အဲ့ဒီတုန်းကတော့ ကောင်းသည်ပဲဖြစ် စေ၊ ဆိုးသည်ပဲဖြစ်စေ၊ နိုင်ငံ့ခေါင်းဆောင် တွေ ကတိကဝတ်စာချုပ်စာတမ်းနဲ့ လုပ်ထား တဲ့ကိစ္စဆိုတော့ ပေါက်ဖော်ကြီးတွေလည်း ပြောပြီးစလစ် နံပတ်တစ်နဲ့ပဲ ပွဲသိမ်းခဲ့တယ်။ ပြည်မကြီးက လူတွေကတော့ ပျော်တာပေါ့။ တိန့်ရှောင်ဖိန်ကြီးကဆို မာဂရက်သက်ချာ ကြီးနဲ့ စာချုပ်ချုပ်တဲ့အခါ ပြုံးပြုံးကြီး မင်္ဂလာ ယူပြီး မှတ်သားလောက်တဲ့ဩဝါဒချွေခဲ့
ပေတစ်သောင်းမြင့်တဲ့ သစ်ပင်ပဲ ဖြစ်ပ စေ၊ အရွက်ကြွေရင်တော့ အမြစ်ရှိရာ ပြန် လာရစမြဲပဲတဲ့။
သူတို့ကသာ ပြည်ကြီးမဏ္ဍိုင်ဆိုတော့ မူလရင်းမြစ် ဆွေမျိုးအစစ်ကြီးတွေပါ။ သာ တယ်နာတယ် သဘောမထားပါနဲ့။ ဟောင် ကောင် တရုတ်တစ်ယောက်အနေနဲ့ ပြည်ကြီး တရုတ်တွေရဲ့ မေတ္တာရိပ်အောက်ကို ခိုလှုံရ တာ ကိုယ့်ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုး ရမှာပေါ့။ တောင်တရုတ်ပင်လယ်ကိုတောင် နိုင်ငံတကာနဲ့ အငြင်းပွားပြီး တစ်လက်မ အထိမခံတွန်းလှန်နေတဲ့ တရုတ်ကြီးဟာ ဟောင်ကောင်ကျွန်းကို ဘယ်နည်းနဲ့မှ လက် လွတ်ခံစရာ အကြောင်းမရှိဘူး။ လူဦးရေချင်း ယှဉ်ကြည့်လိုက်ရင် ဥသျှစ်သီး နဲ့ နှမ်းစေ့ လောက် ကွာတယ်။ သူတို့ဘက်က ဟောင် ကောင်သားတွေကို ]ကွန်မြူနစ်လက်အောက် မို့ မပျော်နိုင်ဘူး ထင်ရင်လည်း မနေချင်သွား ပေါ့။ မြေအုတ်တို့ပြိုရင် ကျောက်အုတ်တို့ အစားထိုးဖို့ အသင့်ရှိတယ်} လို့ သဘောထား ကြတယ်။ အဲသည်အခါမှာ သူတို့နှစ်ဦး ပေါင်း စည်းရေးဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးလို့ ဘယ်လိုပြောပြော ယုံနိုင်စရာမရှိ ပါဘူး။
အရင်တုန်းက သူတို့ကြုံတွေ့ရတဲ့ ဒုက္ခ ကတော့ လူဝင်မှုကြီးကြပ်ရေး ပြဿနာပဲ။ ပြည်မကလူတွေက အလုပ်အကိုင် အခွင့်အ လမ်းပိုကောင်းတဲ့ ဟောင်ကောင်ကို အလုအ ယက်လာကြတယ်။ အလုပ်အဆင်ပြေရင် အိမ်ယာထူထောင်ပြီး မိသားစုပါ အခြေချကြ တယ်။ ဟောင်ကောင်မှာ မွေးလာတဲ့ကလေး ဟာ ဟောင်ကောင်ကျွန်းသားဖြစ်ဖို
