Saturday, October 18, 2014

ကြံ့ခိုင်ရေးတာဝန်ခံဝန်ကြီးများအကြိုက် မလိုက်ခဲ့သူများ၏ သွားရာလမ်း

– တာမွေအောင်ကို
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျန်းမာရေးကောင်းရဲ့သားနဲ့ ကျန်းမာရေးမကောင်းဟု အကြောင်းပြ ကာ ဖြုတ်ထုတ်သတ် ခံခဲ့ရ သည်။ တိုင်းမှ ကာယကံရှင်ရဲ့ သဘောထား ကို ခေါ်လည်း မမေး၊ ဆွေးနွေးခြင်း လည်းမရှိ၊ တိုင်းကပေး လိုက် တယ်ဆိုပြီး လာ ပေးသည့် ထွက်စာကို ယခုထက်ထိ ဖတ်ကြည့်လျှင် စိတ်မကောင်း … ဒီလိုလူစားမျိုးတွေနှင့် လက်တွဲဖြုတ်ခဲ့ရ တာ နောက်တောင်ကျနေတယ်ဟု ဦးဝင်းမော်က ရင်ဖွင့်ခဲ့ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြံ့ခိုင်ရေးအကြောင်း ရေးတော့မည်ဆိုလျှင် ဖခင်ကြီး၏မျက်နှာကို အရင်မြင် ယောင်နေမိသည်။ လက်ဦးဆရာ မည် ထိုက်စွာ ပုပ္ဗာစရိယမိနှင့် ဖဆိုသည့်စကား အလာအတိုင်း မိမိတို့၏လက်ဦးဆရာသည် အမိနှင့်အဖတို့ ပင်ဖြစ်သည်။ ငယ်ရွယ်စဉ်အချိန်ကတည်းက ဖခင်ကြီးက နေ့စဉ်သတင်း စာတွေ
အမြဲဖတ်ခိုင်းသည်။ ငယ်စဉ် အချိန် လမ်းစဉ်ပါတီခေတ်ကတည်း က ထွက်သမျှ သတင်းစာအိမ်၌ အကုန် ယူသည်။ ဗိုလ်တထောင်၊ လုပ် သား၊ မြန်မာ့အလင်း၊ ကြေးမုံ စသည့်သတင်းစာများ ကျောင်းကနေပြန်လာပြီ ဆိုကတည်းက အဖေ့ရှေ့တွင် စိတ်ဝင်စားသည်၊ မ၀င်စားသည်မသိ။ ဟန်လုပ်၍ အဖေမဆူ အောင်၊ စိတ်ကျေနပ်အောင်တော့သတင်း စာနှင့် မျက်နှာကပ် ထားရသည်။ ငါ့သား သတင်းစာဖတ်ရင် အယ်ဒီတာ့အာဘော် ကို အရင်ဖတ်နားလည်အောင် ဖတ်၊ ဒါမှ အစိုးရရဲ့ သဘောတရားအာဘော်တွေ၊ ပုံရိပ်တွေ မင်းတို့သိမြင်သိခွင့်ရမှာဟုပြောခဲ့သည်။ …အဲဒီအချိန်က အဖေက လမ်းစဉ် ပါတီခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ ပြီးခဲ့ သည့် တစ်ပတ်က အဖေ့ကို သတိရပြီး အဖေ့ သေတ္တာလေးတွေ ပြန်ဖွင့်ကြည့်မိတော့ အဖေတို့မြို့နယ်လမ်းစဉ်ပါတီ စတုတ္ထ အကြိမ်ပါတီညီလာခံ ကြိုဆို ထောက်ခံ သောအားဖြင့် ပါတီလစဉ်ကြေး စုပေါင်းပေးအပ်ပွဲ၏ ပျက်ပြယ်နေသော ဓာတ်ပုံတစ်ပုံတွင် အဖေတို့ နှင့်အတူ တွေ့ခဲ့ရသည့် တာမွေမြို့နယ်ကြံ့ခိုင်ရေး စတင်ဖွဲ့စည်းခဲ့ စဉ်အခါက ပထမဆုံးအတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သည့် ဦးဘိုဘိုလတ်၏ ငယ်ရွယ်စဉ်အချိန်အခါက တက်ကြွ လန်းဆန်းနေသည့်ရုပ်ပုံကို အမှတ် မထင် တွေ့ခဲ့ရသည်။ ဓာတ်ပုံကိုကြည့်ရင်း မိမိအသင်းကြီးတွင် ပါဝင်ခဲ့စဉ်ကဆီသို့ အတွေး များရောက်ရှိ သွား ခဲ့သည်။ အသင်းကြီး စတင်ဖွဲ့စည်းစဉ်က အတွင်းရေးမှူး ဦးဘိုဘိုလတ်၏ပုံရိပ်များက မိမိ၏စိတ် ထဲပြန်မြင် ပြန်ကြည့်၊ ပုံဖော်နေမိသည်။
စတင်ဖွဲ့စည်းခဲ့စဉ် လူအများစုက ကြံ့ခိုင်ရေးကို အမြင်မကြည်လင်သည့်ကြားမှ ပထမဆုံးအတွင်း ရေးမှူး တာဝန်ထမ်း ဆောင်ခဲ့သည့်သူတစ်ဦးအတွက်တော့ လွယ်လွယ်နှင့် ရုန်းကန်ခဲ့ရလိမ့်မယ်မထင်။ လူကြီးများ အနေနှင့် မြေစမ်းခရမ်းပျိုး အတွင်းရေးမှူးတွေကို စောင့်ကြည့်ခဲ့ရ သည့် အချိန်ကာလဖြစ်လိမ့်မည်။ လမ်းစဉ် ပါတီခေတ်က လမ်းစဉ်လူငယ်၊ ရှေ့ဆောင် လူငယ်လှုပ်ရှားမှုများ၌ ပါဝင်ခဲ့သည့် အတွေ့အကြုံများနှင့် မူရင်း စိတ်ခံ စိတ်ဓာတ်ကောင်းရှိသူဖြစ်တဲ့အတွက် အသင်း ကြီးအပေါ် စေတနာပါပါ အနစ်နာခံဆောင် ရွက်ခဲ့ တယ် ဆိုတာ သူနဲ့ အတူတွဲဖက်လုပ်ခဲ့ ဖူးတဲ့သူမှန်သမျှ လွမ်းဆွတ်သတိတရ ရှိနေကြလိမ့်မည်ဖြစ်သည်။ မူရင်း ကောင်းမှ မိတ္တူကောင်းမည်ဟု မိတ္တူကူးသည့်ဆိုင်များတွင် ချိတ်ထားသည့် စာသားက အလွန်မှန်ကန်သည့် စကားဖြစ်သည်။ လူ မှုရေးလုပ်ငန်းများ စတင်ဖွဲ့စည်းခဲ့စဉ်အချိန် အခါက အဓိကထား၍ စည်းရုံးရေးလုပ်ငန်း များ လုပ်ဆောင်နေသည့် အချိန်ကာလတွင် သူသည် လေးစားအားကျလောက်သည့် သူတစ်ဦး ဖြစ်ခဲ့သည်။
မိမိကိုယ်ကျိုးမဖက် စီးပွားရေးလုပ်ငန်းများအဆုံးရှုံးခံကာ အသင်း ကြီး၏လုပ်ငန်းစဉ် များကို တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ် သည်။ အဲဒီအချိန်က ရ-၀-တအဖွဲ့များ၊ ရပ်ကွက်စည်းရုံးရေးမှူးများနှင့် အမှုဆောင်များအကြား အသင်း ကြီး၏ စည်းရုံးရေး လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် မြို့နယ်အတွင်း