- ကျော်စောမင်း
(၁)
တစ်ခါက စက်ဘီးတိုက်မှုတစ်ခုဖြစ်ပွားပုံကို
ဖတ် ခဲ့ရဖူးပါသည်။ ဝင်တိုက်သူကလည်း အမျိုး သမီးဖြစ်ပြီး
အတိုက်ခံရသူမှာလည်း အမျိုးသမီးဖြစ်နေ သည်။ ရပ်ကွက်လူကြီးများက စစ်ဆေးသောအခါ
ဝင် တိုက်သူက ''အဲဒီလမ်းလျှောက်လာတဲ့အမျိုးသမီးဝတ်လာတဲ့လုံချည်က အဆင်ဆန်းတယ်။ သူ့လည်ပင်းက ရွှေ ကြိုးကြီးကလဲ အကြီးကြီး။ အဲဒါနဲ့ ငေးနေမိတာပါရှင့်'' ဟု အစစ်ခံပါသည်။
တရားလိုကို စစ်မေးသောအခါ ''စက် ဘီးနင်းလာသော အမျိုးသမီးဝတ်ဆင်လာသော ခြေ
ကျင်းကြီးကလည်း အကြီးကြီး၊ ဆံပင်ကို အမောက် ထောင်ပြီး
စိန်ဆံထိုးစိုက်လာတာကလည်း လှလိုက်တာ၊ ကျွန်မရှောင်ဖို့ မေ့သွားတယ်'' ဟု
အစစ်ခံပါသတဲ့။
ဤ သို့နှင့် အမှုပြီးသွားပါတော့သည်။
နောက်တစ်ခုကတော့ လုယက်မှုဖြစ်ပါသည်။ မနေ့ တစ်နေ့က ဖတ်လိုက်ရသော မှုခင်းတစ်ခုတွင်ပင် ဤပုံ စံတွေ့လိုက်ရသေး၏။
လူတစ်ယောက်က ရွှေဆိုင်တစ် ဆိုင်သို့ဝင်လာပြီး ရွှေထည်ပစ္စည်းအချို့လုယူထွက်ပြေး ရာဝိုင်းဖမ်းသဖြင့် အဖမ်းခံရသည်။
မင်းကွာဈေးလယ် ခေါင်ကြီးလူတွေကြားထဲမှာ ဝင်လုရတယ်လို့။ ဒီလောက်
ပဲဥာဏ်တုံးရသလားဟု စခန်းမှူးကပြောသောအခါ အဲ ဒါတွေမမြင်ပါဘူး ဆရာရယ်။
ကျွန်တော်က ရွှေတွေပဲ မြင်တာဟု ပြောပါသတဲ့။
ဤဖြစ်ရပ်နှစ်ခုလုံးမှာ ဟာသပုံပြင်များဖြစ်ကြပါ သည်။
ပုံပြင်မျှသာဖြစ်သင့်ပါသည်။ သို့သော်ပုံပြင်ထက် ကျော်လွန်သွားကြတာတွေလည်း ရှိကောင်းရှိပါသည်။
(၂)
ဤဌာနသို့ဝင်လျှင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး မှတစ်ဆင့် အပြိုင်အဆိုင်များစွာနှင့် ဖြေကြရသည်။အင်္ဂလိပ်စာကျွမ်းကျင်မှုနှင့် စီးပွားရေးပညာကျွမ်းကျင်မှု တို့ကိုအထူးကြပ်မတ်စစ်ဆေးသည်။
လူပေါင်းရာနှင့်ချီ ၍ ဝင်ရောက်ဖြေဆိုကြသော်လည်း လေး၊ ငါးဦးသာ
အလုပ်ရလေ့ရှိပါသည်။ ဒါတောင်မှ ဆယ်နှစ်တစ်ကြိမ် လောက်သာ ခေါ်ခြင်းဖြစ်သည်။
ကျွန်တော်နှင့်တူလိုသားလိုဖြစ်နေသော တပည့် တစ်ဦး ထိုဌာနသို့ရောက်သွားသည်။ ပြန်တမ်းဝင်အဆင့် ဖြစ်သော ဦးစီးအရာရှိရာထူးနှင့်ဝင်သွားခြင်းဖြစ်သည်။ ယခု ၁၅ နှစ်အကြာမှာ ပြန်တွေ့တော့ သူ့အဆင့်မှာယခင် လိုပင်ဦးစီးအရာရှိပဲဖြစ်နေသေးကြောင်း
သိရသည်။ မင်းတို့ဌာနကလည်း ငါတို့လိုပဲနော်။ ငါလည်းအဲဒီစကား နဲ့နှစ် ၂ဝ
