Saturday, October 18, 2014

ဥရောပရောက် ဗိုလ်ချုပ်ကြီး ပရာယုဒ်နဲ့ ဆန္ဒပြမှုများ

ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာအတွက် သွားလေရာ လိပ်ကျွန်းအမှု ကိစ္စက နောက်က ကပ်ပါနေတယ်လို့ ပြောရပါလိမ့်မယ်။ 


 ဓာတ်ပုံ- Khaosod

အီတလီနိုင်ငံမှာ ကျင်းပတဲ့ ASEM အာရှ- ဥရောပ ထိပ်သီး အစည်းအဝေးပွဲ တက်ရောက်လာတဲ့ ဗိုလ်ချုပ်ကြီး ပရာယုဒ်ကို မီလန်မြို့မှာ ပြည်ပရောက် ထိုင်းလူမျိုးတွေ၊ အလုပ်သမား အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက စစ်အာဏာသိမ်း အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးကို ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ကြပါတယ်။ 

 ဒီအပြင် မကြာသေးမီက ကမ္ဘာကျော် လိပ်ကျွန်းလူသတ်မှုကိစ္စမှာ ထိုင်းရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပေါ် မကျေနပ်ကြလို့ ကန့်ကွက်ဆန္ဒပြမှုတွေလည်း ပါဝင်ပါသေးတယ်။ 

လန်ဒန်မှာလည်း ဗိုလ်ချုပ်ကြီး ပရာယုဒ်ကို ဗြိတိန်ရောက် ထိုင်းလူမျိုးတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက လိပ် ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေးအပေါ် အယုံအကြည်မရှိ တဲ့ အတွက် အမှုမှန်ပေါ်ပေါက်ရေး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ဖို့ တောင်းဆို ဆန္ဒပြနေကြပါတယ်။ 

အီတလီနိုင်ငံ မီလန်မြို့မှာ ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ကို တည်းခိုရာဟိုတယ်ရှေ့မှာ ထိုင်း အလံတွေ နဲ့ ကြိုဆိုအားပေးတဲ့ ထိုင်း လူမျိုးတဖွဲ့လည်း ရှိတဲ့အကြောင်း မီဒီယာတွေက ထုတ်ဖော်ပြကြ ပါတယ်။ အဲဒါက လည်း အီတလီရောက် ထိုင်းသံရုံးရဲ့ စီစဉ်မှု တခုလို့ သတင်းတွေက ရေးကြပါတယ်။ 




Credit - ဧရာဝတီ ဘလော့ဂ်




 ဓာတ်ပုံများ၊ ဘန်ကောက်ပို့စ်

 

No comments:

Post a Comment