ကွင်းဆင်းရာတွင် ၎င်းင်း ကိုယ်ပိုင်ငွေ၊ ကိုယ်ပိုင်ကားကို သုံးကာ လိုက်လံစည်း ရုံးခဲ့သည်ကို သူနှင့်အတူ တွဲဖက် လုပ်ကိုင်ခဲ့ဖူးသည့်သူများ၏ ပါးစပ် ဖျားတွင် ယခုအချိန်ထိ ဂုဏ်ပြုပြောဆိုနေ ကြတုန်းပင်ဖြစ်သည်။ ခေတ် အဆက်ဆက် အတွေ့အကြုံရှိသူပီပီ သဘောတရားရေးရာများတွင်လည်း ပြောဆိုဟောပြောရာတွင် ကျွမ်းကျင် လိမ္မာစွာ စည်းရုံးပြောဆို နိုင်ပြီး ကိုယ်ကျိုးလည်းမဖက်၊ အနစ်နာခံ ဆောင်ရွက်တတ်သဖြင့် သူတာဝန်ယူခဲ့ သည့်ကာလအတွင်း အသင်းကြီး၏ စည်းရုံးရေးလုပ်ငန်း များ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
အဓိကဆိုလို ချင်တာ ကတော့ကြံ့ခိုင် ရေးတာမွေမြို့နယ်ရဲ့ ယန္တရားအဆောက် အအုံကြီးကို ခိုင်မာတည်တံ့အောင် သူက ဖောင်ဒေး ရှင်းကြီး ချပေးခဲ့သူဟုဆိုရလျှင် မှားလိမ့်မည် မဟုတ်ဟု ဆိုလို့ရပါသည်။ ကျွန်တော် တို့ ပြည်ထောင်စုကြံ့ခိုင်ရေး အသင်းကြီးတွင် ပဲခူးတိုင်းပြည်ခရိုင်မှ ဦးသက်ဦးမင်းတို့လို၊ အခုရန်ကုန်တိုင်း တာမွေက ဦးဘိုဘိုလတ်တို့လို လူမျိုးတွေ အများကြီး ပေါ်ထွန်းစေချင်ကြသည်။ တာမွေမြို့နယ်အသင်းအစပိုင်း၌ အလုပ် အမှုဆောင်အဖွဲ့တွင် ပါဝင်သည့် အမျိုးသမီးများအပေါ်တွင်လည်း မိမိသားသမီး ရင်းချာတစ်ဦး ကဲ့သို့ မေတ္တာ၊ စေတနာထား ပြီး ပြုစုစောင့်ရှောက်ခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ လက်တွဲခေါ်ဆောင်ခြင်း များကို ပါရမီဖြည့်ဖက် ဇနီးဖြစ် သူကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ကြတာကို ယခုအချိန် အခါအထိ ပြောဆိုချီးမွမ်းသည့်အသံများ ကလည်း တာမွေမြို့နယ်အတွင်း ကြားနေရဆဲဖြစ်သည်။
စေတနာ၊ အနစ်နာခံပြီး လုပ်ဆောင်ခဲ့သူတွေအတွက် သမိုင်း ဘယ် တော့ မှ သေသွားမည်မဟုတ်ပေ။ ဘာသာရေး လုပ်ငန်း များ ဆောင် ရွက်ခဲ့ကြရာတွင် ဆရာ+ဒကာစီမံ ချက်ကို တာမွေတွင် အစကတည်းက လုပ်ဆောင်ခဲ့တာကို လည်း တွေ့ခဲ့ရသည်။ နတ်ချောင်းရပ်ကွက် ဓမ္မ သုခစာသင်တိုက်ကြီးရှိ စာချ/စာသင် သံဃာတော် ၁၀၀အား ဆွမ်းကွမ်းဝေယျာ ၀စ္စကိစ္စများ ကျောင်း အခက် အခဲဖြစ်နေ သည့်အတွက် ကျောင်းအဆောက်အအုံ ကိစ္စများတွင် ကြံ့ခိုင်ရေးမှ ဦးဆောင်ပြီး မြို့ နယ်အတွင်း ရပ်ကွက် ၂၀သို့ လှည့်လည် အလှူခံပေးခဲ့တာတွေလည်း ရှိခဲ့ဖူးသည်။ ယနေ့အချိန်အထိ ဓမ္မသုခ ဆရာတော် ကြီး ကိုယ်တိုင် ပြောဆိုချီးမွမ်းနေဆဲဖြစ်သည်။ ၁၉၉၅ ခုနှစ်အချိန်ကာလ များဆီက နွေရာသီ ကျောင်းပိတ် ရက်တွေမှာ မြို့နယ်အတွင်းရှိ အထက်တန်းေ ကျာင်းတွေမှာ ပန်းချီသင်တန်း၊ အင်္ဂလိပ်စကားပြောသင် တန်း၊ မြန်မာ့သိုင်း+ ကရာတေး၊ အခြေခံ စစ်ပညာသင်တန်းတွေ ဖွင့်လှစ်ခဲ့တာတွေ ကို ပြန်မြင်ယောင်နေမိသည်ဟု မှတ်မိ တာလေးတွေကို သူနှင့်အတူ တွဲလုပ်ခဲ့ဖူးသည့် ဦးဝင်းမော်ကြီးက ပြောပြရာ အဲဒီ နွေရာ သီ မြန်မာ့သိုင်း နှင့်ကရာတေးတို့ သင်တန်းဆင်းပွဲကို အလုပ်သမားေ ဆးရုံကြီးဝင်း အနောက်ဘက်ကွက်လပ်မှာ ကျင်းပကြရာ ဦးဘိုဘိုလတ် မိသားစုပိုင် ဟိုင်းလတ်ကားအား အသင်းကြီးအတွက် အသုံးပြုရင်း ဆီကုန်သွားသဖြင့် အသင်း ရုံးနှင့်အိမ်ပြန်ရန်ပင် အခက်အခဲရှိခဲ့၍ အသင်းသား တစ်ဦးက ကူညီသည့် ဓာတ်ဆီတစ် ပုလင်းထည့်၍ ခရီးဆက် ခဲ့ရပုံများကိုလည်း ပြောပြခဲ့၍ သိခဲ့ရသည်။ အသင်းကြီးတွင် တက်ကြွစွာ ကိုယ်ဖိရင်ဖိမိမိ၏ ကိုယ်ကျိုးစီး ပွားရေး လုပ်ငန်းများကို စွန့်ကာသူနှင့် အတူ ဇနီးဖြစ်သူပါ တကောက်ကောက်လိုက်၍ ပါဝင်ဆောင်ရွက်ခဲ့ရင်း တစ်ဖက်တွင်လည်း ၎င်းတို့၏ မိသားစုအရေး၊ စီးပွားရေးလုပ်ငန်းများ အဆုံးရှုံးခံခဲ့ကြရသည်။
ဒါကြောင့် ၎င်း၏ သင်္ဘောသားလုပ်ငန်းကို ၁နှစ် ၂ နှစ်ခန့် ပြန်လည်လုပ်ဆောင်ပြီး ငွေစုပြီးပါက အသင်းကြီး၏လုပ်ငန်းများကို ပြန် လည်လုပ်ကိုင် ဆောင်ရွက်ကြမည်ဟု သနိ္နဋ္ဌာန်ချပြီး သင်္ဘောသားအလုပ်ကိုပြန် လည်လုပ်ကိုင်ခဲ့ရာတွင် အသင်းအဆင့်ဆင့်သို့ တရားဝင်ခွင့်ပန်ကြားပြီးမှ ထွက်သွားခဲ့ရာ နေရာယူချင်ကြသည့် မရိုးသားသည့်သူ များ၏ ဆောင်ရွက်ချက်များကြောင့် သူချစ်မြတ်နိုးခဲ့သည့် ကြံ့ခိုင်ရေး အသင်းကြီးအား ၁၉၉၆ ခုနှစ်တွင် စွန့်ခွာခဲ့ရ သည်။ မိမိတို့မြို့နယ်တွင် တွဲဖက် အတွင်းရေးမှူးအစ မြို့နယ်အလုပ်အမှု ဆောင်အလယ်၊ ရပ်ကွက် စည်းရုံး ရေးမှူးနှင့် အမှုဆောင်များအဆုံး မလိုချင်တော့လျှင် ဖြုတ်ချင်သလို ဖြုတ်၊ လိုအပ်လျှင် ခန့်ချင်သလိုခန့်၊ မလုပ် မရှုပ်မပြုတ် သူတို့နှင့် သြဇာညောင်း မည့်သူ၊ ဆွေတော်မျိုး တော်များကို ခန့်ထောက်ပံ့ကြေးတွေ လိမ်ယူ၊ ဗဟို၊ တိုင်း၊ ခရိုင်အဆင့်ဆင့်၏ သဘောထားမှတ်ချက်မလို၊ ကိုယ့်သဘော နှင့် ကိုယ် နိုင်ငံရေးကစားကွက်များကို မိန်းမဉာဏ်သုံး၍ မရိုးမသားလုပ်ကိုင်ဆောင် ရွက်ခဲ့ကြတာကို ခံခဲ့ကြရသည်။
အသင်းကြီး၏ ခန့်ညားစွာပြဋ္ဌာန်း ထားသည့် အခြေခံစည်းမျဉ်းစည်းကမ်းစာ အုပ်ကြီး လည်း ဘေးချိတ် ထားခံခဲ့ရသည်။ ဘယ်သူ့အားကိုးနဲ့ လုပ်ချင် သလိုလုပ်ခဲ့ခံခဲ့ရသူတွေကလည်း ခံခဲ့ရကြသည်။ အခြားမြို့နယ်များ က ပြောဆိုနေကြသည်မှာ မြို့နယ်တွဲဖက် အတွင်းရေးမှူးများ၊ မြို့နယ်အလုပ်အမှု ဆောင်၊ ရပ်ကွက်စည်းမှူးများ၊ အပြောင်း အလဲအများဆုံး ပြိုင်ပွဲ ကျင်းပ လျှင် ခင်ဗျား တို့မြို့နယ်ကို ဂုဏ်ထူးဆောင် ချန်ပီယံရွှေ တံဆိပ်ပေးရလိမ့်မည်ဟု စကြတာကို လည်း ခံခဲ့ရ သည်။ တွဲဖက်အတွင်းရေးမှူး ဦးဝင်းမော်ဆိုလျှင် မြို့နယ်တွင် အသင်း ကြီးစတင်ကတည်းက တက်ကြွစွာဖြင့် ကိုယ်ကျိုး မဖက်ပေးအပ်တဲ့ တာဝန်ကို ရပ်စည်းများနှင့် လက်တွဲကာ ကျေပြွန်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး ရပ်စည်း များ၏ လေး စားမှုကိုခံခဲ့ရသည့် ၀ါရင့်ကေဒါ ရဲဘော် ဟောင်းကြီးတစ်ဦးဖြစ်သည်။ သူ့ကိုလည်း ကျန်းမာရေး ကောင်းရဲ့သားနဲ့ ကျန်းမာ ရေးမကောင်းဟု အကြောင်းပြကာ ဖြုတ် ထုတ်သတ်ခံခဲ့ရသည်။ တိုင်းမှ ကာယကံ ရှင်ရဲ့ သဘောထားကို ခေါ်လည်း မမေး၊ ဆွေးနွေးခြင်းလည်းမရှိ၊ မြို့နယ် EC ဦးကျော်တင့်မှ တိုင်းက ပေး လိုက်တယ် ဆိုပြီး လာပေးသည့်ထွက်စာကို ယခုထက် ထိဖတ်ကြည့်လျှင် စိတ်မကောင်းဖြစ်မိ သည်။ တိုင်းမှာ တာဝန်အပြည့်ရှိသည်။ ဒီလိုလူစားမျိုးတွေနှင့် လက်တွဲဖြုတ်ခဲ့ရတာ နောက်တောင်ကျနေတယ်ဟု ဦးဝင်း မော်က ရင်ဖွင့်ခဲ့ဖူးသည်။ ပြည်ခိုင်ဖြိုး အသင်းကြီးတွင် အမှန်တကယ် ထူးချွန် ထက်မြက် ကိုယ်ကျိုးစွန့်၊ အနစ် နာခံတတ် သည့် သူတို့လိုပုဂ်္ဂိုလ်များလည်း ပေါ်ထွန်း ခဲ့သည်။ ပဲခူးတိုင်းက ဦးသက်ဦးမင်းသည်လည်း သူ့ကို အားလုံးက ချစ်ကြောက်ရိုသေ ကြခဲ့သည်။ သူ့ကိုယ်ပိုင် ငွေကြေးတွေနဲ့ အကုန်အကျခံပြီး အသင်းကြီး ရဲ့ လုပ်ငန်း တွေ အသင်းရုံးဆောက်လုပ်ခဲ့စဉ် သူပိုင် ငွေတွေနဲ့ စိုက်ထုတ်သုံးစွဲခဲ့တယ်။
ယနေ့ အချိန်အထိ ပြည်မြို့တွင် သြဇာညောင်းဆဲ သူက အထက်ကိုလည်း မဖား၊ အမှန် တရားကို လိုလားတဲ့သူ၊ မဟုတ်တာ လုပ်ရင်လည်း မခံ၊ အခုဆို ဘူးစိမ်းကြီးအမည်နဲ့ လက်ဖက်ခြောက်လုပ်ငန်း အခုအချိန်ထိ လုပ်ကိုင်နေရ ဆဲဖြစ် သည်။ အသင်းကြီးက နေ အဲဒီအချိန်တုန်းက နယ်မြေခံဝန်ကြီးနဲ့ အဆင်မပြေတာကြောင့် သူထွက် သွားခဲ့ ခြင်းဖြစ်သည်။ အဲဒီအချိန်က နယ်မြေ တာဝန်ခံဝန်ကြီးတွေက သူတို့ကို ဖားတတ် တဲ့ သူအပြောကောင်း၊ အဆိုကောင်း၊ အလိမ်ကောင်းတဲ့သူတွေဆို အဘအတော် များများက ယုံကြည်ခဲ့ကြသည်။ မှန်မှန် ကန်ကန် လုပ်တဲ့သူအပေါ်ကို မဖားတတ်တဲ့ သူတွေ ဘေးရောက်ကုန်တာ အသင်းကြီး အတွက် နစ်နာလွန်းလှ သည်။ ပြည်မြို့က ဦးသက်ဦးမင်းတို့လို၊ တာမွေက ဦးဘိုဘိုလတ်တို့လို လူမျိုးတွေ အနယ်နယ်အရပ်ရပ်မှာ ရှိကောင်း ရှိကြလိမ့်ဦးမည်ဖြစ်သည်။ ဦးဘိုဘိုလတ်တို့ ဇနီးမောင်နှံကတော့ သူ့သမီးလေးရှိရာ စင်ကာပူသို့ ရောက်နေကြ သည်ဟုသိရသည်။ နိုင်ငံရေးကို ၀ါသနာပါပြီး လုပ်ချင်ခဲ့ပေမယ့် လုပ်ခွင့်မရခဲ့ဘူးဟု သူကပြောသွားသည်။
သူတို့လို ဂုဏ်ပြုထိုက်သူတွေ အကြောင်း နောက်ထပ်ရေးစရာများ ကြုံ လာရင် ရေးသားဖော်ပြသွားရမှာ မိမိ တို့၏ တာဝန်ဖြစ်သည်။ အသင်းကြီးကိုစေတနာ၊ ၀ါသနာ၊ အနစ်နာ နာသုံးနာနဲ့ ဆောင်ရွက်ခဲ့ကြတဲ့သူတွေ အား ဂုဏ်ပြုလိုတဲ့ အတွက် ယခုလို ရေးသားဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

  မြန်မာသံတော်ဆင့်သတင်းဌာန-www.facebook.com/myanmarherald

  

 

 

 

No comments:

Post a Comment