လုပ်ခဲ့ရတာဟုပြောမိ၏။ ဆရာတို့တုန်းက ဖွဲ့ စည်းပုံမရှိသေးလို့
နေရာလပ်မပေါ်တာပါဆရာ။ ကျွန် တော်တို့မှာက ဖွဲ့စည်းပုံရှိပြီးသားလေဟု ဖြေပါ၏။
ရှိ လျက်နှင့်ဘာကြောင့် ရာထူးမတက်ပါသနည်း။ သူ့မှာ ပြစ်ချက်တွေ ရှိလို့လား။
မဟုတ်ပါ။ စီးပွားရေးဘာသာရပ်တွင် ကျွမ်းကျင် လှပြီး
အင်္ဂလိပ်စာလည်း အလွန်တော်သူဖြစ်ရာ တစ်ဌာန လုံးတွင်
သူမရှိလျှင်မဖြစ်သည့်သဘော။ လက်ညွှန်ဟု ခေါ်သော လက်ထောက်ညွှန်မှူးတို့၊
ဒုညွှန်ဟုခေါ်သော ဒုတိယညွှန်ကြားရေမှူးတို့စသည့် ရာထူးများအတွက် ကောင်းကင်ပေါ်မှကျ, ကျလာကြသည်။
အေးပေါ့လေ။ လူတော်တွေဖြစ်မှာပါဟု ဆိုသောအခါ ဆရာရယ်အင်္ဂလိပ် လိုရေးတတ်ပြောတတ်ဖို့ဝေးလို့
ဖတ်တောင်ကောင်း ကောင်းမဖတ်တတ်ပါဘူး။ မြန်မာစာနဲ့တောင် စာချုပ်တွေ၊
ဥပဒေတွေဆိုဘာမှ နားမလည်ပါဘူး။ ဒါကြောင့် ကျွန် တော်ပဲ လုပ်ပေးနေရတာတဲ့။
ဒါဆိုမင်းနိုင်ငံခြားသွားရ မှာပေါ့ ဟုဆိုသောအခါ ခပ်ညံ့ညံ့နိုင်ငံတွေကို
ရက်တို သုံးလေးခေါက်တော့ ရောက်ဖူးပါတယ်။ ခပ်ကြာကြာနေ ရမှာတို့၊
ပိုက်ဆံကောင်ကောင်းရမှာ တို့ကျတော့ သူတို့ ပဲသွားတာပါဆရာဟု ဖြေပါသည်။
အေးလေသူတို့ လည်း တာဝန်ခံတွေပဲဟာ ကောင်းကောင်းလေ့လာခဲ့ရင် ပြီးတာပါပဲဟုပြန်ပြောမိသောအခါ ဆရာရယ် သူတို့ဘာ နားလည်မှာလဲ။ အိပ်ငိုက်ပြီးပြန်လာတာပေါ့။
ဒီပြန် ရောက်ရင် အစီရင်ခံစာတင်ဖို့ ရသမျှစာရွက်တွေစုလာ၊ ပြန်လာတော့
ကျွန်တော်တို့ကို ရေးခိုင်းတာပေါ့။ ဝင်ဆွေး နွေးဖို့လား၊ ဝေးသေးဟုဖြေပါသည်။
ရွှေထည်တွေကိုသာမြင်ပြီး ဘေးလူတွေကိုမမြင် သော လုယက်မှုများပါပေ။ နှစ်လကျော်လောက်က နယ် ထွက်ရင်းဌာနတစ်ခုသို့ရောက်သည်။
ရာထူးကြီးတစ်ခု တွင် ထမ်းဆောင်နေသူမှာ ဤသို့ပင် မိုးကျေရွှေကိုယ်
ဖြစ်နေကြောင်း တွေ့ခဲ့ရ၏။ ပုံမှန်အားဖြင့်ဆိုလျှင် ပါရဂူ ဘွဲ့ရပြီး
သက်ဆိုင်ရာလုပ်ငန်းတွင်ကြာရှည်လေးမြင့်မြှုပ် နှံထမ်းဆောင်ခဲ့သူများသာ တက်ခွင့်ရသောရာထူးမျိုးဖြစ်
၏။ အရင်က ဤနေရာတွင် ထမ်းဆောင်ခဲ့သူမှာလည်း ရုံးထိုင်၍စီမံခဲ့သော
သာမန်ဘွဲ့ရ တစ်ယောက်မျှသာဖြစ် သည်။ ယခုလည်း ဤအတိုင်းပင် မိုးပေါ်ကကျလာပြန်
ပါသည်။ တစ်မိုးလုံးဖျောက်ဆိတ်ဆိုသော စကားကို သတိရ၏။
(၃)
