– ဇော်ကိုကိုလတ်ဘုရင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆီးသီးသည်လာရင် မှောက်ကျတာကို စောင့်မနေတော့ဘဲ ဆီးသီးသည် လဲကျသွားအောင်
ခြေထိုးခံ တတ်တဲ့ အဆင့်ကို ရောက်လာ ပါပြီ။ မှောက် ကျလာတဲ့ဆီးသီးတွေကို
အတင်းလုပြီးကောက်စားကြ၊ အိတ်ထဲ ကောက် ထည့်ပြီး ၀ှက်ထားကြနဲ့
“ခွေးဘုရားပွဲတိုး”သလိုပါပဲ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမှန်တော့ ကျုပ်တို့ရွာသာယာက လူတွေဟာ သူများဆီးသီးဗန်းမှောက်ကျ တဲ့အခါမှာ
အတင်းဝင် လုပြီး ကောက်စား တတ်တဲ့ လူတွေနေတဲ့ အရပ်မဟုတ်ပါဘူး။
ဆီးသီးဗန်းရွက်လာတဲ့သူ ခလုတ်တိုက်ပြီး ဆီးသီး ဗန်းမှောက်ကျမသွားအောင်
ကူညီတတ်ကြတဲ့ လူတွေသာဖြစ်ပါတယ်။ အရင်တုန်းကပေါ့။
အခုတော့
ကျုပ်တို့အရပ်မှာက ဆီးသီးသည်လာရင် မှောက်ကျတာ ကို စောင့် မနေေ တာ့ဘဲ
ဆီးသီးသည် လဲကျ သွားအောင် ခြေထိုးခံတတ် တဲ့အဆင့်ကိုေ ရာက် လာပါပြီ။
မှောက်ကျလာတဲ့ဆီးသီးတွေကို
အတင်းလုပြီး ကောက် စားကြ၊ အိတ်ထဲ
ကောက်ထည့်ပြီးဝှက်ထားကြနဲ့ ““ခွေး ဘုရားပွဲတိုး””သလိုပါပဲ။ အချို့သော ဆီး
သီးသည်တွေဆိုရင် တစ်လုံးမှတောင် ပြန်မရတော့တဲ့ အခြေအနေတောင် ဖြစ်ရပါ တယ်။
“on paper” ဆိုတာ ဒီက စဖြစ်လာတာပါ။…
ဆီးသီးလုစားသူတွေဟာ ဘိန်းစား
တွေလိုပဲ။ ““သေဖော်ညှိ””တဲ့အလုပ်ကို လည်း တက်တက်ကြွကြွ လုပ်ပါ တယ်။ အဲဒီ
အလုပ်ကတော့ ဆီးသီးဗန်းမှောက်မ ကျတဲ့နေရာကလူတွေကို ““ဆီးခါးရည်””
အခမဲ့တိုက်ခြင်းပါပဲ။ စားသုံးဖြန့်ဖြူးဆိုပါ တော့။ ဒါကြောင့်
““သူများဆီးခါးရည် သောက်လို့၊ တိုက်လို့မှ ကိုယ်မသောက် ရင်ကိုယ်ပဲ
ငတ်မှာပေါ့””ဆိုပြီး ရွာသာယာ ကလူတွေဟာ ဆီးခါးရည်ကို တိုးပြီး
သောက်လာကြပါတော့တယ်။ ဒါကိုမြင်တဲ့ ပညာရှိတွေက ““ရီးတီးရားတားမလုပ်နဲ့၊
ဆီးသီးနွားစားသွားမယ်””လို့အထာလေးနဲ့ ဆုံးမစကားတွေ ပြောကြရ ပါတယ်။ ဆီးခါး
ရည်သောက်တဲ့လူက အများစုဖြစ်လာတော့ ပညာရှင်တွေလည်း တည့်တည့်မဆုံးမရဲ ကြတော့
ပါဘူး။ သိတယ် မဟုတ်လား။
ရွာသာယာမှာ on paper တို့၊ ဆီးခါး ရည်တို့၊
ဆီးသီးစားတဲ့နွားတို့ ပေါ်လာရတာက လွန်ခဲ့တဲ့ ၅၂ နှစ်တုန်းက ရွာသာ
ယာကိုရောက်လာတဲ့ သားအဖနှစ်ယောက် ကြောင့်ဖြစ်ပါတယ်။ အဖေက လူကြီးလူ
ကောင်းပုံစံနဲ့ တွေ့ရပေမယ့် သူ့သားကတော့ အော့ကြောလန်အလွန်ဆိုးပဲ။ ဒါ
ကြောင့် သူ့ကိုလူတွေက ““ငတေ””လို့ ခေါ်ကြ ပါတယ်။ ငတေဟာ သူများကြက်
ဝက်ဘဲတွေကို လစ်ရင်ခိုးစားသလို သခင်တွေ့ရင်လည်း ဂရုမစိုက်ဘဲ ခပ် တည်တည်
နဲ့စားပါတယ်။ လူငယ်လူရွယ်လေးတွေကို လည်း စည်းရုံးပြီး သူ့လိုလိုက်လုပ်စေပါ
တယ်။ ဆီးသီး သည်လာရင် ခြေထိုးခံပြီး မှောက်ကျတဲ့ ဆီးသီးတွေကို
ဝိုင်းလုစားအောင်လည်း သူကလမ်းပြထားပါတယ်။ လူငယ်တွေဟာ ငတေကြောင့်
လွယ်လွယ်နဲ့ အကောင်းတွေကိုစားနေရတော့ သူတို့ ရဲ့မူလစိတ်နှလုံးဖြစ်တဲ့
ဖြောင့်မတ်ခြင်းတွေ ဟာ မရှိကြတော့ပါဘူး။ ဒါကြောင့် လူကြီး
ပိုင်းပညာရှိတွေစုပြီး ငတေ့အဖေကိုသွား တိုင်ကြ ပါတယ်။ ငတေ့အဖေက ဒီတစ်ခါ
လုပ်ရင် သတ်သာပစ်လိုက်ကြဗျာ။
မိတဆိုးလေးမို့ ကျုပ်ကအလို လိုက်ထား
မိခဲ့တာ ပါ။ အခုလည်း ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ။ ကျုပ်က အရောင်း အ၀ယ်နဲ့
အမြဲသွားနေရ တာဆိုတော့လို့ ပြောပါတယ်။ နောက် မကြာပါဘူး။ ငတေရဲ့
အဖေခရီးသွားနေ တုန်း ဆီးသီးသည်တစ်ယောက်ကို ခြေထိုး ခံပြီး
သူ့သူငယ်ချင်းတွေနဲ့ ၀ိုင်းလုစားတာ မိသွားလို့ ငတေကို သူ့အဖေမှာတဲ့ အတိုင်း
သတ်ပစ်လိုက်ကြပါတယ်။ နောက်မကြာမီ သူ့အဖေပြန် ရောက်လာပါတယ်။ ငတေ
အသတ်ခံရမှန်း သူ့အဖေမသိပါဘူး။ ဒါ ကြောင့် သား ရေလို့ခေါ်လိုက်တော့ သင်္ချိုင်း
ကနေ ခင်ဗျာလို့ ပြန်ထူးပါတယ်။ ပြန်လာ ခဲ့လေသား။ အဖေပြန်ရောက် လာပြီဆို တော့
ငတေဟာ သင်္ချိုင်းတွင်းထဲက ပြန် ထွက်လာခဲ့ပါတယ်။ ဒါကို လူတွေ ကတွေ့ တော့
လန့်သွားတော့ တာ ပေါ့။ ငတေက လည်း ပိုပိုဆိုးလာပါတယ်။ တစ်ခါသေ ဖူးပေ မယ့်
ပြင်ဖို့နားမလည် တဲ့ငတေပါ။ ဒါနဲ့နောက်ဆုံး ငတေ့အဖေကို လူကြီးတွေ က
သွားတိုင်ရပြန်ပါတော့တယ်။ ယခင် သတ်ခဲ့တဲ့အကြောင်းကိုပါ ပြောပြရပါ တယ်။
ဒီတော့ ငတေ့အဖေက ဒီတစ်ခါ ကျုပ်သားဆိုးလို့ သတ်ရင်၊ လေးပိုင်း ပိုင်းပြီး
လေးနေရာမှာ ခွဲမြှုပ်ပစ် ဗျာလို့ပြောပြီး ထုံစံအတိုင်းခရီးထွက်သွားပါတယ်။
ငတေရဲ့ စိတ်နှလုံးထဲမှာ ““နောင်တ”” အသိတရားမရှိလို့ နောင်တရခြင်းငတေ
မဖြစ်ခဲ့ပါဘူး။ သေရွာပြန်ဆိုတဲ့ ဂုဏ်ပုဒ် ကိုသာ သူတန်ဖိုးထားပြီး
ရှေးကထက်ပိုဆိုး လာပါတယ်။ လူငယ်လူရွယ်တင်မကဘဲ လူလတ်ပိုင်း တွေ ကပါ
ငတေကိုအထင်ကြီး လာပြီး ငတေနဲ့ပူးပေါင်းလာကြပါတော့ တယ်။ ဒါကြောင့်
လူကြီးတွေဟာ ငတေ့ ရဲ့ဖခင်ခွင့်ပြုချက်အတိုင်း သတ်ပြီး ရွာ သာယာရဲ့
ထောင့်လေးထောင့်မှာ လေး ပိုင်းပိုင်းပြီး မြှုပ်ပစ်လိုက်ကြ ပါတယ်။ ဒီလို
လုပ်တာကို ငတေ့နောက်လိုက်တွေ က မကျေနပ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငတေရဲ့
နောက်လိုက်တွေက ““အမှားနေ ရာမှာ အမှန်ထား(ခံယူ)”” လို့ဖြစ်ပါတယ်။
ဒါဟာရွာသာယာရဲ့ ရင်လေးစရာ အနာဂတ်ပါပဲ။
ရက်အနည်းငယ်ကြာတော့ ငတေရဲ့
အဖေပြန်ရောက်လာပြီး သူ့သားကိုမတွေ့ တော့ သားရေ၊ လူလေး အဖေ ပြန်လာပြီ ဟေ့၊
မုန့်တွေလည်းပါလာတယ်ကွဲ့။ ပြန် လာတော့လေ ငါ့သားလို့ ခေါ်လိုက်တယ် ဆိုရင်ပဲ
ငတေ ဟာ အကောင်းပကတိနဲ့ ပြန်လာတာကို လူတွေဟာတွေ့ပြီး
အလွန်ကြောက်သွားရပါတော့တယ်။ ဒီတော့ ရွာ သာယာရဲ့ လူကြီးတွေဟာ ငတေ့အဖေကို
ဒီတစ်ခါ ငတေဆိုးရင် ဘယ်လိုလုပ်ရမလဲလို့ သွားမေးကြပါတယ်။ ““ ဒီတစ်ခါဆိုးရင်
ကျုပ်သားကို ချက်ပြီး ခင်ဗျားတို့ ရွာသာ ယာသားတွေ တစ်ယောက်မကျန် ၀ိုင်းပြီး
စားသာစား ပစ်ဗျာ။ ဒါဆိုရင် သူ ပြန်လာလို့ မရတော့ဘူး””လို့ပြောပါတယ်။ ဒါကို
ငတေ့ရှေ့မှာ ပြောတာပါ။ ခက်နေတာက ငတေ့ဆီမှာ နောင်တဆိုတဲ့ဝေါဟာရ မရှိ
လို့မို့ နောင်တရခြင်းကို ငတေဟာ မသိပါ ဘူး။ ဒါကြောင့်ငတေဟာ
မကောင်းမှုအမျိုးမျိုးကို တိုးလို့သာ လုပ်ပါတယ်။ ဒီတစ်ခါ တော့
ငတေကိုအထင်ကြီးလာတဲ့ အထဲမှာ ရွာသာ ယာက ပညာရှိတွေ၊ ပညာတတ်တွေ ပါ
ပါလာပါတော့တယ်။ ဒါကြောင့် လုံခြုံမှု နည်းလာပြီး လူတွေဟာ အထိန်းမရှိတဲ့
သိုးသငယ်တွေကို တောခွေးတွေရဲ့ ကိုက် ဖြတ်စားသောက်ခြင်းခံရသလိုမျိုးနဲ့
ကြုံနေ ရပါတယ်။ ဒီတော့ ရွာသာယာမှာ လူတွေ ဟာ မထူးဇာတ်ခင်းပြီး
ဆီးခါးရည်သောက် သူတွေ များလာပါတယ်။ ရွာသာ ယာရဲ့
ပြယုဂ်ဖြစ်တဲ့““ငြိမ်သက်ချမ်းသာခြင်း”” နေရာမှာ ငတေရဲ့ ““အ,ဓမ္မ””က နေရာဝင်
ယူလာတာကြောင့် ဘယ်ဆီးသီးသည်မဆို တစ်နည်းနည်းနဲ့ ဗန်းမှောက်ကျသွားရ
တော့တာပါပဲ။ တချို့ ဆီးသီးသည်များ ဆိုရင် ဆီးသီးရော ဗန်းပါ ငတေရဲ့တပည့်
တွေက ဖြောင်ပစ်ကြပါတယ်။ ဒီနည်းကို သူတို့ရဲ့ဇနီးသားသမီးတွေက အလွန်ဂုဏ်
ယူကြတာမို့လို့ အပြောင်ရှင်းစနစ်တစ်ခု ရွာသာယာမှာ ခေတ်စားလာရတာပါ။ ဒီ
လိုလုပ်ယူစား သောက်တာကို တရားသော လုပ်အားခလို့ သတ်မှတ်လာပြီး သူတို့ရဲ့
ဇနီးသားသမီး တွေဟာ ကျေနပ်ကြပါ တယ်။ ဒါကြောင့် ရွာသာယာလူတွေဟာ ငတေတို့
သားအဖရဲ့ စကားကို မြေ၀ယ်မကျနား ထောင်ဖို့ အဆင် သင့်ဖြစ်နေကြပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ ငတေရဲ့အဖေခရီး ထွက်သွားပါတယ်။ ငတေဟာ သူ့အဖေ ရှိရင်
လိမ္မာသလိုရှိပေမယ့် သူ့ အဖေခရီး ထွက်သွားရင် ဆတိုးပြီးသောင်းကျန်းလေ့
ရှိပါတယ်။ အခုလည်း ငတေဟာ သောင်း ကျန်းနေပါပြီ။ အဆိုးဆုံးကတော့ သူများ
သားမယားကို တပည့်အားကိုးနဲ့ ယူထားလိုက်သလို တပည့်တွေကလည်း ဆရာ့ အားကိုးနဲ့
ဆီးခါးရည်မသောက်တဲ့ လူတွေကို နှိပ်စက်တာ လူတချို့သေသွားပါတယ်။ ဒါကြောင့်
လူကြီးတွေဟာ တိုင်ပင်ပြီး ငတေရဲ့ အဖေမှာထားတဲ့အတိုင်း ငတေကို
အူမချေးခါးပါမကျန် ဆီနိုင်နိုင်နဲ့ချက်ပြီး တစ်ယောက် မကျန်
ဝိုင်းစားလိုက်ကြပါ တော့တယ်။
နောက်ရက်များ မကြာမီမှာ ငတေ့
အဖေပြန်ရောက်လာပါတယ်။ တစ်လောက လုံးလည်း တိတ်လို့ပေါ့။ ဆရာ ကြီးငတေမှ
မရှိတော့တာကိုး။ ငတေ့အဖေလည်း မော မောနဲ့နားပြီးမှ သူ့သားကိုမတွေ့လို့““သား
ရေ၊ လူလေး ””လို့ခေါ်လိုက်တယ် ဆိုရင်ပဲ ရွာသာယာကလူတွေရဲ့ဗိုက်ထဲကနေ
““ခင်ဗျာ၊ ဖေဖေ””လို့အနယ်နယ် အရပ်က နေ ထူးပါတော့တယ်။ အနယ်နယ်အရပ်ရပ်
ကဆိုတာက ငတေကိုချက်စားပြီး လုပ်ငန်း အသီးသီးနယ် အသီး သီးကို သွားကြလို့ပါ။
ဒီတော့ ငတေရဲ့အဖေက ““အေး ငါ့သား၊ မင်းဟာ အခုမှ ဖေဖေနေစေ့ချင်တဲ့ နေရာ ကို
ရောက်တော့တယ်။ အဲဒီနေရာက သားရဲ့နေရာအမှန်ပဲကွဲ့။ အဲဒီနေရာကနေ လူတွေကို သား
စိတ်ကြိုက်ခိုင်း ပေတော့။ အဖေလည်းပြန်တော့မယ်””ဆိုပြီး ငတေ့ အဖေဟာ
ရွာသာယာကနေအပြီး ပြန်ထွက်သွား ပါတော့ တယ်။ ငတေ့အဖေကို လူ ၂၅ ယောက်က
လိုက်ပို့ပေးကြပါတယ်။ ဒါကို လူတစ်မတ်သားက လိုက်ပို့ ပေးတယ် လို့ ပြောကြတယ်။
