နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာရှ-ဥရောပထိပ်သီးအစည်းအဝေးပွဲ တက်ရောက် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း
စီမံကိန်းများတွင် ဥရောပနိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
===========================================
မီလန်၊ အောက်တိုဘာ ၁၇
အီတလီ နိုင်ငံ မီလန်မြို့တွင်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၁၆ရက် မွန်းလွဲပိုင်း တွင် မီကိုကွန်ဖရင့်စင်တာ၌ကျင်းပ သည့် (၁ဝ)ကြိမ်မြောက် အာရှ-ဥ ရောပထိပ်သီးအစည်းအဝေးဖွင့်ပွဲ
အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထားဝယ်ရေနက် ဆိပ်ကမ်းနှင့်
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းများတွင် ဥရောပနိုင်ငံများမှ
လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ခဲ့သည်။
နိုင်ငံတော်သမ္မတသည် မီကို ကွန်ဖရင့်စင်တာသို့ မွန်းလွဲ ၂နာရီ တွင်
ရောက်ရှိရာ အီတလီနိုင်ငံဝန် ကြီးချုပ် မစ္စတာမက်တေယိုရမ်ဇီ၊ ဥရောပသမဂ္ဂ
ဥက္ကဋ္ဌမစ္စတာဟာမား ဗန်ရွမ်ပွီနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ
မစ္စတာဟိုဆေးမန်နျူရပ်ဘာရိုဆ
ိုတို့ က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ် ဆက်ကြသည်။
(၁ဝ)ကြိမ်မြောက် အာရှ-ဥရော ပထိပ်သီးအစည်းအဝေးဖွင့်ပွဲအ
ခမ်း
အနားကို မီကိုကွန်ဖရင့်စင်တာ Main Conference Hall ၌ ကျင်းပရာဥ ရောပသမဂ္ဂ
ဥက္ကဋ္ဌမစ္စတာဟာမား ဗန်ရွမ်ပွီ၊ လာအိုနိုင်ငံဝန်ကြီးချုပ်
မစ္စတာသွန်ဆင်းသမာဗောင်၊ မွန်ဂို လီးယားနိုင်ငံသမ္မတ မစ္စတာအယ်လ်
ဘတ်ခ်ဒေါ့ဂ်ျဇတ်ခ်ဟီးလ်ယာဒ်
၊
အီ တလီနိုင်ငံဝန်ကြီးချုပ် မစ္စတာမက် တေယိုရမ်ဇီနှင့် မလေးရှားနိုင်ငံဝန်
ကြီးချုပ် မစ္စတာဒါတိုဆရီမိုဟာမက် နာဂျစ်တွန်းရာဇတ်တို့က အမှာစကား
ပြောကြားကြပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက်မျက်နှာစုံညီထိပ် သီးအစည်းအဝေးကို ဆက်လက်ကျင်း ပရာ
အာရှ-ဥရောပစီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍများ၌ပူး ပေါင်းဆောင်ရွက်မှု
တိုးမြှင့်ရေးနှင့် ကမ္ဘာ့ရေးရာ ကိစ္စရပ်များတွင် ဒေသ ကြီးနှစ်ခုအကြား
ယခုထက်ပိုမိုပူး ပေါင်းဆောင်ရွက်ရေးတို့ကို ဆွေး နွေးခဲ့ကြသည်။
အဆိုပါမျက်နှာစုံညီ ထိပ်သီး အစည်းအဝေးတွင် နိုင်ငံတော်သမ္မ တ ဦးသိန်းစိန်က ဒေသနှစ်ခုအကြား စီးပွားရေးပေါင်းစည်းဆက်သွယ
်မှု များ တိုးတက်မြင့်မားစေရန်အတွက် အာရှနှင့်ဥရောပဒေသနှစ်ခုအကြ
ား ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
စည်းမျဉ်းများ ခိုင်မာအားကောင်း အောင် အလေးထားဆောင်ရွက်ရန်
တိုက်တွန်းလိုပါကြောင်း၊ အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ
ဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရ-ပုဂ္ဂ လိကပူးပေါင်းဆောင်ရွက်မှုတို
းမြှင့် ရေးကဲ့သို့သော ပြည်သူများ၏လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ေ
ရးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်စေ
သည့် ပူးပေါင်းဆောင်ရွက်မှုများကိ
ု
အလေးထား မြှင့်တင်ရန်လိုအပ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ဆောင်
ရွက်နေသည့် ထားဝယ်ရေနက်ဆိပ် ကမ်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း
စီမံကိန်းများတွင် ဥရောပနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံရန
် ဖိတ်ခေါ် ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ သည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတ သည် အီတလီနိုင်ငံသမ္မဂျော်ဂျီယို
နာပိုလီတာနိုက Palazzo Real နန်း တော်၌ တည့်ခင်းဧည့်ခံသည့် (၁ဝ)
ကြိမ်မြောက် အာရှ-ဥရောပထိပ်သီး အစည်းအဝေးဂုဏ်ပြုညစာစားပွဲ သို့
အာရှ-ဥရောပထိပ်သီးအစည်း အဝေးဂုဏ်ပြုညစာစားပွဲသို့ အာရှ- ဥရောပနိုင်ငံများမှ
ခေါင်းဆောင် များနှင့်အတူ တက်ရောက်ခဲ့သည်။
ကမ္ဘာ့နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအရ အလွန်အရေးပါ သော
ဒေသကြီးနှစ်ခုဖြစ်သည့် အာ ရှတိုက်နှင့် ဥရောပတိုက်တို့အကြား
ပူးပေါင်းဆောင်ရွက်မှုသည်ဒေသ
ကြီးနှစ်ခုအတွက်သာမက နိုင်ငံတ ကာ အပြန်အလှန်ဆက်သွယ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ
ဆက်စပ်မှုဖြစ်ပေါ် မှုဖြစ်စဉ်တို့အတွက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးမှ
အကျိုးပြု လျက်ရှိသည်။
အဆိုပါ အာရှ-ဥရောပထိပ် သီးအစည်းအဝေးကို
စင်ကာပူနိုင်ငံ မှ ကမကထပြု၍ ၁၉၉၆ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌
ပထမ အကြိမ် ထိပ်သီး အစည်းအဝေးကို ကျင်းပခဲ့ပြီး အာရှ-ဥရောပထိပ်သီး
အစည်းအဝေးကို အာရှတိုက်နှင့် ဥရောပတိုက်ဒေသများတွင် နှစ်နှစ် တစ်ကြိမ်
တစ်လှည့်စီ ကျင်းပခဲ့သည်။
အာရှ-ဥရောပထိပ်သီးအစည်း အဝေးသို့
ဥရောပတိုက်မှ နိုင်ငံပေါင်း (၃ဝ)၊ အာရှဒေသမှ (၁၉)နိုင်ငံ၊ ဥရောပသမဂ္ဂနှင့်
အာဆီယံအတွင်း ရေးမှူးချုပ်ရုံးတို့ ပါဝင်ပြီး စုစုပေါင်း နိုင်ငံ
(၄၉)နိုင်ငံနှင့် အဖွဲ့အစည်းနှစ် ခုတို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရ သည်။
သတင်းစဉ်
#Democracytoday
(ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment