ရန်ကုန်၊ အောက်တိုဘာ ၁၁
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ
(ယာယီ) အဖွဲ့တို့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံမည်
ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ထံမှ စုံစမ်းသိရှိရသည်။
ကာကွယ်ရေးဦးစီးချုပ်နှင့် စာနယ်ဇင်းကောင်စီတို့ အင်္ဂါနေ့တွင် တွေ့ဆုံရန်
စီစဉ်နေခြင်း ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် တပ်မတော်နှင့် မီဒီယာ
ဆက်ဆံရေးကိစ္စရပ်များ အဓိက ဆွေးနွေးဖွယ်ရှိကြောင်း စာနယ်ဇင်းကောင်စီဝင်
ဦးဇော်သက်ထွေးက ပြောဆိုသည်။
“အဓိကတော့ တပ်နဲ့ မီဒီယာ ဆက်ဆံရေးကိစ္စရယ်၊ နောက် ယူနတီဂျာနယ်လို ကိစ္စတွေလည်း ဆွေးနွေးဖြစ်လိမ့်မယ်” ဟု ၎င်းကရှင်းပြသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးရဲထွဋ် တာဝန်ယူအပြီး
မီဒီယာနှင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင်သုံးရပ်
တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲအပြီး အစိုးရ ဝန်ကြီးဌာနများ တစ်လတစ်ကြိမ်
သတင်းစာရှင်းလင်းပွဲများ ပြုလုပ်မည်ဟု ပြောဆိုသော်လည်း ကာကွယ်ရေး
ဝန်ကြီးဌာနကမူ ခွင့်ပြုချက် တောင်းခံရန် လိုအပ်မည်ဖြစ်၍
သတင်းစာရှင်းလင်းပွဲ လုပ်/မလုပ် ပြောဆိုခြင်း မရှိကြောင်း ဆွေးနွေးပွဲမှ
စုံစမ်းသိရှိရသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နဲ့ သတင်းမီဒီယာများ တစ်ကြိမ်တစ်ခါမျှ
သီးသန့်တွေ့ဆုံဖူးခြင်း မရှိဘဲ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တပ်မတော်ဆိုင်ရာ
သတင်းများ ရယူရေးသားရာတွင်လည်း အမြဲတစေ ခက်ခဲလေ့ရှိကြောင်း သတင်းမီဒီယာ
အဖွဲ့အစည်းများက ပြောဆိုသည်။
Credit - The Voice Weekly
No comments:
Post a Comment