ဟောင်ကောင်သားနဲ့ ပြည်ကြီးပေါက်ဖော် တို့ကတော့ တရုတ်ချင်းတူပေမယ့် လူတန်း စားချင်းမတူ၊ ယဉ်ကျေးမှုချင်းမတူ၊ အတွေး အခေါ်ချင်း မတူတော့ဘူး။ ဟောင်ကောင် ကျွန်းဟာ အင်္ဂလိပ်လက်အောက်မှာ နှစ်ပေါင်း ဘယ်လောက်ကြာခဲ့သလဲ။ သူတို့ကိုယ်သူတို့ တရုတ်လို့ ခံယူထားရင်တောင် ကွန်မြူနစ်ဝါဒ ကိုတော့ အယုံအကြည်မရှိတာ သေချာတယ်။ ဟောင်ကောင်မှာ အမြစ်တွယ် အခြေကျနေ တဲ့သူတွေဟာ ကွန်မြူနစ်ဝါဒကို ကြောက် လွန်းလို့ ရှန်ဟိုင်းကနေ ထွက်ပြေးလာတဲ့သူ တွေ အများကြီးပါတယ်။ တံခါးပိတ်ထားတဲ့ တရုတ်ပြည်မကြီးမှာ ကြီးတဲ့ကလေးတွေနဲ့ အနောက်တိုင်းနဲ့ ဥဒဟိုဝင်ထွက်သွားလာရာ ဟောင်ကောင်မှာ ကြီးပြင်းတဲ့ကလေးတွေ အ တွေးအမြင်ချင်း ဘယ်လိုမှတူစရာ အကြောင်း မရှိဘူး။
မဆီမဆိုင် မောင်စံဖားကလေးကတောင် ငါတို့ အမိမြန်မာပြည်ကြီးလည်း အနှစ် ၅၀ လောက် နောက်ကျပြီးမှသာ လွတ်လပ်ရေး ရခဲ့မယ်ဆို ဟောင်ကောင်လောက်တော့ တိုး တက်နေမလားပဲလို့ ကျွန်စိတ် သဘောက် စိတ်တွေ တဖွားဖွားပေါ်မိတယ်။ မိဘဘိုးဘွား အသက်သွေးချွေးတွေနဲ့ မျိုးဆက်နှစ်ဆက် လောက် တိုက်ယူလာရတဲ့ လွတ်လပ်ရေးကို တန်ဖိုးမထားသူ အမျိုးသားသစ္စာဖောက်အ ဖြစ် နာမည်ကြီးဦးတော့မှာပဲ။ အမှန်တော့ ဘယ်သူ့ကိုမှ ကျွန်မခံချင်ပါဘူး။ သူ့ကျွန် လည်း မခံချင်ဘူး။ ကိုယ့်ကျွန်လည်း မခံချင် ဘူး။ လူအချင်းချင်း ကျွန်လို သဘောထား တာကိုကို မခံနိုင်ဘူး။ သူ့ကျွန်ရော ကိုယ့် ကျွန်ရော နှစ်တစ်ရာကျော်အောင် ခံလာရလို့ တစ်မျိုးသားလုံး နွံနစ်နေတာကြာပေါ့။
မြန်မာပြည် ဗြိတိသျှနယ်ချဲ့ လက်အောက် မှာတုန်းက ကျွန်ဘ၀ရောက်နေတဲ့ မြန်မာလူ မျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး အဆင့်အ တန်း၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှု စတာတွေဟာ အခု ကိုယ့်မင်းကိုယ့်ချင်းနဲ့ သခင်မျိုးဟေ့ တို့ ဗမာ ဖြစ်လာတဲ့အချိန်မှာ ရှိတဲ့ဟာနဲ့ ဘယ်ဟာ က ဘယ်လိုနေပါလိမ့်လို့ သိမီသူများကို မေး ကြည့်ကြည့်ပါလား။ ကျွန်ပညာရေးစနစ်ကို အလိုမရှိလို့ သပိတ်မှောက် ကန့်ကွက်ခဲ့တဲ့ ကာလကတ္တား တက္ကသိုလ်ရဲ့ လက်အောက်ခံ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပညာတတ်များ ဟာ သည်ကနေ့ ဆိုက္ကားနင်း ပဲပြုတ်ရောင်းပြီး ဆန္ဒဖော်ထုတ်နေသူ တက္ကသိုလ်ဘွဲ့ရ ကျောင်း သားများနဲ့ ဘယ်လိုကွာသလဲလို့ ရှေ့မီနောက်မီ ပညာရေးအကြံပေး မာမီကြီးကို အင်တာဗျူး ချင်လိုက်တာ။ ငွေသော်တာရောင်ခြည် သီချင်း လေး စပ်ပေးရတဲ့ အာဇာနည်ဗိုလ်အောင်ဆန်း တစ်ယောက် ဆရာမလေး မခင်ကြည်နဲ့ ဖူး စာဆုံခဲ့တုန်းက ပြည်သူ့ဆေးရုံကြီးတွေဟာ တော်တော် သာသာယာယာ ရှိမှာပဲနော်။ အခု သူတို့သမီးလေး ဦးဆောင်ပြုပြင်နေတဲ့ ကိုယ်တို့ဆေးရုံကြီးနဲ့ ဘယ့်နှယ့်နေသလဲ။
အင်္ဂလိပ်နယ်ချဲ့တွေဟာ တကယ်ကို စိတ်နာစရာ ကောင်းလှပါတယ်။ တို့အရှင် တို့သခင်တွေကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းသွားပြီး တို့တိုင်းပြည်ရဲ့ သယံ ဇာတအဝ၀ကို ဂုတ်သွေးစုတ် အမြတ်ထုတ် သွားကြတယ်။ ဒါပေသိ သူတို့လက်ထက် တုန်းက လေ့ကျင့်သင်ကြား တာဝန်ထမ်း ဆောင်သွားတဲ့ တောအုပ်တောခေါင်းတွေ၊ မြို့အုပ်ဝန်ထောက်တွေရဲ့ တာဝန်သိမှု တာဝန် ယူမှုတွေကို သည်ကနေ့ ထွေ^အုပ်ကလူတွေ၊ သစ်တောဦးစီးမှူးတွေနဲ့ စည်းချင်းစနစ်ချင်း နှိုင်းယှဉ်ကြည့်ဖို့ အားနာပါတယ်လေ။ ကိုယ့် ဝမ်းနာ ကိုယ်သာသိကြမပေါ့။ အင်္ဂလိပ် ချန် ထားခဲ့တဲ့ မြန်မာ့သစ်တောတွေ အခု ဘယ် လောက်ကျန်နေသေးလည်း မြေပုံပေါ် လက် ညှိုးလေးနဲ့ ပြလို့ရရင် ပြစမ်းပါ။မသေခင်လေး မြင်ဖူးချင်လို့။
တစ်နိုင်ငံလုံး မြေမလှန်ဘဲ တက်သိမ်း သွားတဲ့ အင်္ဂလိပ်ကြီးဟာ ဧရာဝတီမြစ်ကြီးကို တော့ လက်ညှိုးထိုး ရောင်းစားမသွားတာ သူ က အလို့လား၊ ဝယ်မယ့်သူ မပေါ်သေးလို့ လား။ သူ့ခေတ်တုန်းကတော့ လျှပ်စစ်ဓာတ် အားတွေ မပိုသေးဘူး ထင်ပါရဲ့နော်။ မီးပြတ် တယ်တောင် မကြားဖူးဘူး။ တိုင်းတစ်ပါးသား အစိုးရဆိုတော့ ဝံသာနုတွေ၊ မျိုးချစ် ကျောင်း သားတွေကို နှိပ်ကွပ်တဲ့နေရာမှာ လက်သံ ပြောင်တာတော့ ငြင်းမရပါဘူး။ ဒါပေမယ့် ဗိုလ်အောင်ကျော် ကျဆုံးတာ နံပါတ်တုတ် နဲ့ပဲ။ သေနတ်ဒဏ်ရာ မပါဘူး။ ဦးဝိစာရ ပျံလွန်တော်မူတာ အစာငတ်ခံဆန္ဒပြလို့။ မီး သင်္ကန်းကပ်ခံရလို့ မဟုတ်ဘူး။ စကော့တ လန်မှာ တွဲရေးခွဲရေး မဲခွဲတာနဲ့ ကိုယ်တို့ဆီမှာ ခြေ^ဥဆန္ဒခံယူပွဲ လုပ်တာ၊ ရွေးကောက်ပွဲ လုပ်တာတွေနဲ့ တူသလား။ သူများလုပ်တာ ဘာမှမကောင်းဘူး။ ကိုယ်လုပ်သမျှ အကုန် ကောင်းတယ်ဆိုတဲ့ အတ္တစွဲလေး နည်းနည်း လျှော့ပြီး ဘယ်သူက ကိုသာဆိုးလဲ စဉ်းစား ပါဦး။
]ဪဒါဖြင့် မင်းက ကျွန်ပြန်ဖြစ်ချင်တာ ပေါ့လေ။ ဒါပေမဲ့ ကိုယ့်ချင်းကိုယ့်ချင်း ကျွန် ခံရတဲ့ဘ၀ဟာ သူတစ်ပါးဆီ ကျွန်ခံရတဲ့ အဖြစ်ထက် မယှဉ်သာအောင် ပိုဆိုးနေတာက တော့ ကိုယ်တွေ ဘယ်လောက် ခြောက်တုံး မကျသလဲ သဘောပေါက်သင့်ပြီလို့ ပြောချင် တာပါ။ ကိုယ့်တိုင်းသူပြည်သား ကိုယ့်အမျိုး သားအချင်းချင်း အင်္ဂလိပ်နယ်ချဲ့လောက် တော့ ညှာတာဦးမှပေါ့ စေတနာထားဦးမှပေါ့ လို့ စကားနာထိုးချင်တာပါ။ ]ညှာတာသားပဲ လေ။ မင်းမှ မသိတာကိုး။} လို့ ကျောသပ်ရင် သပ် ၁၃ ကျပ်လောက်ပေးပြီး ချွေးလာမ သိပ်နဲ့။ တိုင်းသူပြည်သားများအပေါ် ရန်သူကြီး တွေလို သဘောထားတယ်၊ ပြားနေအောင် နင်းထားမှ ငတ်နေအောင် လှောင်ထားမှ ငါ တို့ နားအေးပါးအေး နေလို့ရမယ်လို့ သဘော ထားတယ်လို့ သိနေတာကြာလှပေါ့။ ပျားရည် နဲ့ ဝမ်းချပေါင်းများလို့ လူလည်းမျော့မျော့ပဲ ကျန်တယ်။
ကိုယ်နဲ့ အတူတူပါပဲ။ ဟောင်ကောင်က လူငယ်ကလေးတွေ သည်ကနေ့မှာ ထီးက လေးတွေဆောင်း၊ လမ်းမထွက်ပြီး မီးခိုးငွေ့ တွေ မျက်ရည်တောက်တောက်ကျအောင် ရှူနေကြရတာဟာ အင်္ဂလန်က ဘျင်မကြီးကို ]ဝမ်းစွေ့ ဝမ်းစွေ့ ဝမ်းဝမ်းစွေ့} လို့ မေဂေါ့ဘ လက်စ်ယူ လုပ်ဖို့ မဟုတ်ပါဘူး။ တရုတ် အစိုးရရဲ့ နောက်ကွယ်က လက်မည်းကြီးနဲ့ ကြိုးကိုင်ချယ်လှယ်မှုတွေကို
