ဆူဇူကီးခြေစစ်ပွဲတွင် မြန်မာ့လက် ရွေးစင်အသင်း ပွဲဦးထွက်ပွဲစဉ်အ ဖြစ် တီမောအသင်းနှင့်ပွဲစဉ်ကို အောက်တိုဘာ ၁၄ရက် မြန်မာစံတော် ချိန် ညနေ၆နာရီတွင် ယှဉ်ပြိုင်က စားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအတွက် မြန်မာ့ လက်ရွေးစင် အမျိုးသားဘောလုံး အသင်းကို လက်ရွေးစင်ကစားသ မား (၂၁)ဦးဖြင့် ရွေးချယ် ဖွဲ့စည်း ထားပြီး မြန်မာအသင်းသည် ပွဲဦး ထွက်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၄ရက်တွင် တီမော၊ အောက်တို ဘာ၁၆ရက်တွင် ဘရူနိုင်း၊ အောက် တိုဘာ ၁၈ရက်တွင် ကမ္ဘောဒီးယား ၊အောက်တိုဘာ၂ဝရက်တွင် လာ အိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ထို့အပြင် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အေဗရာမိုဗစ် က ဆူဇူကီးခြေစစ်ပွဲအောင်မြင် မည်ဖြစ်ကြောင်း ဗီယက်နမ်တွင် ပြု လုပ်ခဲ့သည့် အုပ်စုမဲခွဲပွဲတွင် ပြည်ပ မီဒီယာများကို ထုတ်ဖော်ပြောကြား ခဲ့ပြီး ဆူဇူကီးခြေစစ်ပွဲဝင်မည့် မြန် မာ့လက်ရွေးစင်အသင်း၌ ဝါရင့် လက်ရွေးစင်ကစားသမားများကို သာ ပြန်လည်ရွေးချယ်ခဲ့သော် လည်း ကျော်ဇေယျာဝင်းမှာ ဒဏ်ရာ ပြဿနာရှိနေသည့်အတွက် မကွေး အသင်းနှင့် ခြေစမ်းပွဲတွင် မပါဝင် နိုင်ခဲ့ဘဲ အပြီးသတ်လက်ရွေးစင် ရွေးချယ်ရာတွင်လည်း မပါဝင်ခဲ့ပေ။
လက်ရွေးစင်(၂၁)ဦးရွေးချယ် ရာတွင် မြန်မာအသင်းနှင့်ဒဏ်ရာ ပြဿနာကြောင့် ကိုးလကြာ ဝေး ကွာနေသည့် ကြည်လင်းပြန်လည် ပါဝင်လာပြီး ဝါရင့်ကစားသမား တစ်ဦးဖြစ်သူ ရန်ပိုင်မှာလည်း အ ပြီးသတ်လူစာရင်းတွင် ဆက်လက် ပါဝင်ခဲ့သည်။
ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် လတတိယပတ်အတွင်း အာရှဘော လုံးအဖွဲ့ချုပ် လက်အောက်ခံ အာ ရှချန်ပီယံလိဂ်ပြိုင်ပွဲကျင
ဆူဇူကီးဖလားနောက်ဆုံးအ ဆင့် အုပ်စုပွဲစဉ်များကို မဲနှိုက်ရွေး ချယ်ထားပြီးနောက်
အုပ်စု(က)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နှင့် ခြေစစ်ပွဲဒုတိယနေရာမှ အောင် မြင်သည့်အသင်းတို့ ယှဉ်ပြိုင်က စားရမည်ဖြစ်ပြီး၊
အုပ်စု(ခ)တွင်စင် ကာပူ၊ မလေးရှား၊ ထိုင်းအသင်းနှင့် ခြေစစ်ပွဲ ပထမနေရာမှ အောင်မြင် သည့်အသင်းတို့ ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။
NTL
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group

No comments:
Post a Comment