ဒါဟာ ရွာသာယာရဲ့ဇာတ်လမ်းမှန် အကျဉ်းလေးပါ။
ကျွန်တော်က ရွာသာယာကို
ငတေတို့သားအဖ မရောက်ခင်တည်းက မွေးဖွား ခဲ့တာဆိုတော့ ဖြစ်စဉ်တွေကို
အကုန်လုံးသိ ထားရသလို အခုလည်း မသေသေးတော့ ဒီအကြောင်းအရာတွေကို လူတွေသုံးသပ်
ပြင်ဆင်နိုင်ဖို့ ရေးသားတင်ပြရခြင်းဖြစ်ပါ တယ်။ ကျွန်တော့်အရွယ်ရှိသူတွေဟာ
ပြန်စဉ်းစားကြည့်မယ်ဆိုရင် ငတေတို့ သား အဖအကြောင်းတွေကို ရင်နာနာနဲ့
ပြန်သတိရမိမှာပါပဲ။ ဒီနေရာမှာ ဆင်ခြင် နှလုံးသွင်းစရာက ကျွန်တော်တို့ဟာ
ကောင်းတာကိုသိရက်နဲ့ လိုက်မလုပ်ကြ ဘဲ မကောင်းတာကိုကျတော့ သိသိကြီးနဲ့
လိုက်လုပ်ကြခြင်း ဖြစ်နေပါ တယ်။ ဒါကိုပြင် ရမှာပါ။ ဒါကိုမှမပြင်နိုင်ရင်
၂၀၀၈ ဖွဲ့စည်း ပုံကိုလည်း ကျွန်တော်တို့ဟာ ပြင်နိုင်ကြမှာ မဟုတ်ပါ ဘူး။
၂၀၀၈ ဖွဲ့စည်းပုံကို ဘာ ကြောင့်ပြင်ချင်ရတာပါလဲ။ အဖြေဟာ ကျွန်တော်တို့ရဲ့
လမ်းမှာ ကျင်းပုန်းတွေရှိ နေလို့ပါ။ ဒါဆိုရင် ဘာဖြစ်လို့ အများစုက
ထောက်ခံမဲပေးခဲ့ရတာလဲ။ အဖြေက ရေ လုံးဝမရှိတဲ့ဖန်ခွက်ထဲကို ရေတစ်ဝက်
လောက်ရောက်လာပြီး တဖြည်းဖြည်းနဲ့ ပြည့်သွားမယ်လို့ ယုံကြည်လို့ပါ။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှု ဟာ အကျိုးမပေးပါဘူး။ ဇာတ်တူသားကို
ဆီရွှဲရွှဲစားထားတဲ့ လူတွေဟာ အီနေလို့ ဆီး သီး(အချဉ်)ကို
ပိုလို့စားလာကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ““ရီးတီးရား
တား””လုပ်ရမယ့် အချိန်မဟုတ်တော့ဘူး ဆိုတာ ပြောချင်ပါတယ်။ ကျွန်တော်တို့
လူလိုသူလို ဘ၀မျိုးနဲ့ ကျန်တဲ့အသက်တာ လေး ကို နေသွားချင်တယ်။ အသက်ကြီးတဲ့
ဆင်၊ ကျွဲ၊ နွားတွေကို မွန်းတိမ်းပြီ လို့ခေါ်တယ်။ အခုကျွန်တော် လည်း
မွန်းတိမ်းနေ ပါပြီ။ ဘာဖြစ်လို့ ကျွန်တော်က တိရစ်္ဆာန်နဲ့ နှိုင်းရသလဲဆိုရင်
နိုင်ရာ(အားကြီးသူ) စားနေတဲ့ ခေတ် ထဲမှာပဲ ဒီကနေ့ရှိနေသေး လို့ပါ။
ကျွန်တော်က ပေါ်တာဆွဲတာ၊ ခြံ မြေတွေ အသိမ်းခံရတာ၊ အ,ဓမ္မ လုပ်အား
ပေးခိုင်းခံရတာ၊ မ၀ရေစာ စားနေရတာ၊ အုပ်စုဖွဲ့ (ဌာနတွင်း)
အနိုင်ကျင့်ခံရာတွေနဲ့ တကယ့်ကိုပဲကြုံ တွေလာခဲ့ ရသူပါ။ ကျွန်တော့်ထက်
များစွာဆိုးတဲ့လူတွေလည်း အများကြီးပဲဆိုတာလည်း အသေအချာ ပါပဲ။
သတိရနေပါသေးတယ်။ ကျွန်တော် ငယ်ငယ်က သင်လာခဲ့ရတဲ့ နှစ်တန်းဖတ် စာထဲက
နွားကြီးပါ။ ချောင်းကမ်း ဘေးမှာ နွားကြီးကို သူ့သခင်က ဟိုဘက်ကူးပြီး
အိမ်ပြန်ဖို့ ပြောတာမရလို့ လက်ဝါးနဲ့ရိုက် ဖို့ရည်ရွယ်ထား တဲ့ပုံ ပါ။
နွားကြီးက ချောင်း ကိုမကူးတဲ့အပြင် သူ့သခင်ကို စောင်းငဲ့ပြီး
ပြန်ကြည့်နေပါသေးတယ်။ ဒါ ရီးတီးရား တား လုပ်တဲ့သခင်ကြောင့် နွားကြီးဟာ
ဆီးသီးစားပြီး သခင်ရဲ့အမိန့်ကို မနာခံတာ လားလို့ အခုတွေးနေမိပါ တယ်။
ဒါဆိုရင် သခင်မှာလည်း အပြစ်ရှိပါတယ်။ ““လက်ဝါးက ရိုက်လို့မနာပါ””။
ရွာသာယာထဲကို ငတေတို့သားအဖ နှစ်ယောက် ရောက်လာခဲ့တဲ့နှစ်ဟာ ရွှေ ရတုကို ၂
နှစ်စွန်းလာပါပြီ။ ရွှေရ တုနှစ်ကို အင်္ဂလိပ်တွေက ““ဂျူဗလီ Jubilee ”” လို့
ခေါ်သလို အစ္စရေးတွေက““ယုဘိလ”” နှစ် လို့ ခေါ်ပါတယ်။ ဒီနှစ်ထဲကို ရောက်လာရင်
လွတ်ငြိမ်းချမ်းသာခွင့် (နှောင်ကြိုးမဲ့)ပေး ခြင်း၊ ပိုင်ရှင်ရှိပစ်္စည်းကို
ပိုင်ရှင်ထံပြန်ပေး ခြင်းဆိုတဲ့ ကောင်းမြတ်တဲ့ လုပ်ဆောင် ချက်တွေကို
လုပ်ရပါတယ်။ ဒါကြောင့် ဒီနှစ်ငါးဆယ်ဟာ ကျွန်တော်တို့ အတွက် ရွှေစင်ဖြစ်တဲ့
ရွှေရတုအမှန်ဖြစ်သင့်ပါပြီ။ ဒီတော့ဘာလုပ်ကြမလဲ၊ အဖြေက ရှင်းပါ တယ်။ ငတေ သား
စားထားတဲ့ ကျွန်တော် တို့က ငတေကို သူ့အဖေဆီ ပြန်ပေးရမှာ ဖြစ်သလို
ဆီးသီးစားထားတဲ့ လူတွေကလည်း ဆီးသီးသည်ဆီ ဆီးသီးတွေပြန်ပေးရမှာပါ။
ကျွန်တော်တို့ ဗိုက်ထဲရောက်နေတဲ့ ငတေရဲ့ခွင်(လုပ်ရပ်)တွေကို လူတိုင်းက
သိနေကြပါတယ်။ ဆက်ပြီးခွင်ချ (လိမ်) မနေပါနဲ့တော့။ ပင်ပန်းတဲ့လုပ်ရပ်ပါ။
ရှက်စရာပါပဲ။ နာလည်း နာစရာပါ။ ရှက်လည်း မရှက်၊ နာလည်း မနာဖြစ်နေရင်တော့
နူနေလို့ပါ။ နူတဲ့လူက ရှက်ကြောရော နာတတ်တဲ့အကြောပါ ပြတ်သွားပြီလေ။
ကျွန်တော် တို့ တိုင်းပြည်မှာ နူနာရောဂါ မရှိတော့ဘူးလို့
တရားဝင်ကြေညာထားပြီးပြီ။ သိပ်ကောင်းတယ်။ ဒီ့ထက် ပို ကောင်းသွားအောင်
““ဆီးခါးရည်မဲ့ တိုင်းပြည်”” လို့ကြော်ငြာနိုင်အောင် ဒီကနေ့လုပ်ဆောင်ကြမယ်။
မြန်မာသံတော်ဆင့်သတင်းဌာန-www.facebook.com/myanmarherald
No comments:
Post a Comment