ကိုယ်တွေကတော့ ကိုယ့်အတွေ့အကြုံနဲ့ ကိုယ် သည်ကလေးတွေတော့ အနွှာခံရတော့ မှာပဲလို့ ရင်တထိတ်ထိတ် ဖြစ်ရတယ်။ ၈၈ မှာတုန်းက တစ်ပြည်လုံး အုံကြွလာတာတောင် နောက်ဆုံးကျတော့ ကျော်ဟိန်းက ကျော်ဟိန်း ပါပဲ။ အဓိကရုဏ်း နှိမ်နှင်းရေးဆိုတာ ရဲတွေ ကိုပဲ မျက်ရည်ယိုဗုံး သုံးတတ်ရုံ၊ လူစုခွဲတတ်ရုံ လေ့ကျင့်ထားပေးတာ မဟုတ်ဘူး။ နောက် ကွယ်က ကြိုးကိုင်သူတွေ အချင်းချင်း ဉာဏ် နီဉာဏ်နက် ဉာဏ်ဝါဉာဏ်ပြာတွေနဲ့ ဇယား ရွှေ့ကြတယ်။ စပွန်ဆာလာပေးတိုင်း အတိုက် အခံက မမှတ်နဲ့။ ဖျာခင်းဖို့ ပွဲလှန့်သူတွေက အစိုးရထဲမှာလည်း ရှိတယ်။ ဆေးရုံရှေ့ ဆန္ဒ ဖော်ထုတ်လာတိုင်း လူနာနဲ့ လူနာရှင်တွေ မခံမရပ်နိုင်လို့မဟုတ်မှန်း
အင်္ဂလိပ်က လွတ်လပ်ရေးပေးတာ လွယ် သလောက် ကိုယ့်လူမျိုးချင်းကျမှ လှေခွက် ချည့်ကျန် အလံမလှဲတွေနဲ့ တွေ့ရတာ။ ဘယ် လက်ညောင်းရင် ညာလက်ပြောင်းပြီး မသေ မချင်း ဆက်ကိုင်မယ့်သူတွေ။ ဘောင်းဘီနဲ့ ကြည့်မကောင်းရင် ခေါင်းပေါင်းနဲ့ ပြောင်းထိုင် မယ်လေ။ ထိုင်တာတော့ သူတို့ချည့်ပဲထိုင်မှာ။ ဘယ်သူ့ကိုမှ နေရာပေးချင်တာ မဟုတ်ဘူး။ လက်မခံနိုင်လို့ အထွန့်တက်လည်း လူငါး သန်း လက်မှတ်ထိုးထားတောင် ပေါင်ကြား ထဲ မညှပ်လောက်ဘူးလို့ မကြားချင်ယောင် ဆောင်တုန်း။ ဒလန်လေးငါးယောက်လောက် ပီအာရ်အော်တဲ့ အသံကျ တစ်ပြည်လုံးကြား အောင် မိုက်တပ်ပြီး လွှင့်ပေးတယ်လေ။ ]သူ့ ကျွန်မခံပြီ} ဘ၀တုန်းက ၆၃ နှစ်ပဲကြာတယ်။ ]ကိုယ့်ကျွန်မခံပြီ} ကရင် သံသရာဆုံးတိုင် ဖြစ် လိမ့်မယ် ထင်ပါရဲ့။ ဘိုးတော်များ စုတေစိတ် ကျရင်တောင် တိဘက်ဘုန်းကြီးများလို ]ငါ ဟိုနားလေးမှာ သွားဝင်စားမယ်။ ငါ့လိုက်ရှာ ပြီး နန်းတင်ကြ။} လို့ ဗျာဒိတ်ချွေမသွားတာ ကံကောင်း။ (လူပြန်မဖြစ်တာ သေချာလို့ နေမှာပေါ့နော်) ဒါထက်စကားမစပ် ဒီမိုကရေစီ ရရှိရေးကို တရုတ်လို ဘယ်လိုပြောသလဲမသိဘူးဗျ။ အဘိဓာန်ထဲမတော့ ပါကောင်းပါရဲ့လေ။
ငွေစန်းရောင်
Credit - The Ladies News Journal

No comments:
Post a Comment