လွှတ်တော်ထဲသို့ဝင်ပြီး ရာထူးကြီးများရသည်အထိ ရည်မှန်းချက်ထားနေသော လူတစ်ဦးနှင့်တွေ့ဆုံမေးမြန်း ချက်တစ်ခုကို ညကပင်ဖတ်လိုက်ရသေး၏။
အခြေခံဥပဒေ နှင့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဘာကွာမှန်းမသိ။ အခန်း (၂)တို့၊ (၈)တို့၊ ၅၉ တို့၊ ၄၃၆ တို့ကို ဘာမှန်းမသိ။
ထိုဥပဒေကိုဖတ်ပင်မဖတ်ဖူးသဖြင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့ဘယ်လိုဖွဲ့ရသည်ဆိုသည်ပင်မသိ။
နိုင်ငံရေးလုပ်စား လျှင် ကိုယ့်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
လောက်ကိုတော့ နောကျေနေဖို့ကောင်းသည်။ ခက်တာ က သူ့လိုအခုမှ
ဝင်ရန်ပြင်နေသူမျိုးမှာသာမက ဝင်ပြီး နေသူ၊ ရာထူးရနေသူများမှာပင် ဤလိုအားနည်းချက်ရှိနေကြ သည်ကို တွေ့နေရခြင်းပင်။
ကြည့်လိုက်လျှင် ရှင်းရှင်းမြင်နေရသည်။ အရင်က လူဟောင်းများ၊
အမိန့်ပေးအုပ်ချုပ်ဌာနမှ လာခဲ့သူများ၊ လူဟောင်းများဖြင့်သာ
အားပြုဖွဲ့စည်းထားသောအဖွဲ့ ဖြစ်နေ၍ ဒီမိုကရေစီ နည်းလမ်းကျအုပ်ချုပ်ရေးနှင့် တရား မျှတစွာ မှန်မှန်ကန်ကန် အုပ်ချုပ်ရေးကိုနားမလည်ကြ။ နားမလည်ချင်ယောင်ဆောင်ပြီး လမ်းဟောင်းအတိုင်း ခပ်အေးအေးရင်ကော့ချီတက်နေကြသည်။ လုပ်ချင်တာ တွေ အမိန့်ပေးအကောင်အထည်ဖော်နေကြသည်။ ဒီမို ကရေစီခေတ်မှာလူထုကိုလေးစားပြီး တရားဥပဒေကို ဦးထိပ်ထားရမည်ဖြစ်ပါလျက်နှင့် ကိုယ်ကျိုးရှေ့တန်းတင် ကာ အဂတိလေးပါးနောက်သို့ မျက်ကန်းတစ္ဆေ မကြောက် လိုက်နေကြမှုများတွေ့နေရသည်။ သူတို့၏လုပ်ရပ်များ ကြောင့် သူတို့အဖွဲ့ကြွေးကြော်ထားကြသော ''စည်းကမ်း ပြည့်ဝသည့်ဒီမိုကရေစီ'' ဆိုသည်မှာ အများကြားကောင်း ရုံသကာရည်လူးထားခြင်းဖြစ် ကြောင်း ပေါ်လွင်လာတော့သည်။
ဘယ်အစိုးရပဲတက်တက် ဝန်ထမ်းကောင်းတွေနှင့် လုပ်ငန်းအောင်မြင်အောင်လုပ်ပေးရန်တာဝန်ကိုယူကြရ ပါသည်။
ဘယ်အစိုးရပဲတက်တက် တိုင်းပြည်ကောင်း စားရေးကိုပဲ ဦးထိပ်ထားရပါသည်။ ကိုယ်ကျိုးရှာချင်လျှင် ကုန်သည်ပွဲစားလုပ်လျှင်လုပ်၊ ဓားပြထွက်တိုက်လျှင် တိုက်။
အခုတော့ ရွှေဆိုင်တွေဝင်ဝင်လုနေကြလို့ လူထုက ဝိုင်းဖမ်းရ၊ ပြောရ၊ ဆိုရတာတွေ တွေ့တွေ့နေရသည်။ သည်လိုပုံနှင့်ကတော့ မိုးကြီးချုပ်ဖို့သာပဲ ရှိပါမည်။
#Democracytoday (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment