မြန်မာနှစ်ဦးရဲ့ မိဘတွေဟာ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်သို့ ရောက်ရှိလာတာဖြစ်ပြီး ထွန်းသွင် စာသင်တိုက်မှာ တည်းခိုနေတာပါ။ အဲဒီနေ့ ည ၁၂ နာရီ ဝန်းကျင်မှာပဲ ရဲတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က လာစစ်ဆေးခဲ့တာလို့ ဆရာတော် မိန့်ကြားပါတယ်။
“သူတို့က ဘယ်ကလဲ။ ဘယ်သူ့အမိန့်နဲ့ ကျောင်းကို ခေါ်လာတာလဲ” လို့မေးတယ်ဆိုပြီး ဆရာတော်က မိန့်ကြားပါတယ်။
မြန်မာနှစ်ဦးရဲ့ မိဘတွေဟာ ဆရာတော်၏ မွေးရပ်ဇာတိကဖြစ်လို့ ကျောင်းမှာ တည်းခိုခွင့် ပေးတာဖြစ်တယ်လို့ ဆရာတော် ဦးနာဂသေနက မိန့်ပါတယ်။
“သူတို့ စာရိတ္တကိုလည်းသိတယ်။ သူတို့ ပြဿနာ ဖြစ်လာရင်လည်း ရှင်းနိုင်လို့ ခေါ်လာခဲ့တာ။ တကယ် စစ်မယ်ဆိုရင် ရပ်ကွက် သံဃနာယက ပါရမယ်။ ဘယ်မှ မပါဘဲ ဦးဇင်းကို ပုဂ္ဂိုလ်ရေးအရ ကြိမ်းမောင်းတယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။
ထိုင်းမှာ ဖမ်းခံထားရတဲ့ ဝင်းဇော်ထွန်းရဲ့ မိဘနှစ်ပါးနဲ့ ဇော်လင်းရဲ့ အမေဖြစ်သူနဲ့ ဦးလေးဖြစ်သူတို့ဟာ ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်ဖို့ရှိပါတယ်။
Credit - The Voice Weekly

No comments:
Post a Comment