
ဒီမိုကရေစီတူဒေးသတင်းစာက ဆက်သွယ်မေးမြန်းခဲ့ရာတွင် ကာ ယကံရှင်မိခင်ဖြစ်သူ
ဒေါ်နွေးဝါဝါ လတ်က ပြန်လည်ဖြေဆိုသည်။
အဆိုပါ ထုတ်ပြန်ချက်တွင်
ကွယ်လွန်သွားသော ရင်သွေးငယ် အတွက်ဝမ်းနည်းကြောင်း၊ ပုံမှန်မွေး ရက်မတိုင်မီ
ငါးပတ်ခန့်စောစီးစွာ မွေးဖွားခဲ့သော်လည်း အထူးကုဆရာ
ဝန်ကြီးလမ်းညွှန်ချက်အတိုင်း ဆေး ရုံမှ အောင်မြင်စွာမွေးဖွားပေးနိုင်
ခဲ့သလိုမွေးဖွားပြီးသည့်အခါတွင် လည်း အဆိုပါဆရာဝန်ကြီး၏လမ်း
ညွှန်ချက်အတိုင်း ရန်ကင်းကလေး ဆေးရုံကြီးသို့ စနစ်တကျကောင်း
မွန်စွာလွှဲပြောင်းပေးခဲ့ကြောင်း၊ ရန်ကင်း ကလေးဆေးရုံကြီးတွင် ရင်သွေးငယ်
အား သုံးရက်တိုင်ပြုစုစောင့်ရှောက် ကုသပေးခဲ့သော်လည်း ကွယ်လွန်
သွားခဲ့ကြောင်း၊ ကာယကံရှင်မိသားစု မှ မွေးဖွားမှုဖြစ်စဉ်နှင့်ပတ်သက်၍
အဖြစ်မှန်ကိုသိရှိလိုကြောင်း ဝိတိုရိ ယဆေးရုံသို့ တောင်းဆိုလာသည့်
အပေါ်တွင် ဝိတိုရိယဆေးရုံမှ ဒေါ် နွေးဝါဝါလတ်မိသားစု၏ ဆန္ဒကို
အလေးထားသောအားဖြင့် ဘာသာ ရပ်အလိုက် အထူးကျွမ်းကျင်သော
အထူးကုဆရာဝန်ကြီးများနှင့် ဥပဒေ ရေးရာ ဆေးပညာကျွမ်းကျင်သူပညာ ရှင်များ၊
သီးခြားပြင်ပအဖွဲ့အစည်း ဖြင့် အကြိမ်ကြိမ်စုံစမ်းစိစစ်ဆောင် ရွက်ခဲ့ပြီး
ကာယကံရှင်မိသားစုကို ဆေးပညာရှုထောင့်အရ ဆရာဝန် ကျင့်ဝတ်၊
ဆေးရုံကျင့်ဝတ်များဖြင့် ခိုင်လုံတိကျစွာရှင်းပြခဲ့ပြီးဖြစ်ကြောင်း၊
ယင်းသို့ရှင်းပြပြီးသည့် တိုင်အောင် ကာယကံရှင်မိသားစု၏ခံစားချက်
ကိုနားလည်သောအားဖြင့် ဝိတိုရိယ ဆေးရုံမှ ဝမ်းနည်းကြေကွဲစွာဖြင့် အဆိုပါ
ရှင်းလင်းချက်အား ထုတ်ပြန် ရခြင်းဖြစ်ကြောင်းတို့ ဖော်ပြပါရှိသည်။
''လောလောဆယ်မှာတော့ သတင်းထုတ်ပြန်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်မအနေနဲ့ ကျန်
တဲ့ကိစ္စတွေကိုတော့ မသိပါဘူး''ဟု ဝိတိုရိယဆေးရုံကြီးမှ ဒေါက်တာ
ခိုင်သဉ္ဇာမောင်က သတင်းထုတ်ပြန် ထားခြင်းမှာ မှန်ကန်ကြောင်း ပြော
ကြားခဲ့သည်။
ယခင်က မြန်မာနိုင်ငံတွင်
ယင်းကဲ့သို့ဖြစ်ရပ်မျိုးနှင့်ပတ်သက် ၍ ကျန်းမာရေးဝန်ထမ်းတွင် အပြစ်
ရှိကြောင်း အထောက်အထားခိုင် လုံပါက မြန်မာနိုင်ငံဆေးကောင်စီ မှ
ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်း သည်အထိ အရေးယူဆောင်ရွက်ခဲ့
ခြင်းများရှိကြောင်း ကျန်းမာရေးအ သိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
''ဆေးကုတဲ့အပိုင်းမှာ တာဝန် ပေါ့လျော့တာ သေချာရင်၊ ကာယကံ ရှင်ကလဲ
မကျေနပ်ရင် နည်းလမ်းတ ကျစစ်ဆေးပြီး အရေးယူနိုင်တဲ့အဖွဲ့
အစည်းမျိုးကိုစုံစမ်းပြီး စစ်ဆေးမှုကို ခံယူသင့်တယ်။ အဲဒီအခါမှာ မင်းမဲ့
တိုင်းပြည်လဲမဟုတ်တဲ့အခါကျတော့ တရားနည်းလမ်းကျကျ လက်ခံနိုင် တဲ့၊
ဖြစ်သင့်တဲ့ဟာတစ်ခုကတော့ ဖြစ်သွားမှာပါ''ဟု ကျန်းမာရေးစီမံ
ကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဒေါက်တာဘုန်းမြင့်က အကြံ
ပြုပြောကြားသည်။
''ဒီသတင်းကို မီဒီယာတွေက ရေးသားဖော်ပြထားတာကို
ဖတ်လိုက် ရပါတယ်။ ဒါပေမဲ့ ဒီကိစ္စဆရာတို့ ဆီကို ဘယ်သူကမှ သတင်းလာ
မပို့သေးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှကြားနာရတာလဲ တစ်ခုမှ မရှိ
သေးတဲ့အတွက် ဥပဒေအရ ဘယ်လို အရေးယူဆောင်ရွက်ရမလဲဆိုတာ ကို ဘယ်လိုမှ
ဆုံးဖြတ်ချက်ချလို့မရ သေးဘူး။ ဒီကိစ္စကိုကြားနာပြီးမှသာ
ဆုံးဖြတ်ချက်ချလို့ရမှာ''ဟု မြန်မာနိုင် ငံဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ S
ကျော်လှက ပြန်လည်ဖြေကြားခဲ့ သည်။
NOL
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment